" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label 1982. Show all posts
Showing posts with label 1982. Show all posts

Tuesday, June 11, 2024

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ မြန်မာနိုင်ငံသားလက်မှတ်၊ နိုင်ငံသားဖြစ်မှု စိစစ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းဆိုင်ရာအကြောင်း တစေ့တစောင်း

Myanmar Digital News
Oct 14,2019 

အငြိမ်းစားဝန်ထမ်းတစ်ဦး

ပြည်သူသာပဓာန
တိုင်းပြည် / နိုင်ငံဟူသည် ဧရိယာအကျယ်အဝန်း နယ်နိမိတ်၊ မှီတင်းနေထိုင်သော ပြည်သူနှင့် အုပ်ချုပ်သူ အစိုးရ စသည့် လက္ခဏာ(၃)ရပ်နှင့် ပြည့်စုံစွာ ဖွဲ့တည် ထားသော အသိုက်အဝန်းတစ်ခု၊ အိမ်ကြီးတစ်အိမ်ဖြစ် ပါသည်။

Fact Check: ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်းမှုကို CRPH က ဆန့်ကျင်ဆိုတဲ့ သတင်းမှား

The Facts Behind Every News!
April 11, 2024

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဖျက်သိမ်းဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ မွတ်ဆလင် အသိုင်းအဝိုင်းက တောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ဦးစည်သူမောင်က ဆန့်ကျင်ခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတွေ ဖြစ်တာတွေ့ရတယ်။

Tuesday, April 9, 2024

၁၉၈၂ နိုင်ငံသားဥပဒေ ဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်ကြောင်း NUCC ထုတ်ပြန်

RFA
RFA Burmese
2024.04.09 

 နေရပ်ပြန်ခွင့်ရရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားတွင် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆိုဆန္ဒပြနေစဉ်။ AFP

၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းရမဲ့ ဥပဒေဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ ဆုံးဖြတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Thursday, November 8, 2012

ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆို

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2012-11-08
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ကျေးရွာ များ တွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း အစိုး၇ တာဝန်ရှိ သူများ စစ်ဆေးနေပုံ
ဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသူနဲ့ နိုင် ငံသားဖြစ်ခွင့်မရှိသူတွေကို ခွဲခြား သိနိုင်ဖို့ ပေါက်တောမြို့နယ် အတွင်း က ဆင် တ မော်၊ ကြိမ်နီပြင်၊ငှက်ချောင်း (ပုဏ္ဏားကြီး)၊ ဆည်သုံးတန် (ငဝက် ချောင်း)၊ ပြိုင်း တောင် စတဲ့ ကျေးရွာ အုပ်စု ၅ ခုမှာ လူ အင်အား ၂၇၀ လောက်နဲ့ အဖွဲ့ ၁၅ ဖွဲ့ ခွဲ ပြီး တစ်ပြိုင်တည်း စစ်ဆေးနေ တာလို့ ဆိုပါတယ်။

ပေါက်တောမြို့နယ်ကို စစ်ဆေးအပြီးမှာ နေပြည်တော်က ဝန်ထမ်းအင်အား ၁၅၀ ထပ်မံခေါ်ယူပြီး အဖွဲ့ပေါင်း ၄၅ ဖွဲ့နဲ့ စစ်တွေမြို့နယ်အတွင်းက ဒုက္ခသည် စခန်းတွေအပါအဝင် ကျေးရွာ အုပ်စုပေါင်း ၉ ခု၊ ကျောက် တော် မြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၉ ခုကို ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ် လို့ လည်း သိရပါတယ်။


 Link : Here