ရဲခေါင်မြင့်မောင်
2019-11-21

ဂမ်ဘီယာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမေရိကန်အခြေစိုက် Foley Hoag ဥပဒေအကျိုးဆောင်ကုမ္ပဏီရဲ့ ရှေ့နေ Paul Reichler ကို တွေ့ရစဉ်
Photo: RFA
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ သက်သေအထောက်အထားတွေ အ မြောက် အမြား ရှိနေတယ်လို့ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုတဲ့အမှုအတွက် ဂမ်ဘီယာနိုင်ငံ ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ Foley Hoag ရှေ့နေအဖွဲ့က ပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မှာ အခြေစိုက်တဲ့ Foley Hoag ဥပဒေအကျိုးဆောင် ကုမ္ပဏီဟာ နိုင်ငံတ ကာ ဥပဒေနဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံတွေအကြား အငြင်းပွားမှုတွေအတွက် အဓိကထားဆောင်ရွက် နေတဲ့ ဥပဒေ အကျိုးဆောင်လုပ်ငန်းတေစ်ခု ဖြစ်ပါတယ်။