Wednesday, March 12, 2025
Sunday, July 23, 2023
ဘင်္ဂလားဒေ့ရှ်ရဲ့ ညလုံးပေါက်စစ်ဆင်ရေးမှာ အာဆာအဖွဲ့ ဝင်တွေ ဖမ်းမိ
BBC
၂၃ ဇူလိုင် ၂၀၂၃,
ကော့ဆက်ဘဇားခရိုင်မှာ ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့တွေက ညလုံးပေါက်ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ အာရကန် ရိုဟင်ဂျာလွတ်မြောက်ရေးတပ်(အာဆာ) အဖွဲ့က တပ်မှူးတစ်ဦးအပါအဝင် ခြောက်ဦးကို ဖမ်းမိထားတယ်လို့ ဘင်္ဂ လားဒေ့ရှ်ဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
ကောက်ဘဇားခရိုင်ထဲက ရှမ်လာပူအရပ်မှာရှိတဲ့ တောင်ကုန်းတစ်ခုကို သောကြာနေ့ကနေ စနေနေ့မနက်ပိုင်း အ ထိ စီးနင်းရှာဖွေခဲ့တဲ့အဲဒီစစ်ဆင်ရေးမှာ အာဆာအဖွဲ့ဝင်တွေအပြင် လက်နက် ၇ လက်၊ ကျည်တွေနဲ့ ငွေတွေကိုပါ ဖမ်းမိခဲ့တာလို့ သိရပါတယ်။
Friday, June 7, 2019
AA ကို ထိရောက်တဲ့စစ်ဆင်ရေးလုပ်ဖို့ သမ္မတရုံးက ညွှန်ကြားထား
Photo: Thiha Tun/RFA
ရခိုင်ပြည်နယ်က AA ရခိုင်အဖွဲ့နဲ့ တိုက်ပွဲတွေမှာ ထိရောက်တဲ့ သောင်းကျန်းမှုနှိမ်နှင်းရေး စစ်ဆင်ရေး အ တွက် လိုအပ်တဲ့ အင်အားကို အသုံးပြုဖို့နဲ့ လိုအပ်ရင် ရဟတ်ယာဉ်တွေပါ အသုံးပြုဖို့ သမ္မတရုံးက တပ်မတော်ကက ကြည်းကို ညွှန်ကြားထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့ ပြောကြားလိုက်ပါ တယ်။