" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, August 15, 2023

မောင်တောမှာ ရိုဟင်ဂျာ ၂၈ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.08.15 

မောင်တောမြို့နယ်တွင် ဖမ်းဆီးခံလိုက်ရသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
ရခိုင်နေ့စဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၂၈ ဦးကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဂေါ်ဒူသာရချောင်းဝနဲ့ မှိုဝင်ချောင်းဝကြားမှာ သြဂုတ်လ ၁၄ ရက် မနေ့က ဖမ်းဆီး ရမိခဲ့တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာအမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးခဲ့တာပါ။ ရိုဟင်ဂျာတွေ တရားမဝင် ဝင် ရောက်လာတာကို သတင်းရတဲ့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာလို့ ထုတ် ပြန်ပါတယ်။

ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေကို အမှုဖွင့်တရားစွဲနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခအမျိုးမျိုး ခံစားနေရတာကြောင့် သူတို့ရဲ့ မူလနေရပ်ကို ပြန်လာခဲ့တဲ့အပေါ် စစ်ကောင်စီက ဖမ်းဆီးထောင်ချတာမျိုးမလုပ်သင့်ဘူးလို့ရိုဟင်ဂျာအရေးတက်ကြွ လှုပ်ရှားသူ ကိုနေဆန်းလွင်က RFA ကို ပြောပါတယ်။

“ဒုက္ခသည်တွေက စခန်းမှာ ဒုက္ခအမျိုးမျိုးနဲ့ ကြုံနေကြရတယ်။ စားဝတ်နေရေး အခက်အခဲတွေ ရှိ တယ်။ ပြီးရင် ဒုစရိုက်ဂိုဏ်းတွေကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတာတွေလည်း ရှိ တယ်။ ဒီလိုအခြေအနေ အမျိုးမျိုးတွေကြောင့် ရိုဟင်ဂျာတွေဟာ သူတို့အရင်က နေထိုင်ခဲ့တဲ့နေ ရာ ကို ပြန်လာကြတာပေါ့။ ဒါကို စစ်ကောင်စီကတော့ တရားမဝင်လမ်းကြောင်းကလာတယ်ဆိုပြီး အမြဲတမ်း ဖမ်းဆီးထောင်ချလေ့ရှိတယ်။ အရင်ကရော အခုရောပေါ့။ ဒါက လုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲ”


ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘူးသီးတောင်၊မောင် တောကနေ ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံသွားခဲ့တာပါ။

စစ်ကောင်စီကတော့ အဲဒီရိုဟင်ဂျာတွေထဲက ဒုက္ခသည်တစ်ထောင်ကျော် ရှေးပြေးစီမံကိန်းအနေနဲ့ ပြန် လည်လက်ခံဖို့ ၂၀၂၃ခုနှစ် မေလကစလို ပြင်ဆင်ခဲ့ပေမယ့် အခုအချိန်အထိ ရိုဟင်ဂျာတွေ ပြန်မ လာနိုင်သေးပါဘူး။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */