" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 2, 2024

ဧရာဝတီတိုင်း၌ ၁ နှစ်အတွင်း ရိုဟင်ဂျာ ၆၀၀ ကျော် ဖမ်းဆီး ခံရပြီး ၅၀၀ ကျော် ထောင်ချခံထားရ

DVB
January 2, 2024

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ဧရာဝတီတိုင်းကို အကြောင်းအမျိုးမျိုးနဲ့ ဝင် လာတဲ့ ရိုဟင်ဂျာ ၆၂၅ ယောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး ၅၀၄ ယောက်အား ထောင်ဒဏ် တွေ ချမှတ်ထားတယ်လို့ ရိုဟင်ဂျာတွေကို ကူညီပေးသူဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေထဲက ၅၀၄ ယောက်ကို လဝက ဥပဒေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး ထောင်ချခံ ထားရတဲ့အထဲပါတဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကိုတော့ ရန်ကုန်တိုင်း ငှက်အော်စမ်း လူငယ်ထိန်း သိမ်းရေးစခန်းကို အများဆုံး ပို့ထားတယ်လို့ ဧရာဝတီတိုင်းက အထောက်အထားမဲ့သူတွေကို ကူညီပေးနေသူ တယောက်က ပြောပါတယ်။

“ရိုဟင်ဂျာတွေကို စစ်ကောင်စီက လဝကဥပဒေနဲ့ အမှုဖွင့်ထောင်ချတာ များပါတယ်။ ထောင်ချခံရတဲ့ ရိုဟင်ဂျာ တွေထဲကနေ အသက် ၁၈ နှစ်နဲ့အောက် ကလေး‌တွေကို ထိန်းသိမ်းရေးစခန်း ငှက်အော်စမ်းမှာထားတယ်လို့ သိရ တယ်။ ကလေးတွေကလွဲရင် ကျန်သူတွေကို စစ်ကောင်စီက ပုဒ်မတခုကို ထောင်ဒဏ်အမျိုးမျိုးချတာ တွေ့ရ တယ်။ အမြင့်ဆုံး ၃ နှစ်ကနေ ၅ နှစ်အထိ ချမှတ်ခံထားရတာ။”

ရိုဟင်ဂျာတွေဟာ စက်လှေတွေ၊ စင်းလုံးငှား မော်တော်ယာဉ်တွေ၊ ရိုးရိုးလှေတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဧရာဝတီတိုင်းဘက် ဝင်လာတဲ့အခါ ဖမ်းဆီးခံရတဲ့အပြင် သေဆုံးရသူ အယောက် ၂၀ ကျော်အထိ ရှိခဲ့တယ်လို့ လည်း သိရပါတယ်။

ရိုဟင်ဂျာတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတယောက်က “ရိုဟင်ဂျာတွေကို အများဆုံးဖမ်း မိတာက ဧရာဝတီတိုင်းက ရခိုင်ပြည်နဲ့ ထိစပ်နေတဲ့ နေရာတွေမှာ ဖြစ်တယ်။ ဒေသမတည်ငြိမ်တာ၊ စားသောက် နေထိုင်ရေးတွေ အဆင်မပြေတာ၊ စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်ခံရတာတွေကြောင့် ရခိုင်ကနေ ထွက်ကြတာ များ တယ်။ သေဆုံးရတဲ့ ဖြစ်စဉ်တွေကတော့ ပင်လယ်ပြင်မှာ ရက်ရှည် စက်လှေပျက် မျောပါလာပြီး ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်ပါ။ ရခိုင်ပြည်နယ်ကနေ အထွက်လမ်းမှာ စက်လှေပျက်တာ၊ မုန်တိုင်းမိ တာကြောင့်လည်း သေဆုံးရသူတွေ ရှိခဲ့တယ်။ သေဆုံးသူတွေထဲမှာ အမျိုးသားတွေက ပိုများတယ်” လို့ ပြောပါ တယ်။

အဲဒီ ဖမ်းဆီးရမိထားတဲ့ ရိုဟင်ဂျာ အယောက် ၆၀၀ ကျော်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်အယောက် ၂၀၀ ကျော်၊ အမျိုးသား အယောက် ၃၀၀ ကျော်နဲ့ ကျန်တဲ့ အယောက် ၁၀၀ ကျော်ဟာ အမျိုးသမီးတွေဖြစ် တယ် လို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ ရန်ကုန်တိုင်းဘက်ကို ဦးတည် ထွက်လတာဖြစ်ပြီး ရန် ကုန် ကနေတဆင့် မလေးရှားနိုင်ငံကို သွားဖို့အတွက် ထွက်လာရင်း ဖမ်းဆီးခံရတာလို့ သိရပါတယ်။

ဒါ့အပြင် အထောက်အထားမဲ့သူတွေကို အခကြေးငွေယူပြီး ရန်ကုန်ဘက်ကို တရားမဝင် သိုဝှက်သယ်ယူပို့ဆောင် နေတဲ့ အမျိုးသား ၁၂ ယောက်ကိုလည်း သက်ဆိုင်ရာက ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဖမ်းမိခဲ့ပြီး သွားဖမ်းတဲ့အချိန် ထွက်ပြေးတဲ့ ကားသမားတွေ၊ ပွဲစားတွေ၊ စက်လှေအငှားလိုက်တွေ အယောက် ၁၀၀ ထက်မနည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်တွေမှာ ရိုဟင်ဂျာ ၁,၃၄၅ ယောက်အထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အယောက် ၈၀၀ ကို လဝက ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အထိ ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */