VOA
ဗွီအိုအေ (မြန်မာပိုင်း)
ဗွီအိုအေ (မြန်မာပိုင်း)
26 သြဂုတ်၊ 2020
၂၀၁၇ အောက်တိုဘာ ၁၆ တုန်းက ရိုဟင်ဂျာ ဒုက္ခသည်များ ထထွက်ပြေးလာစဉ်
မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက သိန်းချီတဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ တိုက်ခိုက်ခဲ့ တာ ၃ နှစ် ပြည့်မြောက်ချိန်မှာပဲ အဲဒီ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူဖို့နဲ့တိုက် ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်၊ ဒုက္ခရောက်ခဲ့ရသူ အတွက် တရားမျှတမှုရနိုင်အောင် လုပ်ဆောင်ပေးဖို့ အမေရိကန် ပြည်ထောင်စုက ထပ်မံတောင်းဆို လိုက်ပါတယ်။ ဒါ့အပြင် ရခိုင် ပြည်နယ်ထဲ နောက်ထပ်ဖြစ် ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။