Showing posts with label ဘင်္ဂလားဒေ့ရှ်အရာရှိ. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်အရာရှိ. Show all posts

Tuesday, November 15, 2022

မြန်မာနယ်စပ်အနီး ပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်အရာရှိနှင့် ရိုဟင်ဂျာအမျိုးသမီးတို့ သေဆုံး

မဇ္စျိမ
15 November 2022

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် သံသယရှိ မူးယစ်ဆေး မှောင်ခိုကူးသူများအကြား ပစ်ခတ်မှု ဖြစ်ပွား၍ ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး အရာရှိတစ်ဦးနှင့် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း အာဏာပိုင်တို့က နိုဝင်ဘာ ၁၅ ရက်တွင် ပြောသည်။

ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (RAB) တို့မှ အဖွဲ့ဝင်များသည် နယ်စပ် ဧရိ ယာတစ်ခုတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေး ပူးပေါင်း စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့စဉ် နိုဝင်ဘာ ၁၄ ရက် ည ပိုင်းက အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (ISPR) က ထုတ်ပြန်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */