Showing posts with label ရိုဟင်ဂျာဒုက္ခသည်စခန်း. Show all posts
Showing posts with label ရိုဟင်ဂျာဒုက္ခသည်စခန်း. Show all posts

Sunday, March 23, 2025

ARSAနှင့် RSO ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ဟု Fortify Rights ထုတ်ပြန်

လူထုနွေဦး
အီယိုရီ/People’s Spring 

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိင်ငံရှိ ရိိုဟင်ဂျာဒုက္ခသည်စခန်းများတွင်စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အစီရင်ခံစာထုတ်ပြန်ခဲ့

အာတာအူလာ နှင့် အာဆာ ​အဖွဲ့ဝင်များကို ရုံးထုတ်လာစဥ်။ဓါတ်ပုံ-risingbd

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိိုင်ငံရှိ ရိိုဟင်ဂျာဒုက္ခသည်စခန်းများတွင်စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

Wednesday, March 12, 2025

ကုလအတွင်းရေးမှူးချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်အကြီးအကဲတို့ ရိုဟင်ဂျာဒုက္ခသည်စခန်းသွားမည်

VOA
VOA Burmese
၁၂ မတ်၊ ၂၀၂၅ 
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres.
 
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ဟာ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အကြံပေး Muhammad Yunus နဲ့အတူ မတ်လ ၁၄ ရက်၊ သောကြာနေ့မှာ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခ သည်စခန်းတွေကို သွားရောက်မှာဖြစ်ကြောင်း Muhammad Yunus ရဲ့ လက်ထောက် ပြောခွင့်ရ Abul Kalam Azad Majumder က ပြောပါတယ်။

Friday, February 28, 2025

ကုလအကြီးအကဲ ရိုဟင်ဂျာဒုက္ခသည်စခန်း သွားမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ 
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ( February 24, 2025 )
 
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ဟာ မွတ်စလင်ဥပုသ်လ ရာမဒန်ကာလ ခရီးစဉ်အဖြစ် မတ်လ ၁၃ ရက်ကနေ ၁၆ ရက်အထိ ဘင်္ဂလာဒေ့ရှ်ကို လာရောက်မှာ ဖြစ်ကြောင်း အတွင်း ရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Monday, February 24, 2025

ကုလအတွင်းရေးမှူးချုပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်မည်

RFA
RFA Burmese
2025.02.23
 

၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ရုရှားနိုင်ငံတွင် ကျင်းပသည့် BRICS ညီလာခံ တက်ရောက်လာသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres)။ Photo: Reuters

Wednesday, December 25, 2024

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု လူ ၂ ဦးထက်မနည်း သေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ ဒီဇင်ဘာ၊ ၂၀၂၄ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားဒေသ ရိုဟင်ဂျာတွေနေထိုင်ရာကူတုပလောင်ဒုက္ခသည်စခန်းမီးလောင်ထားတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၄/ဓာတ်ပုံ Courtesy Photo)
ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar မှာရှိတဲ့ Kutupalong ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မနေ့ ဒီဇင် ဘာလ (၂၄) ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာမှာ အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေအထဲမှာ ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။

Sunday, December 22, 2024

ရိုဟင်ဂျာဒုက္ခသည်စခန်း အသည်းရောင်ရောဂါ ထိန်းချုပ်ရေး EU ကူညီ

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၂ ဒီဇင်ဘာ၊ ၂၀၂၄ 
ဘင်္ဂလားဒေ့ရှ်၊ ကော့(စ်)ဘဇားမြို့အနီးက ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ စျေးတခု မြင်ကွင်း။ နိုဝင်ဘာ ၂၂၊ ၂၀၂၄ ခုနှစ။ ဓာတ်ပုံ - REUTERS/Mohammad Ponir Hossain

ရိုဟင်ဂျာ ဒုက္ခသည်တွေ အများအပြား ခိုလုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းတွေထဲမှာ Hepatitis C အသည်းရောင်အသားဝါ ရောဂါ ပြန့်နှံ့ဖြစ်ပွားနေတာကို ထိန်းချုပ်ဖို့ ဥရောပသမဂ္ဂ EU က ယူရိုငွေ ၁ သန်း ကူညီမယ့်အကြောင်း ဥရောပကော်မရှင်က သောကြာနေ့က ထုတ်ပြန်ပါတယ်။

Monday, November 25, 2024

"ရိုဟင်ဂျာဒုက္ခသည်စခန်းထဲကနေ ရိုဟင်ဂျာစစ်သားတွေမွေးထုတ်" ရိုက်တာအစီရင်ခံစာ

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၂၆ နိုဝင်ဘာ၊ ၂၀၂၄ 

ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်း (မေ ၂၄၊ ၂၀၂၄)

ရိုဟင်ဂျာ ဒုက္ခသည် စခန်းဟာ ရိုဟင်ဂျာစစ်သားတွေကို မွေးထုတ်ပေးရာ နေရာဖြစ်နေတယ်လို့ ရိုက်တာ သတင်း ဌာနက နိုဝင်ဘာ ၂၅ ရက်နေ့ က ရေးပါတယ်။ အရက္ခတပ်တော် AA ကို တိုက်နေကြတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ ဒုက္ခသည်စခန်းတွေကနေ တိုက်ခိုက်ရေး စစ်သည် ၃၀၀၀ ကနေ ၅၀၀၀ အထိ စုဆောင်းပြီးသွားပြီလို့လည်း ရိုက်တာက ဆိုပါတယ်။ အကူအညီပေးရေး အဖွဲ့အစည်းတွေက လုံခြုံရေးဆိုင်ရာ အဖွဲ့တွင်းအစီရင်ခံစာနှစ်စောင်ကို ရိုက်တာကရယူ သုံးသပ်ခဲ့သလို၊ လူ ၁၈ ဦးကိုလည်း ရိုက်တာက အင်တာဗျူးမေးမြန်းခဲ့ပြီး အခုလို ရေး သားဖော်ထုတ်ခဲ့တာပါ။

Tuesday, July 30, 2024

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ရေကြီးနစ်မြုပ်တာကြောင့် အိမ်ထောင်စုနှစ်ရာကျော် ရေဘေးသင့်

RFA
RFA Burmese
2024.07.30 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် ဘာလူခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ရေကြီးရေလျှံဖြစ်နေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ Ro Yassin Abdumonab


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်က ဘာလူခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ရေကြီးနစ်မြုပ်နေပြီး နေအိမ်နှစ်ရာကျော် ရေဘေးသင့်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

Saturday, June 1, 2024

ရိုဟင်ဂျာဒုက္ခသည်စခန်းများသည် နိုင်ငံတကာ အကြမ်းဖက်သမားများ၏ အချက်အချာ နေရာများဖြစ်လာရန် အရိပ်အယောင်တချို့တွေ့ရဟု ဘင်္ဂလာပြည်ထဲရေး ဝန်ကြီးပြောကြား

နိရဉ္စရာ
ဇွန် ၁/၂၀၂၄ 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသည် နိုင်ငံတကာ အကြမ်းဖက်သမားများ၏ အချက်အချာ နေရာများဖြစ်လာရန် အရိပ်အယောင်တချို့တွေ့ရဟုဘင်္ဂလာ ပြည်ထဲရေး ဝန်ကြီး Asaduzzaman Khan ပြောကြောင်း Bdnews24 တွင် သတင်းဖော်ပြသည်။

Friday, May 24, 2024

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ခြေ ၂ဝဝ ကျော် မီးလောင်

RFA
RFA Burmese
2024.05.24 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မေလ ၂၄ ရက်နေ့က အိမ်ခြေ ၂ဝဝ ကျော် မီးလောင်ပြာကျသွားပြီး လူ ၅ဝဝ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

Tuesday, April 23, 2024

ရိုဟင်ဂျာဒုက္ခသည်စခန်းနှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၁၀၀ ခန့် သေဆုံး

DVB
April 23, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ အခုသီတင်း ပတ်တွေအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တာကြောင့် ကလေးငယ်တွေ အပါအဝင် လူ အယောက် ၁၀၀ လောက်သေဆုံးခဲ့ရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံထံက သိရပါတယ်။

Monday, January 8, 2024

လူထောင်ပေါင်းများစွာအိုးအိမ်မဲ့ခဲ့ရသောရိုဟင်ဂျာဒုက္ခသည် စခန်း မီးလောင်မှု

Myanmar Now
AFP
January 8, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၇ မနက်အစောပိုင်းက မီးလောင်မှု ကြောင့် အိမ်ခြေ ၈၀၀ကျော် ပျက်စီးသွားပါတယ်။ ကူတူပါလောင်စခန်း အမှတ် ၅ က အဲ့ဒီမီးလောင်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။ ၂၀၁၇ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကြောင့် ရခိုင် ပြည်နယ်က ရိုဟင်ဂျာတွေ လူသန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရကာ နိုင်ငံမဲ့ဘဝနဲ့ ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ နေထိုင်ရင်း အခုလို ဘေးအန္တရာယ်တွေနဲ့လည်း မကြာခဏ ကြုံတွေ့ နေ ရပါတယ်။ 

Sunday, January 7, 2024

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေ ၁၀၀၀ ကျော်ပျက်စီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၇ ဇန်နဝါရီ၊ ၂၀၂၄ 

Rohingya refugees watch a fire blaze through their refugee camp at Kutupalong in Cox's Bazar district, Bangladesh, Jan. 7, 2024.

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Cox's Bazar ခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မီးအကြီးအကျယ်လောင်ကျွမ်း မှုကြောင့် ယာယီခိုလှုံရာ အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့ပြီး၊ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဒေသခံမီး သတ်ဌာနနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ Kutupalong ဒုက္ခသည်စခန်းမှာ မနေ့ ည သန်းခေါင်လောက်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာမှာ လေပြင်းတိုက်ခိုက်မှုကြောင့် အလျှင်အမြန် မီးကူးစက် ခဲ့ရကြောင်း ဒေသခံမီးသတ်ဌာန အကြီးအကဲ Shafiqul Islam ကို ကိုးကားပြီး AP သတင်းက ဖော်ပြ ခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမီးရှို့ခံရပြီး အိမ်ခြေ ၁၀၀၀ ကျော် ဆုံးရှုံး

DVB
January 7, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇန်နဝါရီ ၇ ရက် မနက်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု မီးရှို့ခံရပြီး အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဆီကနေ သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းမီးလောင်၊ လူပေါင်း ခုနစ်ထောင် ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

RFA
RFA Burmese
2024.01.07 

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းနေသည့် မြင်ကွင်း။ Photo: UNHC

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီလ ၇ ရက် ဒီကနေ့ မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေ ၈၅ဝ လောက် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo: UNHCR

လူတွေအိပ်မောကျနေချိန် မနက်အစောပိုင်း တစ်နာရီလောက်မှာ အမှတ် (၅) ဒုက္ခသည်စခန်းကနေ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက်လေးနာရီကျော်မှာမှ မီးထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၈၅ဝ ကျော် လုံးဝမီးလောင်ပျက်စီးသွားတာကြောင့် ဒုက္ခသည်ပေါင်း ၇ဝဝဝ ကျော်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကထုတ်ပြန်ပါတယ်။

Photo: AFP
ဗလီတွေ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ၊ အိမ်သာ ရေချိုးဆောင်တွေ အပါအဝင် ဒုက္ခသည်တွေအတွက် ဆောက်ပေးထားတဲ့ အဆောက်အဦပေါင်း ၁၂ဝ ကျော်အပြင် မီးသွယ်တန်းထားပေးတဲ့ ဆိုလာပြားတွေလည်း မီး ထဲပါသွားတယ်လို့ ဆိုပါတယ်။

ကုတုပါလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က "ဒုက္ခသည်တွေအားလုံး လက်ရှိတော့ မီးလောင်ပြင်မှာပဲ နေ နေ တယ်။ တချို့ကတော့ အနီးနားမှာရှိတဲ့ ဒုက္ခသည်စခန်းက ဆွေမျိုးတွေအိမ်မှာနေနေကြတယ်။ အခုတော့ သူတို့မှာ အမိုးအကာမရှိ၊ စားစရာလည်းမရှိ၊ ဆန်ရရင်တောင် ချက်စရာမရှိတော့ဘူး" လို့ RFA ကိုပြောပါတယ်။
Photo: Citizen Journalist
ကနဦးသတင်းတွေအရ ထိခိုက်ဒဏ်ရာရတဲ့သူနဲ့ သေဆုံးတဲ့သူမရှိသေးဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေသန်းနဲ့ချီနေနေတဲ့ ကော့ဘဇားက ဒုက္ခသည်စခန်းဟာ ကမ္ဘာပေါ်မှာအကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပါတယ်။ အဲဒီဒုက္ခသည်စခန်းမှာတဲအိမ်တွေကြား အစုလိုက်အပြုံလိုက်နေနေရတာကြောင့် မကြာခဏမီးလောင်လေ့ရှိပါတယ်။

Link: Here

Monday, December 18, 2023

ပေါက်တောက ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်း အကူ အညီမရလို့ စားဝတ်နေရေးခက်ခဲနေ

RFA
RFA Burmese
2023.12.18
 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ ကလေးငယ်တစ်ဦးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist 
 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နိုင်ငံတကာအ ဖွဲ့အ စည်း တွေရဲ့ အကူအညီလည်း မရသလို၊ စခန်းအပြင်ကိုပါ သွားလာလို့မရတာကြောင့် စားဝတ်နေ ရေး ခက် ခဲနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက RFA ကို ဒီနေ့ ပြောပါတယ်။

အဲဒီငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်း (၁) နဲ့ စခန်း (၂) မှာ အိမ်ထောင်စု နှစ်ထောင်ကျော်၊ လူဦး ရေ တစ်သောင်းကျော် ခိုလှုံနေတာပါ။

Thursday, October 5, 2023

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အာဆာအသတ်ခံရတဲ့ တပ်ခွဲမှူးအပါအ၀င် ၂ ဦး သေဆုံး၊

Ukhia သတင်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 4 ရက်၊ 2023 ခုနှစ်၊ မွန်းလွဲ 1:27 နာရီ ( BD အချိန် )

ကော့ဘဇားရှိ Ukhiya Rohingya စခန်းတွင် Arakan Rohingya Salvation Army (ARSA) နှင့် Rohingya Solidarity Organization (RSO) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ လက်နက် ကိုင် ရဲတပ်ဖွဲ့ တပ်ရင်း (APBN) မှ အဖွဲ့ နှစ်ဖွဲ့မှ အဖွဲ့ဝင် နှစ်ဦး ပစ်ခတ် သတ်ဖြတ် ခံခဲ့ရကြောင်း သိရ သည်။

Wednesday, September 27, 2023

ကုလလက်ထောက်အတွင်းရေးမှူးချုပ် ရိုဟင်ဂျာဒုက္ခသည် စခန်း သွားရောက်ကြည့်ရှု

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၇ စက်တင်ဘာ၊ ၂၀၂၃

ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Unaisi Lutu Vuniwaqa ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ဒီကနေ့(စက်တင်ဘာ ၂၇) သွားရောက်ခဲ့ပါတယ်။ ဒုက္ခသည်စခန်းအတွင်းက အခြေအနေတွေကို စောင့်ကြည့် တာဝန်ယူနေကြတဲ့ ဒုက္ခ သည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးဆိုင်ရာ ကော်မရှင်နာ Mizanur Rahman က ပြောပါတယ်။

Sunday, May 21, 2023

မုန်တိုင်းသင့် သက္ကေပြင်ရိုဟင်ဂျာဒုက္ခသည်စခန်း ကိုယ်ထူ ကိုယ်ထ ပြန်ပြင်နေရ

RFA
RFA Burmese
2023.05.21
စစ်တွေမြို့မှ သက္ကေပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နှစ်ဦးသေဆုံးပြီး တစ်ရွာလုံးနီးပါးပျက်စီးခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က သက္ကေပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုယ်ထူကိုယ်ထနဲ့ပဲ အိမ်ပြင်ဆင်မှုတွေလုပ်နေရတယ်လို့ ဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

Tuesday, May 16, 2023

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းက နေအိမ် ၂၈ဝဝ ကျော်ခန့် ပျက်စီး၊ ဒုက္ခသည် ၇ ဦး ဒဏ်ရာရ

DVB
May 15, 2023

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို မေ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က စတင်ဝင်ရောက်ခဲ့တဲ့ အင်အား အ လွန်ပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ဖ်နာ့ဖ်နဲ့ အူခိယာဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ ခသည်စခန်းက နေအိမ်အဆောက်အအုံပေါင်း ၂၈၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေ ရပ်ပြန်ပို့ရေးကော်မရှင်နာ (RRRC) က ထုတ်ပြန်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */