Showing posts with label ရုပ်သိမ်း. Show all posts
Showing posts with label ရုပ်သိမ်း. Show all posts

Wednesday, February 19, 2025

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်‌ကျော်တို့ကို ဖမ်းဝရမ်းထုတ်တရားစွဲဆိုမှု ရုပ်သိမ်းပေးဖို့ NUG တောင်းဆို,

BBC
၁၉ ဖေဖော်ဝါရီ ၂၀၂၅

                                                ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော် (ပုံဟောင်း)

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အာဂျင်တီးနားဖက်ဒရယ်တရားရုံးကထုတ်လိုက်တဲ့ ဖမ်းဝရမ်းစာရင်းထဲမှာ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်‌ ကျော်တို့ပါဝင်နေတာကြောင့် ဖမ်းဝရမ်းထုတ် တရားစွဲဆိုတာကနေရုပ်သိမ်းပေးဖို့ အမျိုးသားညီ ညွတ်‌‌ရေးအစိုးရ(NUG) က စာထုတ်တောင်းဆိုလိုက်ပါတယ်။

Monday, November 20, 2023

ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဂွမြို့နယ်တွင် ရဲစခန်း ၃ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုကိုရုပ်သိမ်း

Narinjara
ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃ 

(ပင်လယ်ပြင်ငါးဖမ်းခွင့်ကို တားမြစ်ထားပြီး ခရီးသွားလာခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ် ပင် ထား၍ ဒေသခံလူထု စားဝတ်နေရေး အခက်အခဲရှိနေ)

ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဂွမြို့နယ်တွင် ရဲစခန်း ၃ခုနှင့် ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်တစ်ခု ကို ရုပ်သိမ်းထားသည့်အပြင် စစ်ကောင်စီက ပင်လယ်ပြင် ငါးဖမ်းခွင့်ကိုလည်း တားမြစ်ခြင်း၊ ခရီးသွား လာ ခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ခြင်းတို့ကို ပြုလုပ်ထား၍ လက်လုပ်လက်စား ဒေသ ခံလူထုအနေဖြင့် စားဝတ်နေရေး အခက်အခဲရှိနေသည်ဟု သတင်းရရှိသည်။

Thursday, May 21, 2020

ဒေါက်တာအေးမောင်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှပယ်ဖျက်ပြီး လာမည့်ရွေးကောက်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပါရုပ်သိမ်း

နိရဥ္စရာ
ထွန်းခိုင် (တောင်ရင်းကျွန်း)
မေ ၂၁/ ၂၀၂၀

ရခိုင်ပြည်နယ်မှ လူသိများသည့် ခေါင်းဆောင် တစ်ဦးဖြစ်သည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပြီး ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်ပါ မရှိတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မေ ၁၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။ 

Wednesday, April 8, 2020

လဝကဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရိုဟင်ဂျာ ၁၄၀ နီးပါးအမှု ရုပ်သိမ်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး၊ ဖြူဖြူခိုင်
2020-04-08
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာမွတ်စလင် ၉၃ ယောက်ကို ၂၀၁၉ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပုသိမ်တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်ခဲ့စဉ်။
Photo: Reuters 
 
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ ခရီးသွား အထောက်အထားမပါလို့ဆိုပြီး လဝကဥပဒေတွေနဲ့ ဖမ်းဆီးတရား စွဲ ခံထားရတဲ့ ရိုဟင်ဂျာတွေကို ပုသိမ်မြို့နယ်တရားရုံးက ဒီနေ့ ဧပြီ ၈ရက်နေ့မှာ အမှုရုပ်သိမ်းလိုက်ပါတယ်။ ဧရာဝ တီတိုင်းအပြင် အခြားနေရာတွေမှာ လဝကဥပဒေတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေကိုလည်း အမှုတွေရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ ပြင်ဆင်နေပါတယ်။

Thursday, March 5, 2020

လန်ဒန်မြို့တော် လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆု ဒေါ်အောင်ဆန်းစုကြည်ဆီက ပြန်လည်ရုပ်သိမ်း

VOA
ဗွီအိုအေ (မြန်မာဌာန)
06 မတ်၊ 2020
ကိုဉာဏ်ဝင်းအောင်
၂၀၁၇ မေလတုန်းက Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံစဉ် (Ministry of Foreign Affairs Myanmar)
 
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City of London လွတ်မြောက်ရေး ဂုဏ်ထူး ဆောင်ဆုကို ပြန်လည်ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုကင်းမဲ့တဲ့ နိုင်ထက် စီးနင်းလုပ် ရပ်တွေကို ရှုတ်ချပြောဆိုဖို့ ပျက်ကွက်ခဲ့တာအတွက် ဒီဂုဏ်ထူးဆောင်ဆုရုပ်သိမ်းဖို့ လန်ဒန်မြို့ တော်ကော်ပိုရေးရှင်းက ဆုံးဖြတ်ခဲ့ပေမဲ့ ယာယီဆိုင်းငံ့ထားရာက ဒေါ်အောင်ဆန်းစုကြည်ဘက်က အကြောင်းပြန်ကြားဖို့ပျက် ကွက်ခဲ့ပြီးနောက်မှာ အခုလို အပြီးတိုင် ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင် က စုစည်း တင်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */