" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ရေးဆောင်းပါး. Show all posts
Showing posts with label စစ်ရေးဆောင်းပါး. Show all posts

Saturday, October 21, 2023

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

ဧရာဝတီ
Military, ဆောင်းပါး
အေးချမ်းဆု
19 October 2023

ကရင်ပြည်နယ်အတွင်း မြင်တွေ့ရသော တပ်ဖွဲ့ဝင်များ/ The New York Times

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs)

မြန်မာပြည်တွင် လွတ်လပ်ရေးရပြီးကတည်းက တဖွဲ့ပြီးတဖွဲ့ ပေါ်ပေါက်လာသည့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ များစွာရှိသည်။ ထိုတပ်ဖွဲ့များကို လက်ရှိကာလတွင် အောက်ပါအတိုင်း တွေ့ရှိရသည်။

Tuesday, October 17, 2023

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

ဧရာဝတီ
အေးချမ်းဆု
16 October 2023
ဆောင်းပါး
CNF ဌာနချုပ်တွင် တွေ့ရသော ချင်းတပ်သားတဦး/ABC

နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော တိုင်းရင်းသားအင်အားစုများ
(က) ကရင်နီ ပြည်နယ်မှ တပ်ဖွဲ့များ

(၁) ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)

နွေဦးတော်လှန်ရေးအတွင်း မိုးဗြဲရဲစခန်းတိုက်ပွဲမှစ၍ ထွက်ပေါ်လာသည့် ကရင်နီတော်လှန်ရေး အင်အားစုဖြစ်၏။ လက်ရှိ ကရင်နီနယ်အတွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) သည် အင်အားအများဆုံး အဖွဲ့အစည်း ဖြစ်သည်။ KNDF တွင် တပ်ရင်း ၂၂ ရင်း ဖွဲ့စည်းထားသည်။ လူ အင်အား ၇,၀၀၀ မှ ၈,၀၀၀ ကြားရှိသည်။ နှစ်နှစ်အတွင်း လက်နက်တပ်ဆင်မှုနှင့် တိုက်ရည်ခိုက်ရည် မြန်မြန်ဆန်ဆန် တိုးတက်သောအဖွဲ့အစည်း ဖြစ်သည်။

Monday, October 16, 2023

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၂)

ဧရာဝတီ
by အေးချမ်းဆု
13 October 2023
ဆောင်းပါး

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်များ (ဓာတ်ပုံ - DMO/PDF)

စစ်ဒေသ (၂)

စစ်ဒေသ (၂) တွင် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့်ရန်ကုန် တိုင်းတို့ ပါဝင်၏။ စစ်ဒေသ (၂) ရှိ တပ်များအားလုံးအား တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပူး တွဲ၍ ကွပ်ကဲမှုယူပြီး ဖြစ်သည်။ 

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၁)

ဧရာဝတီ
by အေးချမ်းဆု
11 October 2023
in ဆောင်းပါး

မန္တလေး PDF တပ်ဖွဲ့ဝင်များ / MPDF

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသည့်အချိန်တွင် ပြည်နယ်များ၌ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များစွာ ရှိသော်လည်း ပြည်မတွင် လက်နက်ကိုင်ပုန်ကန်မှု မရှိပေ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ အလံနီ၊ ပြည်သူရဲဘော်၊ ပါလီမန်ဒီမိုကရေစီပါတီ (ပဒပ) စသည့် ဗမာလူမျိုးများဦးစီးသည့် လက်နက် ကိုင် အဖွဲ့အစည်းများသည် ၁၉၇၅ ခုနှစ် နောက်ပိုင်းမှစ၍ ပြည်မတွင် အရေးနိမ့်သွားခဲ့ကြပြီးနောက် ပြည်မဒေသဟု ဆိုကြသည့် တိုင်း ၇ တိုင်းတွင် လက်နက်ကိုင်ပုန်ကန်မှု မရှိတော့ပေ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */