Showing posts with label ဖမ်းမိ. Show all posts
Showing posts with label ဖမ်းမိ. Show all posts

Wednesday, January 24, 2024

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၁၁၀ ကျော် မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖမ်းမိ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၄ ဇန်နဝါရီ၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
 
မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ကြိုးပမ်းကြတဲ့ ရိုဟင်ဂျာ ၁၁၀ ကျော်ဟာ မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ ရိုဟင်ဂျာအမျိုးသား ၅၉ ယောက်၊ အမျိုးသမီး ၅၈ ယောက်ကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ မနေ့တုန်းက ဖမ်းဆီးလိုက်ကြောင်း ဒေသခံလုံခြုံရေး အာဏာပိုင်တွေကိုကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

Sunday, July 23, 2023

ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ထိပ်တန်းတပ် မှူးတဦး ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းမှာ ဖမ်းဆီးခံရ

VOM
ဒါကာ၊ ဇူလိုင်-၂၂-၂၀၂၃
မျိုးဆက်(VOM)

 ဘင်္ဂလားဒေ့ရ်ှနိုင်ငံအရှေ့တောင်ပိုင်း ကော့ဘဇားဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့ရဲ့ အဓိကခေါင်းဆောင်တဦးကို ဇူလိုင် ၂၁ ရက်ညပိုင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း တာ၀န်ရှိသူတွေက အတည် ပြုထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူဟာ ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့ရဲ့ တပ်မှူး ဟာဖက်ဇ်နာမိုဟာမက်ကို သော ကြော နေ့ညက ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အခြားအဖွဲ့၀င်တွေကို ဖမ်းဆီးနိုင်ရေး ဆက်လုပ်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ ညလုံးပေါက်စစ်ဆင်ရေးမှာ အာဆာအဖွဲ့ ဝင်တွေ ဖမ်းမိ

BBC
၂၃ ဇူလိုင် ၂၀၂၃,

ကော့ဆက်ဘဇားခရိုင်မှာ ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့တွေက ညလုံးပေါက်ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ အာရကန် ရိုဟင်ဂျာလွတ်မြောက်ရေးတပ်(အာဆာ) အဖွဲ့က တပ်မှူးတစ်ဦးအပါအဝင် ခြောက်ဦးကို ဖမ်းမိထားတယ်လို့ ဘင်္ဂ လားဒေ့ရှ်ဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ကောက်ဘဇားခရိုင်ထဲက ရှမ်လာပူအရပ်မှာရှိတဲ့ တောင်ကုန်းတစ်ခုကို သောကြာနေ့ကနေ စနေနေ့မနက်ပိုင်း အ ထိ စီးနင်းရှာဖွေခဲ့တဲ့အဲဒီစစ်ဆင်ရေးမှာ အာဆာအဖွဲ့ဝင်တွေအပြင် လက်နက် ၇ လက်၊ ကျည်တွေနဲ့ ငွေတွေကိုပါ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

Monday, March 8, 2021

Jammu နဲ့ Kashmir မှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ (၁၅၀)ကျော် မြန်မာနိုင်ငံဘက် ပြန်ပို့မည်

VOA
VOA (မြန်မာပိုင်း)
08 မတ်၊ 2021

အိန္ဒိယနိုင်ငံတွင်းမှာ ဖမ်းမိသည့် တရားမဝင် ရိုဟင်ဂျာဒုက္ခသည်များ ( ပုံဟောင်း - ၂၀၁၉ )

အိန္ဒိယနိုင်ငံမြောက်ပိုင်း Jammu နဲ့ Kashmir ဒေသမှာ ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် (၁၅၀)ကျော်ကို မြန်မာ နိုင်ငံဘက် ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှ ပြောပါတယ်။

Thursday, January 7, 2021

ရွှေပြည်သာတွင် ဖမ်းမိသည့် အထောက်အထားမဲ့ ၉၉ ဦးမှ ၅ ဦးတွင် ကိုဗစ်ပိုးတွေ့

ဧရာဝတီ
ထွန်းထွန်း 
7 January 2021

ရွှေပြည်သာမြို့တွင် ဖမ်းမိခဲ့သူများ / ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့က ဖမ်းမိခဲ့သည့် အထောက်အထားမဲ့ဝင်လာသူ ၉၉ ဦးထဲမှ အမျိုးသမီး ၅ ဦးတွင် ကိုဗစ် ရောဂါပိုးတွေ့ရှိရကြောင်း ရွှေပြည်သာမြို့နယ်၊ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းက ပြောသည်။

Monday, June 10, 2019

တရားခံပြေး မိုက်ကယ်ကျော်မြင့်ကိုဝမ်းတွင်းမှာဖမ်း မိ

မဇ္ဈိမ 
10 June 2019
 ဧပြီ ၇ ရက်က ပြုလုပ်ခဲ့သည့် ၂၀၁၈ ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွုတွင် မိုက်ကယ်ကျော်မြင့်အား တွေ့ရစဉ်။ ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဇွန် ၁၀ ။          ။ တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြပြီး ဆူပူမှုဖြစ်စေရန် ရည် ရွယ် လုပ်ဆောင်ခဲ့သည်ဟု ဆိုကာ အမှုဖွင့်ခံထားရသော မိုက်ကယ်ကျော်မြင့်ကို မန္တလေးတိုင်းဒေ သကြီး ဝမ်း တွင်းမြို့၌  ဇွန်လ ၁ဝရက်နေ့၌ ဖမ်းဆီးရမိခဲ့သည်ဟု ဝမ်းတွင်းမြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */