" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင့်နိုင်ငံရေး. Show all posts
Showing posts with label ရခိုင့်နိုင်ငံရေး. Show all posts

Sunday, February 23, 2020

ရခိုင့်နိုင်ငံရေး လှည်းဘီး နွံထဲကျွံနေသည်

TheVoiceWeekly Journal
18-Feb-2020


(တစ်)
ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီခန့်က ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်ကြ သော ဘူးသီး တောင် ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို မြန်မာ့ပို့ ဆောင် ရေး နှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက အင်တာနက်သုံး စွဲခွင့် ဒုတိယအ ကြိမ် ပိတ်ပင်လိုက်ကြောင်း သတင်း များထွက် ပေါ်လာခဲ့သည်။ မြန်မာ့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနသည် ကုန် လွန်ခဲ့သော ၂၀၁၉ ခုနှစ်၊ ဇွန် လ၂၁ ရက်နေ့မှ စတင် ကာ ရခိုင် ပြည် နယ်ထဲမှ မောင် တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံ၊ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးစသော မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ် တို့ကို ပထမအကြိမ် အဖြစ် အင် တာ နက်သုံးစွဲခွင့်ကို ဖြတ်တောက် ခဲ့သည်။ ၃ လခန့်အကြာ၊ စက်တင် ဘာလ ၁ ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို အင်တာနက်သုံးစွဲခွင့် ပြန်လည် ဖွင့် လှစ်ပေးခဲ့ပြီး ကျန်မြို့ နယ်များကို ဆက်လက်ပိတ်ပင်ထားခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အင်တာနက်သုံးစွဲခွင့် ဖွင့်လှစ်ပေးထားပြီးသော မြို့နယ် ၅ ခုကို ဒုတိယအကြိမ် ထပ်မံပိတ်ပင်ခဲ့ ပြန် သည်။

Wednesday, January 1, 2020

သုံးဖက်မြင်ရခိုင့်နိုင်ငံရေး ICJ ၂၀၂၀ ပြည့်နှစ် နှင့် ဆက်ရန် များ

TheVoiceWeekly Journal
01-Jan-2020
ရက္ခ
(တစ္)

၂၀၂၀ ပြည့်နှစ်သည် သစ်လွင်လတ်ဆတ်ခြင်းများကို ယူဆောင်ကာ ချင်းနင်းဝင်ရောက်လာခဲ့ပြီဖြစ်၏။ ကုန်လွန်ခဲ့သော ၂၀၁၉ ခုနှစ်ကို ပြန်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံသည် ကဏ္ဍပေါင်းစုံစိန်ခေါ်မှုများနှင့် ပြည့်နှက်နေခဲ့သည်ဟုဆိုနိုင်၏။ တိုင်းရင်းသားဒေသများမှ တိုက်ပွဲ သံများနှင့် မြန်မာ့ငြိမ်းချမ်းရေးကိစ္စ ရပ် များသည်၂၀၁၉ ခုနှစ်ကို အတော်ပင် ရိုက်ခတ်မှုရှိခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ်ထဲတွင် မြန်မာ နိုင်ငံကို ရိုက် ခတ်မှု အပြင်းထန်ခဲ့ဆုံးကိစ္စမှာ ICJ ခေါ် နိုင်ငံတကာတ ရားရုံးကိစ္စဟု ဆိုနိုင်သည်။ ICJ ဆိုသော စကား လုံး တစ်လုံးသည် မြန်မာနိုင်ငံကို အတော်ပင် လှိုင်းလေထန်စေခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီဇင်ဘာဆောင်းဦးနေ့ ရက် များကို ICJ က လောင်မြိုက်စေခဲ့ဟန်ရှိ၏။
၂၁၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့က ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင် ငံ ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ကို ရခိုင်မြောက်ပိုင်းနေ ဘင်္ဂါလီ မွတ်ဆလင် (သူတို့အခေါ်-ရိုဟင်ဂျာ) များအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် နိုင်ငံတကာတရားရုံး ICJ ၌ တရားစွဲဆိုခဲ့သည်။ ICJ တွင် တရား စွဲဆိုရခြင်းနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီး ရှေ့ နေချုပ် Abubacarr Marie Tambadou က ဘင်္ဂါလီ မွတ်စလင်များအပေါ် လုပ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ မှ တာဝန်ယူ၊ တာဝန်ခံနိုင်ရန်နှင့် ICJ တရား ရုံး ကလည်း ဘင်္ဂါလီများ၏အရေးကိစ္စတွင် တရားသဖြင့်ဆောင် ရွက်နိုင်ရန် ကြိုးစားခြင်းဖြစ် ကြောင်းပြောဆို သည်။ ထိုသို့ တရားစွဲဆိုခြင်းမှာ အစ္စလာမ္မစ်နိုင်ငံများကောင်စီ (OIC)ကို ကိုယ်စားပြုဆောင်ရွက်ခြင်းဖြစ်ကြောင်း လည်း သူကဆိုသည်။

ICJ ( International Court of Justic ) ဆိုသည်မှာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့၊ ငြိမ်းချမ်းရေး နန်းတော် တွင် တည်ရှိသော ကုလသမဂ္ဂ၏ အဓိကတရားဥပဒေဆိုင်ရာရုံးတစ်ခု ဖြစ်သည်။ ကမ္ဘာ့တရားရုံး (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာတရားရုံးဟု ခေါ်သည်။ နိုင်ငံတကာဥပဒေဆိုင်ရာ အငြင်းပွားဖွယ်ကိစ္စရပ်များကို ကူညီ ဖြေ ရှင်း ပေးရသောတရားရုံးဖြစ်၏။ ICJ တရားရုံးတွင် အသုံးပြုနေသောဥပဒေများသည် ၁၉၂၀ အတွင်း နိုင်ငံများ လိဂ်အဖွဲ့မှထူထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ တရားမျှတရေးအမြဲတမ်းတရားရုံး (PCIJ) ၏ ဥပဒေကို ထည့် သွင်းပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်းဆိုသည်။ ICJ တရားရုံးတွင် တရားသူကြီး (၁၅) ဦးပါဝင်ပြီး ထိုတရားသူကြီး များကို အထွေထွေ ညီလာခံနှင့် လုံခြုံရေးကောင်စီတို့မှ ရွေးချယ်တင်မြှောက်သည်။ တရား သူကြီးများ၏ တာဝန် ထမ်းဆောင်ရသောသက်တမ်းမှာ ကိုးနှစ်ဖြစ်သည်။ လက်ရှိအချိန်တွင် ICJ တရားရုံး၏ ၁၅ ဦးမြောက် ဥက္ကဋ္ဌ အဖြစ် အဗ္ဗဒူကာ ဝီယူဆွတ်ဖ်ဖြစ်၍ ၂၀၁၈ ခုနှစ်မှစတင်ကာ တာဝန်ထမ်းဆောင်လျက် ရှိနေသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အားလုံးသည် ICJ ၏ ဥပဒေ သတ်မှတ်ချက်များနှင့် သက်ဆိုင်ကြောင်းဆို သည်။ ထို့အပြင် ICJ ၏ ဆုံးဖြတ်ချက်များကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အားလုံးလိုက်နာရန် တာဝန် ရှိကြောင်းနှင့် မလိုက်နာပါက လုံခြုံရေးကောင်စီသို့ တင်ပြကာလိုက်နာရန် ဆောင်ရွက်နိုင်ကြောင်းလည်း ဆိုသည်။ လက်ရှိအ ချိန်တွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ICJ ၌ တရားစွဲဆိုခံထားရသော အမှုကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအဖွဲ့က ဝီလီယံရှာဘတ်၊ ခရစ္စတိုဖာ စတိတ်ကာ၊ မစ္စဖီဘီအိုကာဝါ စသောနိုင်ငံတကာဥပဒေပညာရှင်မျာနှင့်အတူ နယ်သာလန်နိုင်ငံ၊ သည် ဟိတ်ဂ် မြို့၌ ၃ ရက်တိုင် ကြားနာချေ ပ ခဲ့ပြီးဖြစ်သည်။ သို့သော် ကမ္ဘာ့တရားရုံး ICJ ၏ တရားရေးချိန်ခွင်လျှာ မည်သို့ယိမ်းမည်ကိုမူ ဆက်လက်စောင့် ကြည့်နေကြရဆဲပင် ဖြစ်သည်။

(နှစ်)
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံမှ ICJ တွင်တရားစွဲဆိုလိုက် သည့်သတင်းသည် ရခိုင်ပြည်နယ်နှင့် ရခိုင် လူထု ကို အတော်ပင် အံ့ဩမှင်တက်စေခဲ့သော သတင်းဖြစ်သည်။ ထို့ထက်မက နိုင်ငံတော ်အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ အမှုကို ဦးဆောင်ရင်ဆိုင်မည့် သတင်းထွက်ပေါ်လာချိန်တွင် မူ ရခိုင်လူထု တို့ ကြားထဲ၌ ဝေဖန်ချင့်ချိန်သံများနှင့် မှတ်ချက်ပြုသံများ ဆူညံသွားခဲ့ရသည်။

ရခိုင်ပြည်နယ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်လူမျိုးအများစုထောက်ခံအားပေးခဲ့ကြသော ရခိုင် အမျိုး သားပါတီ (ANP) က အမတ်ဦးရေအများဆုံးနှင့် အနိုင်ရရှိခဲ့သောပြည်နယ်ဖြစ်သည်။ ရခိုင်အမျိုးသား ပါတီ (ANP) သည် ပြည်နယ်ဝန်ကြီးချုပ်ကို ANP မှ ခန့်အပ်ရေးနှင့် ပြည်နယ်အစိုးရကို ANPမှ ဦးဆောင်ဖွဲ့စည်းခွင့်များ ကို တောင်းခဲ့သော်လည်း ထိုစဉ်ကမအောင်မြင်ခဲ့ချေ။ တစ်နိုင်ငံလုံးတွင် တောင်ပြိုကမ်းပြို အနိုင် ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှသာ ပြည်နယ်ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်အပ် ခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့ကိုလည်း ဦးဆောင်ဖွဲ့စည်းသွားခဲ့သည်။ သို့သော် ရခိုင်ပြည်နယ် လွှတ်တော်ထဲ တွင်တော့ ရခိုင်အမျိုး သားပါတီသည် အမတ်ဦးရေ အများဆုံး ဖြင့် မဲခွဲဆုံးဖြတ်ချက်အများစုကို အသာစီးရ ယူထားနိုင်ခဲ့သည်။

ခေတ်အဆက်ဆက်နိုင်ငံတော်အစိုးရတို့သည် ရခိုင်လူမျိုးတို့၏ စိတ်ဆန္ဒသဘောထားကို ဥပေက္ခာပြုခဲ့ကြပြီး လူမျိုးကြီးဝါဒီဖြင့်စိုးမိုး ခြယ်လှယ်နေကြသည်ဆိုသောအစွဲမျိုးက ရခိုင်လူမျိုးအများစု၏ မူလစိတ် သန္ဓေ ထဲတွင် ကိန်းအောင်းနေကြသည်။ မြေပေါ်မြေအောက် သယံဇာတများစွာထွက်ရှိနေသော ရခိုင်ပြည်နယ်သည် မြန်မာ နိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်နေရခြင်းမှာ လူမျိုးကြီးဝါဒီ၏ အကျိုးဆက် ဟု ရခိုင် အများစုက လက် ခံထားကြသည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ထဲ၌ ရခိုင်အမျိုးသားပါတီ က အမတ်ဦးရေ အများ စု အနိုင်ရရှိခဲ့ခြင်းမှာ ထိုအချက်များကြောင့်ဟုဆိုနိုင်သည်။ ထို့အပြင် လက်ရှိ NLD အစိုးရလက်ထက်တွင်လည်း ရခိုင်အမျိုးသားပါတီအပေါ်တွင် မသိကျိုးကျွန်ပြုခြင်း ရှိနေသေးသည်ဟု ရခိုင် လူထုက တွေးထင်ပုံပေါ်၏။ ထိုအ ချက်များသည် ရခိုင်အမျိုးသားပါတီ(ANP) နှင့် NLD ပါတီတို့ကို မဆုံနိုင် သော မျဉ်းပြိုင်များသဖွယ် သရုပ်ပေါ် လာ စေ ခဲ့သည်။ အခြားတစ်ဖက်တွင် ရခိုင်ပြည်သူလူထုအများစုနှင့် အစိုးရကို ပိုမို ဝေးကွာလာခဲ့ သည်ဟုဆို နိုင်သည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ ICJ အမှုနှင့် ပတ် သက်၍ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲကို မြန်မာနိုင်ငံအနှံ့အပြား တွင်ပြုလုပ်ခဲ့ကြသော်လည်း ရခိုင် ပြည်နယ်ထဲတွင်တော့ NLD အနိုင် ရရှိထားသော မြို့ နယ်အချို့တွင်သာ လူအနည်းငယ်ဖြင့် ပြုလုပ်နိုင်ခဲ့ သည်ကို တွေ့ရသည်။

(သုံး)
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်သည် မြန်မာ့တပ်မတော်နှင့် ရခိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသော ပြည်နယ်တစ်ခုဖြစ်သည်။ တိုက်ပွဲများကြောင့်ရခိုင်ပြည်နယ်အတွင်း၌ တိုက် ပွဲ ရှောင်ဦးရေ (၉၈၇၄၃) ဦးအထိရှိနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) က ၁၄.၁၂.၂၀၁၉ တွင်ထုတ် ပြန်ထားသည်။ ထို့အပြင် တိုက်ပွဲအတွင်း ကျောင်းသားကျောင်းသူ နှင့် ကလေး ငယ်များအပါအဝင် အရပ်သား ပြည်သူသေဆုံးမှုမှာ ၈၀ ဦးရှိနေကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ ကျော် အထိ ရှိနေကြောင်း သတင်းဌာန များက လောလောလတ်လတ် ဖော်ပြနေကြသည်။

ထိုသို့ တိုက်ပွဲများ ကြာမြင့်လာသည်နှင့်အမျှ တိုက်ပွဲ၏ဆိုးကျိုးများကို ရခိုင်ပြည်သူများ ခံစားနေကြရသည်။ သေ ကျေပျက်စီးမှုများနှင့် အိုးပစ်အိမ်ပစ်စွန့်ခွာမှုများကို တိုက်ပွဲနယ်မြေအတွင်းမှ ရခိုင်လူမျိုးများ နေ့စဉ်နှင့်အမျှ ကြုံ တွေ့နေကြရသည်။ စစ်၏ အနိဋ္ဌာရုံကို အကြောက်တရားများဖြင့် ရင်ဆိုင်နေကြရသည်။ နှစ်နှင့်ချီ ကာကြာမြင့် လာ သောတိုက်ပွဲများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့်အဖြေရှာကာ အမြန်ဆုံးရပ်တန့် ပစ်ချင် နေကြချိန်လည်း ဖြစ်သည်။ ထိုအချိန်မျိုးတွင် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ်တရားစွဲဆိုလိုက်ခြင်းသည်ရခိုင်ပြည်နယအတွင်း မှ တိုက်ပွဲများကိုလျှော့ချရန် ဖိအားတစ်စုံတစ်ရာရှိလာစေမည်လား ဆိုသောအတွေး မျိုးကို ရခိုင်လူမျိုးများ တွေး ထင်လာသယောင်ရှိနေသည်။ ထူးခြားသည်မှာ ရခိုင်အဖွဲ့(AA) အပါအဝင် မြောက်ပိုင်း-၃ ဖွဲ့က ဂမ်ဘီယာ၏ တ ရားစွဲဆိုမှုနှင့်ICJ အပေါ်တွင် ထောက်ခံကြောင်း သဘောထားထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

(လေး)
ရခိုင်လူမျိုးတို့၏ နိုင်ငံရေးရပ်ဝန်းထဲတွင် မတူညီသော ရပ်တည်ချက်အရ အခြေခံကျသော အုပ်စု (၃)စုရှိကြောင်း ဆိုနိုင်သည်။ မည်သည့် ခေတ်၊ မည်သည့်စနစ်နှင့် မည်သည့်အစိုးရကို ကြုံတွေ့ရင်ဆိုင်ရသည်ဖြစ်စေ ထိုအခြေခံ အုပ်စု (၃) စုသည် သူ့နေရာနှင့်သူ ရှိနေကြလိမ့်မည်ပင် ဖြစ်သည်။ ပထမအုပ်စုမှာ အခြေခံ လူတန်းစားအများစု ပါဝင်သော အုပ်စုဖြစ်သည်။ ထိုအုပ်စုသည် လူမျိုးနှင့် ဒေသကိုကိုယ်စားပြု သောအုပ်စု ဟု သူတို့ကိုယ်သူတို့ မှတ် ယူ ကြသူများဖြစ်သည်။ သူတို့ကိုယ်သူတို့ မျိုးချစ်များဟုခံယူကြသည်။ ဒုတိယအုပ် စုမှာ လစ်ဘရယ်အုပ်စု ဖြစ် သည်။ လစ်ဘရယ်အုပ်စုတွင် လူကုံထံနှင့် ပညာတတ်ဦးရေများပြားသည်။ ထို အုပ်စုမှလူများသည် မျှတစွာတွေး တောနိုင်စွမ်းရှိသူများ၊ လုပ်ကိုင်နိုင်စွမ်းရှိသူများ၊ ပိုမိုတတ်သိနားလည် သူများဟု သူတို့ကိုယ်သူတို့ ခံယူကြသည်။

ပထမအုပ်စုနှင့် ဒုတိယအုပ်စုတို့သည် ရခိုင့်နိုင်ငံရေးရပ်ဝန်းထဲတွင် အားပြိုင်မှုနှင့် ထိပ်တိုက်တွေ့ဆုံမှု အများဆုံး အုပ်စုများ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ပထမအုပ်စုမှ ဒုတိယအုပ်စုကိုနောက်မြီးဆွဲအုပ်စုများအဖြစ်ကင်ပွန်းတပ် လေ့ ရှိပြီး ဒုတိယအုပ်စုကလည်း ပထမအုပ်စုကို မျက်ကန်းမျိုးချစ်များဟု ကင်ပွန်းတပ်လေ့ရှိသည်။ တတိယ အုပ် စုမှာ ကြားနေအုပ်စုဖြစ်သည်။ သုံးသပ်ဝေဖန်ပြီးမှသာ ကြိုက်နှစ်သက်ရာအုပ်စု ထဲသို့ ပူးပေါင်းအားဖြည့် တတ်သူများဖြစ်သည်။ သို့သော် ထိုသူများသည် မည်သည့်အစွဲမျိုးမှ မရှိကြချေ။ မည်သို့ပင်ဆိုစေ တတိယအုပ်စု ကို အကြိုက်တွေ့အောင် ဖန်တီးနိုင်သောအုပ်စုသည် ရခိုင့်နိုင်ငံရေးထဲတွင် ထောက်ခံမှုပိုမိုရရှိတတ်၏။

(ငါး)
လက်ရှိအချိန်တွင် ၂၀၁၉ သည် ပြန်မရနိုင်တော့အောင် ပြီးဆုံးသွားခဲ့ပြီးဖြစ်သည်။ သို့သော်ICJ စကားလုံး သည် ရခိုင်ပြည်နယ်ထဲ၌ သုံးဖက်မြင်အဖြစ် ကျန်နေရစ်သည်။ ပထမအုပ်စု၏အမြင်၊ ဒုတိယအုပ်စု၏ အမြင် နှင့် တတိ ယအုပ်စု၏ အမြင်တို့ဖြင့် သုံးဖက်မြင်ICJ ဖြစ်နေဆဲ ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစု ကြည် ဦးဆောင်ခဲ့သော အဖွဲ့အပေါ်တွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်ကြိုးစားခြင်း ဟု သတ်မှတ်သူ များရှိသကဲ့သို့ ၂၀၂၀ အတွက် နိုင်ငံရေးကစားကွက် တစ်ခုဟုမှတ်ယူသူများလည်း ရှိ နေ ကြဆဲဖြစ်သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ စတင်ကာ တိုင်းရင်းသားအခွင့်အရေး၊ စစ်အာဏာရှင် စနစ်ချုပ် ငြိမ်းရေး၊ ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေးတို့ကို တစိုက်မတ်မတ် လှုပ်ရှားလာခဲ့သော ဒေါ်အောင်စု ကြည်အပေါ် အံ့ဩမှင်တက်သူများ ရှိနေကြသည်။ စင်စစ်တွင်ICJ မှ ကိုင်တွယ်ခဲ့သော အမှုများသည် တစ် နှစ်၊ နှစ်နှစ် မှ ၃၄ နှစ်အထိ ကြာမြင့်တတ် သည်များရှိခဲ့သည်ဟု ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံ၏ အမှုတွင် နှစ်ဖက် တင်ပြချက်နှင့် ချေပချက်များကိုဆန်း စစ် ကာ ကြားဖြတ်ဆုံးဖြတ်ချက်တစ်ခုကို ICJ မှ ချမှတ်ရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ။ မီးရှူးသန့်စင်စ ၂၀၂၀ ပြည့်နှစ်သည်လည်း ဆက်ရန်များ ရှိနေဆဲဟုဆိုရမည်ပင် ဖြစ်လေသည်။ ။




/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */