Showing posts with label သိမ်းပိုက်. Show all posts
Showing posts with label သိမ်းပိုက်. Show all posts

Saturday, May 18, 2024

ဘူးသီးတောင်မြို့ကို သိမ်းလိုက်ကြောင်း AA ကြေညာ

RFA
RFA Burmese
2024.05.18

ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည့်ပုံ။ AA Info Desk


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က စစ်ကောင်စီ စစ်တပ်စခန်းအားလုံးကို သိမ်းယူလိုက်ပြီလို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

Sunday, May 5, 2024

စစ်တပ်ရဲ့ ဘူးသီးတောင်တပ်မဌာနချုပ်နဲ့ တပ်ရင်း ၄ ရင်းကို သိမ်းလိုက်ပြီလို့ အေအေပြော

BBC
၅ မေလ၂၀၂၄ 

စစ်တပ်ရဲ့ ခမရ ၅၆၄ တပ်ရင်းကို ဧပြီလဆန်းပိုင်းမှာ သိမ်းခဲ့တယ်လို့ အေအေက ထုတ်ပြန်ခဲ့ပါတယ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မဌာနချုပ် စကခ(၁၅) အပါအဝင် ခမရ (၅၅၁)၊ ခမရ (၅၆၅)၊ ခမရ (၅၆၄) နဲ့ ခမရ (၅၅၂) တပ်ရင်းတွေကို သိမ်းပိုက်ထားနိုင်ပြီလို့ အာရက္ခတပ်တော် -အေအေ(အရင်က ရက္ခိုင့်တပ်တော်) က သတင်းထုတ်ပြန်ပါတယ်။

ဘူးသီးတောင်အခြေစိုက် စကခ(၁၅) ဌာနချုပ်အပါအဝင် ခြေမြန်တပ်ရင်း ၂ ခုကို AA သိမ်းပိုက်

မဇျ္စိမ
May 4, 2024

ပုံအညွှန်း-အာရက္ခတပ်တော်(AA) ဓါတု

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅) အပါ အဝင် ခမရ(၅၅၁)နှင့် ခမရ(၅၆၅)တို့ကို အာရက္ခတပ်တော်(AA)မှသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ဘူးသီးတောင်တပ်မဌာနချုပ်နဲ့ တပ်ရင်းလေးခုကို သိမ်းယူနိုင်ကြောင်း AA ထုတ်ပြန်

RFA
RFA Burmese
2024.05.04 

ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်။ AA Info Desk

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ နဲ့ တပ်ရင်း လေးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

Saturday, May 4, 2024

ဘူးသီးတောင် စကခ ၁၅ ဌာနချုပ်ကို အေအေသိမ်းပိုက်၊

DVB
May 4, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် စကခ ၁၅ ဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်း ၂ ခုကို သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် အေအေက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က ၃ မိုင်လောက်အကွာမှာရှိတဲ့ စကခ ၁၅ ဌာနချုပ်ကို အေအေက ၁ လလောက် ထိုးစစ်ဆင်တိုက်ခိုက်အပြီး အဲဒီဌာနချုပ်နဲ့ ခမရ ၅၅၁၊ ခမရ ၅၆၅ တပ်ရင်းတို့ကို မေ ၃ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

Friday, May 3, 2024

မောင်တောမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟုဆို

Western News
 မေ ၃ ၂၀၂၄

(ကျီးကန်းပြင်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့် လက်နက်ချ)


ရခိုင်ပြည် မောင်တောမြို့ကို အာရက္ခတပ်တော် AA က ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ကျီးကန်းပြင် ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်လည်း လက်နက်ချအညံ့ခံခဲ့ကြောင်း ခိုင်လုံသော သတင်း ရင်း မြစ်ထံမှ သိရသည်။

ကျီးကန်းပြင်ဌာနချုပ်အပါအဝင် နယ်ခြားစောင့်တပ်စခန်း နှစ်ခု AA သိမ်းပိုက်

RFA
RFA Burmese
2024.05.03 

အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး၊ ကျီးကန်းပြင်ဌာနချုပ်ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဥ်။Photo: RFA

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ကျီးကန်းပြင် ဌာနချုပ်လို့ လူသိများတဲ့ စစ်ကောင်စီရဲ့ ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးနဲ့ လေးမိုင် အမှတ်(၂) နယ်ခြားစောင့်တပ်ရင်း နှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က မေလ ၂ ရက် မနေ့က သိမ်းပိုက်လိုက်ကြောင်း AA အဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

Friday, February 23, 2024

မောင်တောမြို့ ရန်အောင်ပြင်ကင်းစခန်းအား AAက ၅ နာရီ တိုက်ပွဲအတွင်း အပြီးသတ်သိမ်းပိုက်

Narinjara
ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၄

(ပုဏ္ဏားကျွန်း ခမရ (၅၅၀) ကိုနှင့် မင်းပြားတိုင်းဗဟို(၉) သင်တန်းကျောင်းကိုဆက်လက် ထိုးစစ်ဆင်တိုက်)

ရက္ခိုင့်တပ်တော်(AA)သည် မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်းအား ဖေဖော်ဝါရီ ၂၃ ရက်နေ့က (၅)နာရီခန့်အကြာ တိုက်ခိုက်မှုအတွင်း သိမ်းပိုက်လိုက်သည်ဟု တပ်တော်က သတင်းထုတ်ပြန်သည်။

Wednesday, February 7, 2024

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံး AA သိမ်းပိုက်

Myanmar Now
စထွန်းအောင်
February 7, 2024
မင်းပြားမြို့ တိုက်ပွဲတွင် တပ်မမှူး အပါအဝင် စစ်သား ၁၀၀ ကျော်နှင့် တပ်မိသားစုဝင်များ၊ စစ်ကောင်စီအရပ်ဘက်အရာရှိများ AA ထံ လက်နက်ချခဲ့ကြသည်။

တိုက်ပွဲများပြင်းထန်နေသည့် နိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် အာဏာသိမ်းစစ်တပ်၏ တပ်ရင်းစခန်းအားလုံးကို သိမ်းပိုက်၊ ထိန်းချုပ်နိုင်ပြီဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့(ဖေဖော်ဝါရီ ၆) တွင် အတည်ပြုသည်။

တောင်ပြို(လက်ဝဲ) (လက်ယာ) စခန်းနှစ်ခုလုံးကို ရက္ခိုင့်တပ်တော် အောင်မြင်စွာသိမ်းပိုက်

Narinjara News
ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၄

(လက်နက်ခဲယမ်းအများအပြားနှင့် နယ်ခြားစောင့်တပ် အလောင်းအများအပြားနှင့် ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့ သိမ်းဆည်းရမိ)

ရက္ခိုင့်တပ်တော် ( AA)သည် ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၀) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ (၆) နာရီခန့်တွင် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ (၁၂) နာရီအတွင်း အလုံးစုံ သိမ်းပိုက်ရယူနိုင်ခဲ့သည်သည်ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။

Thursday, January 25, 2024

ပေါက်တောမြို့ကို ထိန်းချုပ်လိုက်ကြောင်း AA အဖွဲ့ကြေညာ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ ဇန်နဝါရီ၊ ၂၀၂၄ 

စခန်းသိမ်း တိုက်ပွဲတွေအပြီး AA က သတင်းထုတ်ပြန်သည့်ဓာတ်ပုံများ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

နှစ်လကြာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့ကို အပြည့်အဝထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ရခိုင့်တပ်တော်ခေါ် AA အဖွဲ့က ကြေညာပါတယ်။ လူဦးရေ နှစ်သိန်း နီးပါးရှိပြီး ကျေးရွာအုပ်စု ၅၀ ကျော်နဲ့ ဧရိယာစတုရန်းမိုင် လေးရာကျော်ရှိတဲ့ မြို့ဖြစ်သလို စစ်တွေမြို့နဲ့ မလှမ်းမကမ်း ရေမိုင် ၁၆ မိုင်အကွာ ကုလားတန်မြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ မြို့ဖြစ်ပါတယ်။

Wednesday, December 13, 2023

ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်က စစ်ကောင်စီတပ်စခန်း ကြီးအချို့ကို AA သိမ်းပိုက်

RFA
RFA Burmese
2023.12.13 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီ၏တရွန်အိုင်ဗျူဟာကုန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA) မှ သိမ်းပိုက်ခဲ့စဉ်။ AA Info Desk 
 
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကာလဟာ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မှာ တစ်လပြည့်ခဲ့ပါပြီ။

ဒီတစ်လတာအတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ် စပ်တွေမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နယ်စပ်အနီးက စစ်ကောင်စီအတွက် အရေးပါတဲ့ တရွန်အိုင်၊ နှုံးဘူး၊ ဒုံးညို စတဲ့ တပ်စခန်းကြီးတွေကို သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန် ထားပါတယ်။

Saturday, December 9, 2023

ပလက်ဝမြို့နယ် နှုံးဘူးဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် အေအေက သိမ်းပိုက်

DVB
December 8, 2023
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စစ်ကောင်စီရဲ့ နှုံးဘူးဗျူဟာကုန်းကို ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်း မှာ ရက္ခိုင်တပ်တော် (အေအေ)က သိမ်းပိုင်ရရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါ တယ်။

Monday, December 4, 2023

မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KNLA နှင့်ပူးပေါင်းအဖွဲ့ သိမ်းပိုက်

DVB
December 4, 2023

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်ရှိ အာဏာသိမ်းကောင်စီတပ်စခန်းအားလုံးအား KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

ဧရာဝတီ
4 December 2023

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ တပ်စခန်းအားလုံးအား ယနေ့ညနေ ပိုင်း တွင် သိမ်းပိုက်ရရှိခဲ့ပြီး တပ်ဖွဲ့ဝင်အင်အား ၁,၅၀၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေးလုပ်နေကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)က သတင်းထုတ်ပြန်လိုက်သည်။

Wednesday, November 29, 2023

အရေးပါတဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်၊ ခလရ ၁၂၅ တရင်းလုံးလက်နက်ချလို့ MNDAA ပြော

VOA
ဇော်ဝင်းလှိုင်
၂၉ နိုဝင်ဘာ၊ ၂၀၂၃ 

ကုန်ကြမ်ရှင်းကိုင်းတပ်စခန်းတွင် လက်နက်များသိမ်းဆည်းမိခဲ့ကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာလ ၂၇၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကုန်ကြမ်းမြို့နယ်ထဲကအရေးပါတဲ့တပ် စခန်းတခုကို ကိုးကန့် MNDAA က ထပ်မံသိမ်းယူလိုက်ပြီး ဒီဒေသမှာ အခြေစိုက်တဲ့ ခလရ ၁၂၅ တပ် ရင်း ကလည်း လက်နက်ချခဲ့ကြောင်း MNDAA က သတင်း ထုတ်ပြန်ထားပါတယ်။ 

လောက်ကိုင်ဘက်မှာတော့ တိုက်ပွဲပြင်းထန်တာမရှိဘဲ ကြိုးကြား တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွား နေပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းက နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အ ခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

Friday, November 24, 2023

လိုင်လင်းပီမြို့စစ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့ သိမ်းပိုက် လိုင်လင်းပီစခန်းသိမ်းတိုက်ပွဲတွင် သိမ်းယူနိုင်ခဲ့ သော လက်နက်ခဲယမ်းများ

မဇ္ဈိမ
24 November 2023

လိုင်လင်းပီစခန်းသိမ်းတိုက်ပွဲတွင် သိမ်းယူနိုင်ခဲ့သော လက်နက်ခဲယမ်းများ

မြန်မာ -အိန္ဒိယနယ်စပ်ရှိ မတူပီမြို့နယ် လိုင်လင်းပီမြို့စစ်စခန်းကို ယနေ့နိုဝင်ဘာ၂၄ရက်နေ့ နံနက် ၃ နာရီ ခန့်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ် များထံမှ သိရသည်။

Thursday, November 23, 2023

စစ်ကောင်စီတပ်စခန်း လေးဆယ်ကျော် သိမ်းပိုက်ထား ကြောင်း AA ထုတ်ပြန်

RFA
RFA Burmese
2023.11.23

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ Arakan Army 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း လေးဆယ်ကျော်ကို သိမ်းပိုက်ထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၂၂ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကနေ ၂၂ ရက်နေ့အထိ ဆယ်ရက်ကြာတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်စခန်း လေးခုကို ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီဘက်က စွန့်ခွာသွားတဲ့ စခန်းပေါင်း လေးဆယ် ကျော်ကိုလည်း သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။

Monday, November 13, 2023

ရခိုင် ပထမရက်တိုက်ပွဲအတွင်း စခန်းတချို့သိမ်းပိုက်ရရှိ ထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားဟု AA အတည်ပြု

Narinjara News
ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃

ယနေ့ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ပထမရက် ရခိုင်စစ်ပွဲ အတွင်း စစ်ကောင်စီတပ်စခန်း တချို့ ကို သိမ်းပိုက် ရရှိထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားသည်ဟုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ် တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာသို့ ထုတ်ဖော်ပြောဆိုသည်။

ရသေ့တောင်နဲ့မင်းပြားစစ်ကောင်စီတပ်စခန်းတချို့ AA သိမ်းပိုက်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၃ နိုဝင်ဘာ၊ ၂၀၂၃

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA (ယခင်ပုံဟောင်း)

ရခိုင်မြောက်ပိုင်းက ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အ ဖွဲ့ကြား ဒီကနေ့မနက်ပိုင်းကစတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်စခန်းတချို့ကို သိမ်းပိုက်ရရှိထား သ လို အရာရှိတချို့ ဖမ်းဆီးရမိတာတွေရှိတယ်လို့လည်း ရက္ခိုင့်တပ်တော် AAပြောခွင့်ရ ခိုင်သုခက ဗွီအို အေကို အတည်ပြု ပြောပါတယ်။ 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */