Myanmar Now
December 12, 2023
နေပြည်တော်မှ စစ်ဗိုလ်ချုပ်များထံ ဆယ်စုနှစ်နှင့်ချီကြာ သစ္စာခံခဲ့ကြသည့် ကိုးကန့်လက်နက်ကိုင်ခေါင်း ဆောင် များကို ဖမ်းဆီးပေးရန် တရုတ်အစိုးရ၏တောင်းဆိုမှုက စစ်ကောင်စီအတွက် အကျပ်ရိုက်စရာဖြစ်လာခဲ့သည်။
တရုတ်အစိုးရသည် ကျားဖြန့်လောင်းကစားသံသယဖြင့် ကိုးကန့်အုပ်ချုပ်ရေးခေါင်း ဆောင်ဟောင်းများ ဖြစ်ကြ သည့် ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းနှင့် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက် တို့အပါအဝင် လောက်ကိုင်မှ လူ ၁၀ ဦးကို ယမန်နေ့က ဖမ်းဝရမ်းထုတ်ခဲ့သည်။