" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သုံးသပ်ချက်. Show all posts
Showing posts with label သုံးသပ်ချက်. Show all posts

Sunday, April 25, 2021

မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေး သဘောတူ ညီချက်အပေါ် အမြင်များ

Monday, April 12, 2021

မြန်မာ့အရေးကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ငါးနိုင်ငံ ဘယ်လိုရပ်တည်သလဲ

B B C

ဘီဘီစီမြန်မာပိုင်း

၁၀ ဧပြီ ၂၀၂၁
နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်ယူ ကာကွယ်ပေးတဲ့ R2P ကိုပါ ထည့်သွင်းစဉ်းစားဖို့ CRPH ခေတ္တ နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပါတယ်။


မြန်မာ့အရေးမှာ အာဆီယံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အားထုတ်မှုအခန်းကဏ္ဍ အရေးကြီး တဲ့အကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲ ရုရှားနိုင်ငံကလွဲလို့ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ် နဲ့ တရုတ်နိုင်ငံတို့က အလေးထားပြောသွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှသံအမတ်က သဘာပတိလုပ်တဲ့ မြန်မာအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ အလွတ်သဘော ဆွေးနွေးပွဲ Arria မှာ ကောင်စီအမြဲတမ်းအဖွဲ့ဝင်တွေ အွန်လိုင်းကနေ ပါဝင် ဆွေးနွေးကြချိန်မှာ အခုလို ပြောသွားကြတာပါ။

Tuesday, February 2, 2021

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဆန္ဒအစစ်အမှန် ဘာဖြစ် မလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
ပြည်တွင်းသတင်းသုံးသပ်ချက်
ဦးစည်သူအောင်မြင့်
31 ဇန်နဝါရီ၊ 2021

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် မိန့်ခွန်းပြောကြားနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Facebook -တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ ဇန်န၀ါရီလ၂၇၊ ၂၀၂၁)


ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံ တော် ကာကွယ်ရေး တက္ကသိုလ်က နည်းပြ အရာရှိတွေနဲ့ သင်တန်းသား အရာရှိကြီးတွေကို Video Conferencing နဲ့ အမှာစကားပြောခဲ့ပြီး အဲဒီ ပြောကြားချက်ဗီဒီယိုဖိုင် တစ်ချို့ကို အများပြည်သူ သိနိုင်အောင် ထုတ်ပြန်ပေးခဲ့ပါတယ်။ အဲဒီ ဗီဒီယိုဖိုင်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ အ စည်းရယ်လို့ ရည်ညွှန်းခြင်းမရှိပဲ တစ်ချို့ဟာ ဥပဒေကို ကိုယ်လိုရာဆွဲပြီး လုပ်နေကြတဲ့ အတွက် အကျိုး ထက် အဆိုးကို ဖြစ်စေကြောင်း၊ ဒီလို ဥပဒေကို မလိုက်နာဘူး ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်ပစ် ရ မယ် ဆို ပြီး ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အဲလို ပြောဆိုချက်တွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်း တပ်မတော် သတင်းစာ ရှင်းလင်း ပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းထောက် တစ်ယောက်ရဲ့ မေးခွန်းကို ဖြေရင်း ပြောခဲ့တဲ့ တပ်မတော် အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရတဲ့အကြောင်း ပြောဆိုချက်ကို အတည်ပြုပေး လိုက်သ လိုလည်း ဖြစ်စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ကြောင့် ပြည်သူတွေအကြား စစ်အာ ဏာ သိမ်း ပွဲ ဖြစ်တော့မှာလား ဆိုပြီး စိုးရိမ်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်း အောင် လှိုင်ရဲ့ ပြောစကားကို ဘယ်လို အဓိပ္ပါယ် ကောက်ယူလို့ရပါသလဲ၊ သူ့ရဲ့ သဘောထား ဆန္ဒ အစစ်အမှန် က ရော ဘာဖြစ်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

Thursday, December 12, 2019

ICJ အမှု ရှေ့နေဦးအောင်ထူး အမြင်

VOA
ဗွီအိုအေ (မြန်မာဌာန)
12 ဒီဇင်ဘာ၊ 2019
စုမြတ်မွန်

ICJ တရားရုံးမှာ တင်ပြသွားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေပညာရှင် ဦးအောင်ထူး နဲ့ မစုမြတ်မွန်တို့က တိုက်ရိုက် ဆွေးနွေးတင်ပြထားပါတယ်။

မေး။ ။ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဒီ မြန်မာဘက်ကပြောသွားတဲ့အချက်ထဲမှာ အချက်ပေါ့နော် ဒီICJ မှာ အခု အမှုကို စီရင်ပိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်နဲ့ အရေးပေါ်ဆောင်ရွက်မှုတွေ မချသင့်ဘူးဆိုတဲ့ အချက် ၃ ချက်ကို Gambia ဘက်က ဒီကနေ့ အဓိကပြောသွားပါတယ်။ ဆိုတော့ Gambia နိုင်ငံဘက်က ချေပသွားတဲ့ ဘယ်အချက်တွေက ထူုးခြားတယ်၊ မြန်မာဘက်ကနေ ပြန်ပြီးတော့ ချေပဖို့ ခက်တယ်လို့ ဦးအောင်ထူးမြင်ပါသလဲရှင့်။

Wednesday, December 4, 2019

အတိုင်ပင်ခံ ဘာကြောင့် ICJ သွားလဲ - ကန်ပါမောက္ခတဦး သုံးသပ်ချက်

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
George Washington တက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Christina Fink

မြန်မာတပ်မတော်ရဲ့ လုပ်ရပ်ကို ICJ နိုင်ငံတကာတရားရုံးမှာ အကာအကွယ်ပေးခြင်းအားဖြင့် ဖွဲ့စည်းပုံပြင် ဆင်ရေးမှာ အထောက်အကူဖြစ်စေမလားလို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က မျှော်လင့်ထားပုံရကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခတဦးက သုံးသပ်ပါတယ်။

Friday, November 22, 2019

ICJ အမှုကနေ ရိုဟင်ဂျာတွေ ဘာတွေ မျှော်လင့်လဲ

B B C
ဘီဘီစီ မြန်မာပိုင်း
21 နိုဝင်ဘာ 2019

" နိုင်ငံတကာ တရားရုံးတွေမှာ ရိုဟင်ဂျာ အရေး ရောက်နေတာဟာ ကျွန်တော်တို့ ဖြစ်ပျက်နေတဲ့ ပြဿနာရဲ့ ဇစ်မြစ် မဟုတ်ဘူးဗျ၊ နောက်ဆက်တွဲပဲ။ ကျွန်တော်တို့ရဲ့ မူရင်းဒေသကို ပြန် မရောက်နိုင်သေးတာကမှ ပက တိ လက်တွေ့ ပြဿနာ ဖြစ်တယ်"

ဘာလုခါလီ ဒုက္ခသည် စခန်းထဲက ကိုကျော်စိုး ဆိုသူ ပြောနေတာပါ။

ဘာလုခါလီ ဆိုတာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့စ်ဇက်ဘဇားနယ်ထဲက ကူတူပလောင် စခန်းနဲ့ တဆက်တစပ်တည်း ရိုဟင်ဂျာတွေ တွေ သိန်းချီ ရှိနေတဲ့ ဒုက္ခသည် စခန်းတစ်ခုပဲ ဖြစ်ပါတယ်။

Tuesday, March 19, 2019

ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ - အေအေနဲ့ အစိုးရတပ်မတော်တို့ကြားတိုက်ပွဲသုံးသပ် ချက်

B B C
ဘီဘီစီ မြန်မာပိုင်း
15 မတ် 2019

အစိုးရတပ်မတော် နဲ့ မကြာခင်ကမှ ပေါ်ပေါက်လာတဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဘာကြောင့် ရခိုင်တွေ လက်နက်ကိုင်လာတာလဲ။

ဒီအကြောင်း နိုင်ငံရေးအကဲခတ် ဦးမင်းဇင်ကို ဘီဘီစီမြန်မာပိုင်း အကြီးတန်းသတင်းထောက် ကိုစောရန်နိုင် က မေးမြန်းထားပါတယ်။
------------------------------------------------------------------------------
 ------------------------------------------------------------------------------------------------------
လင့်၊https://www.bbc.com/burmese/media-47586264

Thursday, January 17, 2019

AA ရက္ခိုင့်တပ်မတော်တောင်းဆိုထားတဲ့ Confederate မူအပေါ်သုံးသပ်ချက်


AA ရက္ခိုင့်တပ်မတော် အပါအ၀င် မြန်မာနိုင်ငံ မြောက်ပိုင်း အင်အားကြီး တိုင်းရင်းသား လက်နက် ကိုင်အ ဖွဲ့တွေ ကိုင်စွဲတောင်းဆိုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာခွဲဝေမှု မြင့်မားတဲ့ Confederate ကွန် ဖက်ဒရိတ် ဆိုတဲ့မူဟာ လက်ရှိ မြန်မာအစိုးရနဲ့ တပ်မတော်တို့ သွားနေတဲ့ ဖယ်ဒရယ် ပြည်ထောင်စု မူနဲ့ ဘယ်လိုကွာခြားချက်တွေ ရှိသလဲ။

Monday, November 5, 2018

မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံတကာဖိအားများ

RFA 
လွတ်လပ်တဲ့ အာရှအသံ
(နန္ဒာချမ်း)
2018-11-05

ရိုဟင်ဂျာအရေး မြန်မာစစ်တပ်အပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေဟာ ဒီမိုကရေစီရေး၊ ပြည်တွင်း ငြိမ်း ချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အစိုးရရဲ့ကြိုးပမ်းမှုတွေမှာ အထောက်အကူ ဖြစ် စေနိုင်သလား။ နိုင်ငံတကာဖိအားတွေကြောင့် တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ပြောင်းလဲလာဖို့ တွန်း အားတွေ ဖြစ်လာမလားဆိုတဲ့အပေါ် မြန်မာ့အရေး အကဲခတ်သူတွေရဲ့ အမြင်တွေကို မေးမြန်းပြီး RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။




■ ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်အပေါ် နိုင်ငံတကာရဲ့ ဝေဖန်သံတွေ အတော်လေး အရှိန် မြင့် လာနေပါတယ်။ ပြီးခဲ့တဲ့တပတ်ကပဲ EU ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကနေ ပြန်သွားပြီး နာက်ပိုင်း… နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်မှုတွေကို NLD အစိုးရက မဖြေရှင်းနိုင်ဘူးဆိုရင် ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားတာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */