လွတ်လပ်တဲ့ အာရှအသံ
2019-04-26
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုရှားသမ္မတပူတင်တို့ တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် ၂ဝ၁၉ ဧပြီလ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်။
Photo: Myanmar State Counsellor Office
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုရှားသမ္မတပူတင်တို့ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ မနေ့က တွေ့ဆုံပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့၊ အစိုးရချင်းဆက်ဆံရေး တိုးမြှင်ဖို့၊ ဆက် သွယ်ရေး၊ လေကြောင်းပို့ဆောင်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင် ရွက်ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ စွမ်းအင်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်ရေးဆိုင်ရာ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံရဲ့ ဥရောပရေးရာနဲ့ နိုင်ငံခြားရေးဝန်ကြီး Mr. Jean Yves Le Drian နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
လင့်၊https://www.rfa.org/burmese/news/dassk-president-putin-04262019164256.html