Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Sunday, August 15, 2021

ရခိုင်သို့ ဗမာပြည်မဘက်က ကားဖြင့်ဝင်လာသူ မူဆလင် အမျိုးသမီးတစ်ဦးအပါအဝင် (၈)ဦး အမ်းဂိတ်တွင် ဖမ်းဆီး ခံရ

နိရဉ္စရာ၊ 
သျှင်မင်းဇံ
သြဂုတ် ၁၃/၂၀၂၁
 

ရခိုင်သို့ ပြည်မဘက်က ကားဖြင့် ဝင်ရောက်လာသည့် အထောက်အထားမဲ့ ဝင်လာသူ မူဆလင်အမျိုးသမီး တစ်ဦးနှင့် အမျိုးသားခုနှစ် ဦးတို့ကို အမ်းမြို့ ၊ ပဲပဒုံးပူပေါင်းစစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့ များ၌ အသီးသီးဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။
 
ဖမ်းဆီးခံရသူများအထဲမှ ပထမ၄ ဦးမှာ သြဂုတ်လ ၈ ရက်နေ့ ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့မှာ မင်းပြားမြို့နယ်၊ ဟာ ရပိုင်ကျေးရွာက အဒူဂေါ်ဖူး (၂၃နှစ်) ၊ မာမွတ်တော်ကီ (၂၅နှစ်)၊ အဒူရာမန်(၃၈နှစ်) သုံးဦးနှင့် နောက်တစ် ဦး မှာ မြောက်ဦးမြို့နယ် ရှမ်းတောင်ကျေးရွာက မိုဟာမွတ်ဆာ (၂၆) တို့ ဖြစ်ကြသည်ဟု သိရသည်။
 

Friday, March 23, 2018

( 23.03.2018 ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်

မတ် ၂၃၊ ၂၀၁၈

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်းချက်အရ နှစ်နိုင်ငံလုံခြုံရေး တပ်ဖွဲ့ဝင်များသည် ကုန်းမြေ နယ် နမိတ်တွင် Coordinated Patrol ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှစတင်၍ဆောင်ရွက်ခဲ့ရာ ဖေဖော် ဝါရီလ ၂၆ ရက်ထိ နယ်ခြား မှတ်တိုင် ၄၂ မှ ၅၅ ထိ (၁၄)ကြိမ် လှည့်ကင်းဆောင်ရွက်နိုင်ခဲ့သည်။

Tuesday, October 18, 2016

( 18.10.2016 ) ရခိုင်အရေး ဘယ်လို ကိုင်တွယ် ဖြေရှင်းသင့်သလဲ

မောင်တော ဒေသ အခြေအနေ တည်ငြိမ်လာနေပြီလို့ ရခိုင်ပြည်နယ် အစိုးရက ပြောပါတယ်။
တပ်မတော် နဲ့ ရဲတပ်ဖွဲ့က နယ်မြေ ရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေပြီး ကျေးရွာ တွေမှာ အပြည့်အဝ လုံခြုံရေး ယူထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။


နယ်ခြားစောင့် တပ်စခန်းတွေကို တိုက်ခိုက်ပြီး ယူသွားကြတဲ့ လက်နက်တွေ ကတော့ ပြန်မရ သေးဘူးလို့ သူက ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */