" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အမျိုးသားညီညွတ်ရေး အစိုးရ. Show all posts
Showing posts with label အမျိုးသားညီညွတ်ရေး အစိုးရ. Show all posts

Sunday, October 2, 2022

အမျိုးသားညီညွတ်ရေး အစိုးရ ( NUG )


အမျိုးသားညီညွတ်ရေး အစိုးရ
သည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်က ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) က ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ အ တည်ပြု ဖွဲ့စည်းလိုက်သော ကြားကာလ ညီညွတ်ရေး အစိုးရဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ် စားလှယ်၆ဦးကို နိုင်ငံပေါင်း၅နိုင်ငံတွင်ခန့်အပ်ထားသည်။ [၁][၂][၃][၄]

အစိုးရအဖွဲ့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စား လှယ် များ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများမှ ထင်ရှားသူများ ပါဝင်သည်။ စစ်အစိုးရကမူ အမျိုးသားညီ ညွတ် ရေး အစိုးရကို တရားမဝင်ဟု ပြောဆိုခဲ့သည်သည်။[၅]

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */