Showing posts with label ရပ်တည်ရေး ခက်ခဲ. Show all posts
Showing posts with label ရပ်တည်ရေး ခက်ခဲ. Show all posts

Thursday, May 16, 2024

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ရိုဟင်ဂျာများ ရပ်တည်ရေး ခက်ခဲ

DVB
May 15, 2024

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေ ဘဝရှင်သန်ရပ်တည်ရေး ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်သားသစ်အဖြစ် စုဆောင်း သင်တန်းပေးပြီး စစ်ပွဲတွေမှာ ထုတ်သုံးလာနေပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေထဲမှာလည်း ရိုဟင်ဂျာစစ်သားတွေ ပါလာသလို အခုရက်ပိုင်း လက်နက်ချ အလင်းဝင်လာတဲ့ အဖွဲ့တွေထဲမှာလည်း ပါလာတာကို တွေ့နေရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */