Showing posts with label နယ်ခြားစောင့်တပ်. Show all posts
Showing posts with label နယ်ခြားစောင့်တပ်. Show all posts

Monday, October 10, 2022

စစ်ကောင်စီတပ်၏ လိပ်ရနယ်ခြားစောင့်ရဲစခန်းကို ၁ နာရီ အတွင်း AA က သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၃ ဦးနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ၊ စစ်သားအလောင်းတချို့ရရှိသည်ဟု ဆိုသော်လည်း အရေအတွက် မဖော်ပြ

Khit Thit Media
ရန်ကုန်၊ အောက်တိုဘာ ၁၀


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ လိပ်ရနယ်ခြားစောင့်တပ်စခန်းကို AA က တိုက်ပွဲအချိန် ၁ နာရီအ တွင်း ယနေ့ သိမ်းပိုက် ရရှိပြီး စစ်သုံ့ပန်း ၃ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း၊ စစ်သားအလောင်းတချို့ရရှိသော်လည်း အရေအတွက်ကို မူ ဖော်ပြခြင်းမရှိကြောင်း သိရှိရသည်။
 

Friday, June 5, 2020

မောင်တောနယ်စပ်မှာ နယ်ခြားစောင့်တပ်နဲ့ ARSA တိုက်ပွဲ ဖြစ်

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
05 ဇွန်၊ 2020 
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ဘက်နယ်စပ်မှာ မြန်မာနယ်ခြားစောင့်တပ်နဲ့ ARSA ရိုဟင်ဂျာလက် နက် ကိုင် အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်း အိန် က တင်ဆက်ပေးမှာပါ။

Monday, May 4, 2020

ARSA အဖွဲ့၏ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်ရဲ ၂ ဦး ဒဏ်ရာရ

ဧရာဝတီ
Byသီဟလွင် 
3 May 2020
မောင်တောရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ / သော်ဟိန်းထက် / ဧရာဝတီ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို ယမန်
နေ့ မေလ ၂ ရက် နေ့က ARSA အဖွဲ့က ချောင်းမြောင်း ပစ်ခတ်သောကြောင့် ဒုရဲအုပ် ၁ ဦးနှင့် ရဲတပ်သား ၁ ဦးဒဏ်ရာရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးတလျှောက် ကင်းလှည့်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှာ နယ်ခြားမှတ် တိုင်၊ ဘီပီ ၄၁ ၏ အရှေ့တောင်ဘက် မီတာ ၄၀၀ သို့ ရောက်ရှိစဉ် ARSA အဖွဲ့က ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘက် ခြမ်းမှ ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်စစ်ကြောင်းကပါ စစ်ကူပေးပြီး ပြန် လည် ပစ်ခတ်ခဲ့ခြင်းကြောင့် ARSA အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း တပ်မတော်၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ARSA အနေနဲ့က အရင်ကပြောထားတာအတိုင်းပဲ၊ ဒီလအတွင်းမှာတော့ ICJ မှာ အစီအရင်ခံစာ တင်ရမှာ ဖြစ် တဲ့အတွက် အစီအရင်ခံစာ မတင်ခင်ကာလအတွင်းမှာ လှုပ်ရှားမှု ပိုများလာတာကို တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ဧပြီလ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ် ခမောင်းဆိပ်ကျေးရွာအနီးတွင် ARSA အဖွဲ့၏ ယာယီစခန်းချရာနေရာ မှ ခဲယမ်းများ၊ အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဧပြီ ၁၅ ရက်နေ့ကလည်း အောင်ဇူနယ်မြေရုံးမှ အရေးကြီးလုပ်ငန်းစာရွက်များ ပေးပို့သော ရဲတပ်ဖွဲ့ဝင်များ ကို ARSA အဖွဲ့က ချောင်းမြောင်းပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ရသေးသည်။

ဧပြီလ ၂၉ ရက်နေ့ကလည်း နယ်ခြားမှတ်တိုင် ဘီပီ ၄၁ ၏ မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာတွင် ARSA အဖွဲ့ဝင် ၂ ဦးကို လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ အသေဖမ်းဆီး ရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာလုံခြုံရေးစခန်းများကို ARSA အဖွဲ့ က ဦးဆောင်၍ ဝင်ရောက်တိုက်ခိုက်ခြင်းအား မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်စစ်ဆင်ရာ တွင် မွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက ဂျီနိုဆိုက် (လူမျိုးပြုန်းတီးစေမှု) စွပ်စွဲချက်ကြောင့်အပြည်ပြည် ဆိုင်ရာ တ ရားရုံး (ICJ)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့ က မြန်မာနိုင်ငံကိုယ်စား သွားရောက် ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။

မြန်မာနှင့် ဂမ်ဘီယာ၏ နှစ်ဘက်လျှောက်လဲချက်များကို နားထောင်ပြီးနောက် ICJ က အချက် ၄ ချက်ပါဝင် သော ကြား ဖြတ်အမိန့်တခုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ချမှတ်ခဲ့ရာ ယခုမေလအတွင်း မြန်မာနိုင်ငံက အစီ အရင်ခံစာတခု တင်သွင်းရမည် ဖြစ်သည်။

အဆိုပါ အချက် ၄ ချက်တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားပြီးဖြစ်သော လူမျိုးပြုန်းတီးစေမှု တားဆီး ရေးဆိုင်ရာ နိုင် ငံတကာ သဘောတူညီချက်တွင် ပြဌာန်းထားသည့် အပိုဒ်တချို့မှ အချက်အလက်များ အပါ အ ဝင် သက်သေ အထောက် အထားများ မဖျက်ဆီးရန်နှင့် လေးလအတွင်း အစီအရင်ခံစာတင်ရမည့် အ ချက်အလက်များ ပါဝင်သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် လူမျိုးတခုအပေါ် ဆက်လက်ကျူးလွန်မှုများ ဆက်မဖြစ်ပေါ်စေရန်နှင့် တပ်မ
တော် အပါအဝင် မည်သည့်လက်နက်ကိုင်အဖွဲ့ကမှ ဂျီနိုဆိုက်ကဲ့သို့သော လုပ်ရပ်မျိုး ဆက်လက် မကျူး လွန်စေရန် အစီအမံ များ ဆောင်ရွက်ရန် အချက်များလည်းပါဝင်သည်။

Link : Here

Sunday, May 3, 2020

ရိုဟင်ဂျာ လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ တပ်မ တော်ပြော

VOA 
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
03 မေ၊ 2020 
 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ "no man's land" ကို ကာရံထားသည့် ခြံစည်းရိုးနားတွင် လုံခြုံရေးတာဝန်ယူထားသည့် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မ တော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် သ တင်းပေးပို့ထားပါတယ်။

အာဆာအဖွဲ့က နယ်ခြားစောင့်တပ်ကိုတိုက်ခိုက်ကြောင်း တပ်မတော်ပြော

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
3 May 2020
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာကင်းလှည့်နေတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ကို မေလ ၂ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ၊ ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်လို့ ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်သား တစ် ဦး ဒဏ်ရာ ရသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော် မင်း ထွန်းက RFA ကိုပြောပါတယ်။

Thursday, August 1, 2019

ရခိုင်ပြည်နယ် နုယ်ခြားစောင့်ရဲယာဉ်တန်း တိုက်ခိုက် ခံရ

VOA  
ဗွီအိုအေ (မြန်မာဌာန)
01 သြဂုတ်၊ 2019
ဇော်ထက်
၂၀၁၆ စက်တင်ဘာ ၂၄ ရက်တုန်းက မြန်မာ နယ်ခြားစောင့်ယာဉ်တန်းတခုကို တွေ့ရစဉ် 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ အောင်ဗလကျေးရွာကြား မောင်တောမြို့နယ်သွားတဲ့လမ်းပေါ်မှာ ဒီနေ့ သြဂုတ် ၁ရက် မနက် ၈နာရီလောက်မှာ မိုင်းပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ ယာဉ်တန်း ကို တိုက်ခိုက်ခံရတယ်လို့ တပ်မတော်ဘက်က အတည်ပြုပါတယ်။ ဒါကရခိုင်လက်နက်ကိုင်အဖွဲ့ AA ကြောင့်လို့ တပ်မတော်ဘက်က ပြောထားပေမဲ့ AA ဘက်ကို ဆက်သွယ်လို့မရခဲ့တာကြောင့် အတည် မပြုနိုင်ခဲ့ပါဘူး။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

Friday, July 26, 2019

ဘူးသီးတောင်က နယ်ခြားစောင့်စခန်းကို AA ဝင်တိုက်

B B C
ဘီဘီစီ မြန်မာပိုင်း
၂၆ ဇူလိုင် ၂၀၁၉ 


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းကို ရက္ခိုင့်  တပ်မ တော် AA က ဇူလိုင် ၂၆ ရက်နေ့ မနက် ၄ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လုံခြုံရဲ တပ်ဖွဲ့ ဝင် ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Tuesday, April 23, 2019

မောင်တောမှာ နယ်ခြားစောင့်ရဲကား တိုက်ခိုက်ခံရ

VOA  
ဗွီအိုအေ (မြန်မာဌာန)
22 ဧပြီ၊ 2019
နိုင်ကွန်းအိန်
 နယ်ခြားစောင့်ရဲများ
မောင်တောမြို့နယ်မြောက်ပိုင်းမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားတစ်စီး ဒီနေ့ မနက်က မိုင်းခွဲ တိုက်ခိုက်ခံရပါတယ်။ ဒီတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်မှုအခြေအနေနဲ့ ဘယ်အဖွဲ့ကနေ တိုက်ခိုက်သလဲ ဆိုတာ အတည်မပြုနိုင်သေးပေမဲ့၊ ဒေသခံတွေကတော့ ရိုဟင်ဂျာလွတ်မြောက်ရေး အဖွဲ့ ARSA က တိုက်ခိုက်တာဖြစ်နိုင် တယ် လို့ သံသယရှိနေကြတဲ့အကြောင်း နယ်မြေခံလွှတ်တော် ကိုယ်စား လှယ်တွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် ကနေသတင်းပေး ပို့ထားပါ တယ်။

Friday, April 12, 2019

ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စ ခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင် တစ် ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလည်း စခန်းကို စွန့်ခွာသွားကြသည်ဟု နွားရုံတောင် ကျေးရွာသား တစ် ဦးက ပြောသည်။

Monday, April 8, 2019

စိန့်မာတင်ကျွန်းမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ချထား

VOA
ဗွီအိုအေ (မြန်မာပိုင်း)၊
နိုင်ငံတကာ
08 ဧပြီ၊ 2019
                စိန့်မာတင်ကျွန်းမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များရောက်လာစဉ် ( Photo: BGB )

မြန်မာနဲ့ နယ်စပ်အနီး ဘင်္ဂလားဒေရှ့် တောင်ပိုင်း ကျွန်းတခုမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် လက်နက်အပြည့်အစုံနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို တနင်္ဂနွေနေ့မှာ တပ်ချထားကြောင်း ဘင်္ဂ လားဒေရှ့် အရာရှိတွေက ပြောပါတယ်။ စိန့်မာတင် ကျွန်းမှာ တိုက်ခိုက်ရေး ရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ ဒါဇင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို တပ်ချထားတဲ့ ဓာတ်ပုံတွေကို ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်က ဖြန့်ေ၀ ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */