" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရုရှား. Show all posts
Showing posts with label ရုရှား. Show all posts

Tuesday, January 23, 2024

ရုရှားနဲ့ မြောက်ကိုရီးယား အလွမ်းသင့်နေချိန်မှာ တရုတ်က ဘာလို့ခပ်ခွာခွာ ရှိနေတာလဲ

Nikkei Asia
2024 Jan'23


ရုရှားနဲ့ မြောက်ကိုရီးယား အလွမ်းသင့်နေချိန်မှာ တရုတ်က ဘာလို့ခပ်ခွာခွာ ရှိနေတာလဲ

မြောက်ကိုရီးယား ၏ ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်သည့် ဖြစ်ရပ်အပေါ် လူပြောများနေချိန် ပြီးခဲ့သော နိုဝင်ဘာလအတွင်းတွင် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့သည် လေးနှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံမှု၌ တရုတ်က မိမိအနေဖြင့် အရှေ့မြောက်အာရှဒေသကို တည်ငြိမ်အောင် ထိန်းညှိသူ ‘Stabiliser’ အဖြစ် ရှိနေမည်ဟု ကတိပြုသလို ဒေသတွင်းအုပ်စုဖွဲ့ ပူးပေါင်းမှုကိုလည်း ဆန့်ကျင်ပြော ကြားခဲ့သည်။

Tuesday, October 17, 2023

ရုရှားသမ္မတပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုတို့ ဖုန်းဖြင့်ဆက်သွယ်ကာ အစ္စရေး-ဟားမားစ်ပဋိပက္ခ အရှိန် မြင့် လာမှုအပေါ် ဆွေးနွေး

Myanmar Transparency News
aye mon
October 17, 2023

Translated by Htwe Ko Tum

နေတန်ရာဟုက ဟားမားစ်တို့ရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး စွမ်းရည်ယန္တရားတွေ လုံးဝမပျက်မချင်း အစ္စရေးက တိုက်ခိုက်သွားမယ်လို့ ပြောကြား

ရုရှားသမ္မတဗလာဒီမာ ပူတင်က ဟားမားစ်တို့ရဲ့ အစ္စရေးနိုင်ငံကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှု စတင်ချိန်က စလို့ ပထမဆုံးသောအကြိမ်အဖြစ် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုထံ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်မှုပြုခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသအတွင်းမှခေါင်းဆောင်တွေနဲ့ ပါလက်စတိုင်းအာဏာ ပိုင်အဖွဲ့ တို့ရဲ့ သဘောထားတွေကို အကျဉ်းချုပ်ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
                                                                                 

Friday, October 6, 2023

ရုရှားအကူအညီဖြင့် တည်ဆောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် နျူကလီးယားဓါတ်အားပေးစက်ရုံ ယူရေနီယံလောင်စာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

Narinjara
ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၃ 

ရုရှားအကူအညီဖြင့် တည်ဆောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဦးဆုံး နျူးကလီးယား စွမ်းအင် သုံး ဓါတ်အားပေးစက်ရုံအတွက် ယူရေနီယံလောင်စာ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၅ ရက်နေ့က အဆိုပါ ဓါတ်အားပေးစက်ရုံတွင် ကျင်းပခဲ့သည်။

Saturday, March 5, 2022

ယူကရိန်းစစ်ပွဲ- Zelensky သည် လေယာဉ်မပျံသန်းရဇုန်ကို ငြင်းပယ်ခြင်းအတွက် နေတိုးကို ပြစ်တင်ရှုတ်ချသည်။

BBC News
5th March 2022 


 

ယူကရိန်းသမ္မတသည် နိုင်ငံတစ်ဝှမ်းတွင် လေယာဉ်မပျံသန်းရဇုန် အကောင်အထည်ဖော်ရန် ငြင်းဆိုမှုနှင့်ပတ် သက်၍ နေတိုးခေါင်းဆောင်များကို တိုက်ခိုက်ခဲ့သည်။

ပြင်းထန်သော မိန့်ခွန်းတွင် Volodymyr Zelensky က အနောက်နိုင်ငံမှ ဝင်ရောက်စွက်ဖက်ရန် တွန့်ဆုတ်နေ ခြင်း သည် မြို့ရွာများကို ဆက်လက်ဗုံးကြဲတိုက်ခိုက်ရန် ရုရှားအား မီးစိမ်းပြစေသည်ဟု ပြောကြားခဲ့သည်။

မပျံသန်းရဇုန်သည် မော်စကိုနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဟု နေတိုးက စောဒကတက်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပါလုပ်ရပ်ကို "ထိုနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ခြင်း"ဟု ရှုမြင် ကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။

Saturday, February 26, 2022

မြန်မာစစ်တပ်ကို တရုတ်နဲ့ရုရှား ဂျက်တိုက်လေယာဉ်တွေ ပံ့ပိုးနေကြောင်း ကုလကိုယ်စားလှယ်ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.02.25

၂ဝ၂၁ ခုနှစ်က နေပြည်တော်တွင် ကျင်းပသော ၇၆ နှစ်ပြည့် တပ်မတော်နေ့အခမ်းအနားတွင် စစ်ဘက်ဆိုင်ရာယာဉ်များဖြင့် စစ်ရေးပြချီတက်စဉ်။ Photo: Reuters

 
မြန်မာနိုင်ငံမှာ စစ်တပ်ဟာ အရပ်ဘက်ပြည်သူတွေအပေါ် ရုရှားနဲ့တရုတ် လက်နက်သစ်တွေ အသုံးပြုပြီး တိုက် ခိုက် နေကြောင်း နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ၊ အမေရိကန် လွှတ်တော်အမတ်ဟောင်း မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ ၂၀၁၈ ခုနှစ်၊ ရခိုင်ပြည်နယ်က မွတ်စလင် ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက် မောင်းထုတ်ခဲ့တာက အစ ဂျက်တိုက်လေယာဉ်တွေ အပါအဝင် လက်နက် အမျိုးအစားတွေကို ဖော်ပြထားပါတယ်

Wednesday, February 3, 2021

အာဏာသိမ်းအစိုးရကို အချိန်ပိုပေးရန် တရုတ်နှင့် ရုရှားက ကုလလုံခြုံရေးကောင်စီတွင် တောင်းဆို

M-Media
ေဖေဖာ္ဝါရီ ၃၊ ၂၀၂၁

 မြန်မာနိုင်ငံက လတ်တလော စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြပေမယ့် တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် ကြေငြာချက် မထုတ်နိုင် ခဲ့ပါဘူး။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ဒီအစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပခဲ့ကြတာဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ရှုတ်ချဖို့၊ ဒီမိုကရေစီကို အပြည့်အဝထောက်ခံကြောင်း ကြေငြာချက်တစ်စောင်ကို ယူကေက တင်သွင်းခဲ့ပါ တယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */