Showing posts with label စစ်သွေးကြွ. Show all posts
Showing posts with label စစ်သွေးကြွ. Show all posts

Thursday, February 2, 2023

ရိုဟင်ဂျာစခန်းတွင် လူသစ်စုဆောင်းနေသူ စစ်သွေးကြွကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

ဧရာဝတီ
By Muktadir Rashid
2 February 2023 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဌာနချုပ်တွင် ဖာခရူလ် အစ္စလမ်နှင့် အခြား သံသယရှိသူများကို မီဒီယာသို့ ပြသစဉ် / DMP


အာဖဂန်နစ္စတန်တွင် အစ္စလမ်မစ် စစ်သွေးကြွအဖြစ် လေ့ကျင့်ထားပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် လူသစ်စု ဆောင်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးကို ဖမ်းမိကြောင်း ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ် မှူး တဦးက ဒါကာတွင် ကြေညာသည်။

ဖာခရူလ် အစ္စလမ်သည် ရိုဟင်ဂျာများကို အစွန်းရောက်ဝါဒဖြင့် စည်းရုံးသိမ်းသွင်းရန် ငွေကြေးလှူဒါန်းကြောင်း ဒါကာမြို့တော် ရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး အကြီးအကဲ မက်ဒ် အဆာဒတ်ဇမင်က မီဒီယာများကို ပြော သည်။

Wednesday, July 10, 2019

စစ်သွေးကြွဟု သံသယရှိ ရိုဟင်ဂျာနှစ်ဦး အပါအဝင် နိုင်ငံခြားသား လေးဦးကို မလေးရှား ဖမ်း

ဧရာဝတီ 
By ဧရာဝတီ
10 July 2019
၂၀၁၆ ခုနှစ်က မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် ဖြစ်ပွားသည့် ဖောက်ခွဲ တိုက်ခိုက်မှု အပြီး တာဝန်ရှိသူများက ရှင်းလင်းနေစဉ် / Reuter

စစ်သွေးကြွ အုပ်စုများတွင် ပါဝင်သည်ဟု သံသယရှိသောကြောင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ နှစ်ဦးအပါအဝင် နိုင်ငံ ခြားသား လေးဦးကို မလေးရှားက ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာ သည်။
မလေးရှားနိင်ငံတွင် ရိုဟင်ဂျာမွတ်စလင် သောင်းချီရှိပြီး ၎င်းတို့သည် မြန်မာ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်မှ မလေးရှားသို့ ခိုလှုံရန် ရောက်ရှိနေသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */