" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လုပ်ပိုင်ခွင့်အာဏာ. Show all posts
Showing posts with label လုပ်ပိုင်ခွင့်အာဏာ. Show all posts

Monday, August 22, 2022

ကုလသမဂ္ဂအထွေထွေညီလာခံမှ ကုလသမဂ္ဂအထူးသံတမန် ၏ လုပ်ပိုင်ခွင့်အာဏာကို ရုပ်သိမ်းရန်

၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်
AUTHOR: 864 LOCAL,REGIONAL AND INTERNATIONAL ORGANIZATION

ကုလသမဂ္ဂအထူးသံတမန်မှ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုကို အရပ်ဘက်လူထု အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချလိုက်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ရုပ်သိမ်းရန် အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ အဖွဲ့အစည်း ၈၆၄ ဖွဲ့က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံအတွင်း ဆိုးရွားလှသော လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် (UN Secretary-General) အနေဖြင့် ၎င်းကိုယ်တိုင် မြန်မာနိုင်ငံနှင့်ပတ်သက်သော အခန်းကဏ္ဍတစ်ခု တာဝန်ယူပြီး တိကျပြတ်သားသော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ ကတိကဝတ်ကို ပြသရန် မိမိတို့မှ တောင်းဆိုလိုက်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */