" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သောင်တင်. Show all posts
Showing posts with label သောင်တင်. Show all posts

Wednesday, December 21, 2022

ကပ္ပလီကျွန်းစုနား ရိုဟင်ဂျာလှေတစင်း သောင်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၁ ဒီဇင်ဘာ၊ ၂၀၂၂
ဇွန်လ (၄) ရက်နေ့ ကကော့လိုင်ပီကျွန်းမှာ ဖမ်းမိတဲ့ လှေစီးပြေးရိုဟင်ဂျာ ဒုက္ခသည်များ (ထိုင်းရေတပ်/ယခင်မှတ်တမ်းဓာတ်ပုံ )

အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစုတွေနားမှာ ရိုဟင်ဂျာအယောက် ၁၀၀ လောက် အနည်းဆုံးပါတဲ့ လှေတစင်း သောင် တင် နေပြီး လှေပေါ်မှာပါလာသူ ၁၆ ယောက်ကနေ အယောက် ၂၀ လောက်ဟာ ရေနဲ့ အစားအစာငတ်ပြတ်လို့၊ ရေနစ်လို့ သေဆုံးသွားနိုင်တဲ့အခြေအနေ ကြုံနေကြတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့အဖွဲ့ ၂ ခုက ပြောပါ တယ်။

Thursday, December 8, 2022

ရိုဟင်ဂျာ ၁၅ဝ ထက်မနည်း လှေပျက်ပြီး ထိုင်းပင်လယ်ပြင် မှာ သောင်တင်နေ

RFA
RFA Burmese
2022.12.07
ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ ငါးဖမ်းစက်လှေတစ်စီးကို ထိုင်းပင်လယ်ပြင်မှာ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တွေ့ရစဉ်။

ရိုဟင်ဂျာလူမျိုး ၁၅ဝ ထက်မနည်း စက်လှေပျက်ပြီး ထိုင်းပင်လယ်ပြင်မှာ သောင်တင်နေကြောင်း အများအပြား သေဆုံးနေပြီး အသက်ရှင်ကျန်နေသူတွေကို အမြန်ဆုံးကယ်တင်ဖို့ တက်ကြွလှုပ်ရှားသူတွေက ထိုင်းအာဏာပိုင်တွေကို မနေ့က တောင်းဆိုလိုက်ပါတယ်။

အဲဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နိုဝင်ဘာလကုန်ပိုင်းက ထွက်ခွာလာတာဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းကမ်းလွန်ပင်လယ်ပြင်မှာ စတင်ရေယိုစိမ့်လာခဲ့ကြောင်း လှေပေါ်ပါလာသူတွေရဲ့ ဆွေမျိုးတွေနဲ့ တွေ့ဆုံ မေးမြန်းချက်တွေကို ကိုးကားပြီး The Arakan Project လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ Chris Lewa က ပြောပါတယ်။

Wednesday, December 7, 2022

ရနောင်းကမ်းလွန်တွင်ယိုစိမ့်နေသောလှေပေါ်တွင်ရိုဟင်ဂျာ ၁၅၀ ခန့် သောင်တင်နေ

Bangkok Post

7 ဒီဇင်ဘာ 2022
မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ Palang Khali တွင် အောက်တိုဘာ ၉ ရက်က နယ်စပ်ဖြတ်ကျော်ပြီး လယ်ကွင်းများကို ဖြတ်သန်းသွားလာနေကြသည်။ (Photo: Reuters)

ရိုဟင်ဂျာလူမျိုး ၁၅၀ ထက်မနည်း လှေပျက်ကျပြီးနောက် ထိုင်းပင်လယ်ပြင်မှာ သောင်တင်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ အများအပြားသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း နှိပ်စက်ညှဉ်းပန်းခံနေရသော မွတ်စလင်လူနည်းစုဝင် ရိုဟင်ဂျာအများအပြားသည် မြန်မာနိုင်ငံတွင် ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများမှ လွတ်မြောက်ရန်နှင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ငြိစွန်းနေသော ခနော်ခနဲ့ သင်္ဘောပေါ်တက်ကာ အသက်အန္တရာယ်ကို နှစ်စဉ် စွန့်စားကြသည်။ မလေးရှားကို ရောက်ဖို့ တော်တော်များများ ကြိုးစားကြတယ်။

Tuesday, December 28, 2021

ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာတဲ့ လှေတစီး အင်ဒိုနီးရှားမှာ သောင်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဒီဇင်ဘာ၊ 2021

 

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက Aceh ပြည်နယ်ကမ်းလွန်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစင်း သောင်တင်နေတာတွေ့ရတယ်လို့ ဒေသအာဏာပိုင်တွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေက တနင်္လာနေ့မှာ ပြောပါတယ်။

ဒီလှေကို တနင်္ဂနွေနေ့မှာ စတွေ့ခဲ့ပြီး သူတို့ကိုကယ်ဆယ်ဖို့အတွက် ဒေသအာဏာပိုင်တွေနဲ့ လက်တွဲလုပ်ဆောင်နေ တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ UNHCR ကပြောပါတယ်။

ဒေသတွင်းက ငါးဖမ်းသမားတွေရဲ့ ခေါင်းဆောင်ကတော့ လှေပေါ်မှာ လူ ၁၂၀ လောက်ပါပြီး သူတို့ကို အစားအစာ တွေ ပေးထားကြောင်းနဲ့ သူတို့ကို ကယ်ဆယ်ဖို့ပါ တာဝန်ရှိသူတွေကို ပန်ကြားထားကြောင်း ပြောတယ်လို့ အင်ဒိုနီး ရှားမှာရှိတဲ့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ခွဲက ပြောပါတယ်။ အန္တရာယ်ရှိတဲ့ ရေပြင်ကို ဖြတ်ပြီး အခုလို ဒုက္ခသည်တွေမလာအောင်လုပ်ဖို့ ဒေသတွင်းနိုင်ငံတွေမှာ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေ အတွင်း အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည် ရာနဲ့ချီ ရောက်လာတာ ဖြစ်ပါတယ်။

Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */