Showing posts with label ဖြတ်တောက်. Show all posts
Showing posts with label ဖြတ်တောက်. Show all posts

Wednesday, February 5, 2020

အင်တာနက်လိုင်းတွေဖြတ်ခံရပြီးနောက် ရသေ့တောင် တိုက်ပွဲပြင်းထန်ခဲ့

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဇာဏီထွဏ်း
2020-02-05

ရခိုင်ပြည်နယ်က မြို့နယ် ငါးခုမှာ အင်တာနက်လိုင်းတွေ ပြန်ပိတ်ပြီး နောက်ရက် ဖေဖော်ဝါရီ ၄ ရက်မှာ တပ် မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်မှာ မနေ့က နေ့လယ်ပိုင်းလောက်ကစပြီး တပ်မတော် ခမရ ၅၃၇ ကနေ ပစ်ခတ်ခဲ့တာ ကြောင့် မညင်းတောင်၊ ကုလားချောင်း၊ ကုန်တန်းကျေးရွာက ဒေသခံတွေက တခြားရွာတွေကို ထွက်ပြေး ခဲ့ရတယ်လို့ ရသေ့တောင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။

Tuesday, February 4, 2020

ရခိုင်အင်တာနက် ဖြတ်တောက်မှု ICJ ကို မျက်ကွယ်ပြုသ လား

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-02-04


နိုင်ငံတကာတရားရုံး ICJ က ရိုဟင်ဂျာတွေကို ကာကွယ်ဖို့ ကြားဖြတ်အမိန့် မြန်မာအပေါ်ချထားပေမယ့်၊ မြေ ပြင်မှာ ရိုဟင်ဂျာတွေပစ်ခတ်ခံရလို့ သေဆုံးတာတွေဆက်ဖြစ်နေဆဲပါ။ ပစ်ခတ်ခံရတာကို အင်တာနက် ရရှိ စဉ်က လူမှုကွန်ရက်ပေါ်မှာ ရိုဟင်ဂျာတွေ တင်နိုင်ပေမယ့် ဒီနေ့ကစပြီး အင်တာနက်မရှိတော့လို့ မြင် နိုင်ခွင့် နည်းပါး သွားပါပြီ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */