Showing posts with label ကုလစုံစမ်းရေးအဖွဲ့. Show all posts
Showing posts with label ကုလစုံစမ်းရေးအဖွဲ့. Show all posts
Wednesday, August 26, 2020
Wednesday, September 11, 2019
IIMM ကုလစုံစမ်းစစ်ဆေးရေးယန္တရား မြန်မာအစိုးရလက်မ ခံပယ်ချ
VOA
ဗွီအိုအေမြန်မာပိုင်း
11 စက်တင်ဘာ၊ 2019
အင်ကြင်းနိုင်
ဗွီအိုအေမြန်မာပိုင်း
11 စက်တင်ဘာ၊ 2019
အင်ကြင်းနိုင်
ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း
IIMM မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား အဖွဲ့ ရဲ့ လုပ်ငန်းစဉ်တွေဟာမြန်မာနိုင်ငံရဲ့ အချုပ် အခြာ အာဏာကို ဝင်ရောက်စွက်ဖက်နေတဲ့ အတွက် မြန်မာအစိုးရက လုံးဝလက်မခံတဲ့ အပြင် နိုင်ငံတကာခုံရုံးတရားစီရင်မှုကိုလည်း လက်သင့်ခံ မှာမဟုတ်ဘူးလို့ စက်တင်ဘာလ (၁၀)ရက်နေ့က ပြုလုပ်တဲ့ ဂျီနီဗာလူ့အခွင့် အရေးကောင်စီ ညီလာခံမှာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။Monday, September 9, 2019
IIMM ကုလစုံစမ်းရေးအဖွဲ့နဲ့ အချက်အလက်စုဆောင်း ရေးအဖွဲ့ ဘယ်လိုကွာခြားလဲ
VOA
ဗွီအိုအေမြန်မာ09 စက်တင်ဘာ၊ 2019
သားညွန့်ဦး
IIMM အကြီးအကဲဖြစ်သူ Nicholas Koumjian လူ့အခွင့်အရေးကောင်စီမှာ ရှင်းလင်း
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ (IIMM) အနေနဲ့ မြန်မာနိုင်ငံတွင်းက ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူတရားစွဲဆိုနိုင်ဖို့ လုပ်ငန်းစဉ်တွေ စတင်ပြီဖြစ်ပါတယ်။ ဒီ ကုလစုံစမ်းရေးအဖွဲ့ရဲ့ ပထမဦးဆုံးအစီရင်ခံစာကို ကုလ လူ့အခွင့်အရေးကောင်စီကို ဒီကနေ့ တင်သွင်းသလို၊ ဘယ်လို လုပ်ငန်းဆောင်ရွက်သွားမလဲ ဆိုတာကိုလည်း IIMM အဖွဲ့ အကြီးအကဲဖြစ်သူက ရှင်းလင်းခဲ့ပါတယ်။ အခု လုပ်ငန်းစတင်လိုက်တဲ့ IIMM နဲ့ အရင် ရှိထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ FFM တို့ သဘော သဘာ၀ ဘယ်လိုကွာခြားသလဲ။ ကိုသားညွန့်ဦးက ပြောပြပေးမှာပါ။
Monday, August 5, 2019
KBZ နှင့် Max Myanmar ကုမ္ပဏီနှစ်ခုကိုရာဇဝတ် ကြောင်းအရ စုံစမ်းအရေးယူရန်ကုလစုံစမ်းရေးအဖွဲ့တိုက် တွန်း
Myanmar Now
Published on Aug 5, 2019

ဦးအောင်ကိုဝင်း၏ ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နှင့် ဦးဇော်ဇော်၏ မက်စ်မြန်မာကုမ္ပဏီအုပ်စု (MaxMyanmar) တို့မှာ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုတူး ဖော်ရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီအုပ်စုကြီးများဖြစ်သည်။
မြန်မာပြည်ရှိ ထိပ်တန်းခရိုနီပိုင်ကုမ္ပဏီများသည် တပ်မတော်၏ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ် မှု များကို ကူညီထောက်ပံ့သည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုကုမ္ပဏီနှစ်ခုလုံးသည် မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံရန် ငွေကြေးထောက်ပံ့ခဲ့ကြပြီး၊ ထိုသို့ပြု လုပ်ခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည့် ရိုဟင်ဂျာများ ၎င်းတို့နေရပ်ကို ပြန်လာရမည့် အခြေအနေအား အတားအဆီးဖြစ်စေမည်ကို သိလျက်နှင့် ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြ ထားသည်။
Subscribe to:
Posts (Atom)