Showing posts with label ထုတ်ပြန်ကျေညာချက်. Show all posts
Showing posts with label ထုတ်ပြန်ကျေညာချက်. Show all posts

Monday, May 20, 2024

ရခိုင်ပြည်နယ်တွင် စစ်တပ်က လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် အရှိန်အဟုန်မြှင့်ပြီး နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေ၍ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်ရန် အသင့်ရှိဟု AA ဖိတ်ခေါ်

 

ရန်ကုန်၊ မေ ၂၀ ၂၀၂၄
 
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ရခိုင့်တပ်တော်အနေဖြင့် နိုင်ငံတကာအကြမ်းဖက်မှုတိုက် ဖျက်ရေးအဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်ရန် အသင့်ရှိကြောင်း ယနေ့ မေလ ၂၀ ရက်နေ တွင်ထုတ်ပြန်သည်။
 
ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူ မြို့နယ်များမှ မူဆလင်များ၊ RSO၊ ARSA၊ ARA နှင့် အကြမ်း ဖက်လိုသော အစွန်းရောက်မူဆလင်လူငယ်အရေအတွက် အများ အပြားကို အကြမ်းဖက် သင်တန်းများပေးကာ လက်နက်တပ်ဆင်ပေးခြင်း၊ လက်ရှိဖြစ်ပွားနေသော အာရက္ခ ဒေသ တိုက်ပွဲ များအတွင်း အသုံးပြုခြင်း၊ RSO၊ ARSA၊ ARA အကြမ်းဖက်အဖွဲ့အစည်းများနှင့် စစ်ရေး အတူပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်ကာ အာရက္ခဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး အဓိက ရုဏ်း ဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် အရှိန်အဟုန်မြှင့်ကာ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင် လျက်ရှိကြောင်း ရခိုင့်တပ်တော် -AA ထုတ်ပြန်ချက်အရ သိရ သည်။
 

Thursday, March 23, 2023

ALP ပါတီနှင့် ဒေါ်စောမြရာဇာလင်း လုံးဝသက်ဆိုင်မှုမရှိ ကြောင်း ထုတ်ပြန်

ARAKAN NEWS
Myo Myart Zaw Hein
March 21, 2023

 
 ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၌ ဒု-ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဒေါ်စောမြရာဇာလင်းသည် ပါတီ ဥက္ကဋ္ဌ အဖြစ်ခံယူကာ ဗဟိုကော်မတီ အသစ်များဖြင့် ALP ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းခြင်းကို လက် မခံကြောင်း၊ ဒေါ်စောမြရာဇာလင်းကို ALP ပါတီမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း၊ ပါတီနှင့် လုံးဝသက် ဆိုင်မှုမရှိကြောင်း ALP ပါတီ၏ အတွင်းရေးမှုး ဦးခိုင်ကျော်ခိုင် က ပြောသည်။

Wednesday, February 2, 2022

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကြားနာမှုတွင် ကနဦးကန့် ကွက်မှုအားလုံးကို ပြန်လည်ရုတ်သိမ်းခြင်း ထုတ်ပြန်ကြေ ညာချက်

အမျိုးသားညီညွတ်ရေး အစိုးရ
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်


ဂမ်ဘီယာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာတရားရုံးသည် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံအား တရား စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ကြားနာမှုတစ်ခုပြုလုပ်ရန် စီစဉ်ထားကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။ အမျိုး သားညီညွတ်ရေးအစိုးရ အနေဖြင့် ဂမ်ဘီယာနှင့် မြန်မာနိုင်ငံအမှုတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ မြန်မာနိုင်ငံအား ကိုယ်စားပြုမှုဆိုင်ရာ မိမိတို့၏ အခွင့်အရေးကို အတည်ပြုနိုင်ရန် ကြိုးစားဆောင်ရွက်လျှက် ရှိကြောင်း မြန်မာပြည်သူတရပ်လုံးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ရှင်းလင်းစွာ သိစေအပ် ပါသည်။

စစ်တပ်အား မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လက်ခံမည်ဆိုပါက ကုလ သမဂ္ဂ အထွေထွေညီလာခံ၏ ရပ်တည်ချက်သဘောထားများနှင့် ညီညွတ်မှုမရှိပဲ အန္တရာယ်ရှိသော အ စဉ်အလာ တစ်ရပ်ကို ချမှတ်ပေးသကဲ့သို့ ဖြစ်နိုင်ပါသည်။ ဗျူရိုကရေစီယန္တရား၏ မဖြစ်သင့်သော လွဲမှား ဆောင်ရွက်မှုကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံးသည် စစ်တပ်က ထိန်းချုပ်ထားသော တရားမဝင်သည့် ဘရပ်ဆယ်လ်မြို့ရှိ သံရုံးနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်း ထင်ရှားလျှက်ရှိသည်။

Thursday, June 3, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ် ရေးအစိုးရ၏ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထား

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထား
၃ ဇွန်လ ၂၀၂၁

အမျိုးသားညီညွတ်ရေးအစိုးရသည် လူ့အခွင့်အရေးနှင့် လူသားတို့၏ ဂုဏ်သိက္ခာကို လေးစား လိုက်နာပြီး ဖက် ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ရှင်းလင်းစွာဖော်ပြထားသည့်အတိုင်း ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပ က္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန် နိုင်ငံသူ ၊ နိုင်ငံသားများအားလုံး ငြိမ်းချမ်းစွာ အေးအ တူပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်သော သာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်ရန် ရည်ရွယ်သည်။

Monday, January 18, 2021

ရခိုင်ပြည်၏ စည်းလုံးညီညွတ်သော မတူကွဲပြားသည့် အသိုင်းအဝန်းများ ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်

ရခိုင်၊ မွတ်ဆလင် (ရိုဟင်ဂျာ) နှင့် လူနည်းစုအသိုင်းအဝန်းများသည် လွန်ခဲ့သည့် အောက်တိုဘာလမှ စတင် ကာ အစည်းအဝေးများကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးများတွင် ပါဝင်တက်ရောက် ကြသူ များမှ အောက် ဖေါ်ပြ ပါမူ (Principles) များကို သဘောတူခဲ့ကြသည်။ ထိုသဘောတူညီချက်များကို အခြေခံပြီး အောက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်အပ်ပါသည်။

ရခိုင်ပြည်၏ စည်းလုံးညီညွတ်သော မတူကွဲပြားသည့် အသိုင်းအဝန်းများ ထုတ်ပြန်ကြေညာချက်

rt
ရခိုင်နှင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းများ 
Jan 18, 2021 

ရခိုင်ပြည်၏ စည်းလုံးညီညွတ်သော မတူကွဲပြားသည့် အသိုင်းအဝန်းများ ထုတ်ပြန်ကြေညာချက်၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်
 
ရခိုင်၊ မွတ်ဆလင် (ရိုဟင်ဂျာ) နှင့် လူနည်းစုအသိုင်းအဝန်းများသည် လွန်ခဲ့သည့် အောက်တိုဘာလမှ စတင် ကာ အစည်းအဝေးများကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးများတွင် ပါဝင်တက်ရောက် ကြသူ များမှ အောက် ဖေါ်ပြပါမူ (Principles) များကို သဘောတူခဲ့ကြသည်။ ထိုသဘောတူညီချက်များကို အခြေခံပြီး အောက်ပါ ထုတ်ပြန် ချက်ကို ထုတ်ပြန်အပ်ပါသည်။

Thursday, November 28, 2019

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်

(၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်)

 ၁။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် စပ်လျဉ်း၍ ဂမ်ဘီယာ နိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆို ခဲ့ပါသည်။ ကုလ သမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ဤကိစ္စသည် နိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်၍ ဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */