" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အဆင့်မြင့်ပညာ. Show all posts
Showing posts with label အဆင့်မြင့်ပညာ. Show all posts

Tuesday, November 29, 2022

ရိုဟင်ဂျာကျောင်းသားတွေ အဆင့်မြင့်ပညာသင်ယူခွင့် ပိတ် ပင်ခံထားရဆဲ

RFA
လွတ်လပ်တဲ့အာရှအသံ
29-11-2022 

၂၀၂၁ - ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ထားသည့် ရိုဟင်ဂျာကျောင်းသားတစ်ဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတွေ့ရစဉ်။RFA

ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားတဲ့ ရိုဟင်ဂျာ ကျောင်းသား တွေဟာ အဆင့်မြင့်ပညာ တက္ကသိုလ်တွေနဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် ဘာသာရပ်တွေ သင်ကြားခွင့် ပိတ်ပင်ခံထားရပါတယ်။ 

နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (GTI)၊ အစိုးရနည်းပညာကောလိပ် (GTC)၊ ကျောက်ဖြူပညာရေးကောလိပ် (KEC) ကျောင်းတွေအပြင် စစ်တွေတက္ကသိုလ်မှာပါ အသက်မွေးဝမ်း ကျောင်း ဘာသာရပ်ဖြစ်တဲ့ ဥပဒေဘာသာရပ်တွေကို သင်ကြားခွင့် ပိတ်ပင်ခံထားရတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ - ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ပေါက်တောမြောက် ဦး၊ မင်းပြား စတဲ့မြို့နယ်တွေမှာ ရိုဟင်ဂျာကျောင်းသားပေါင်း ၆၀၀ ကျော် အောင်မြင်ခဲ့ပေမယ့် တစ်ယောက်မှ အဲဒီတက္ကသိုလ်တွေကို တက်ခွင့်မရကြတာလို့ ရိုဟင်ဂျာကျောင်းသားတွေက ပြောပါတယ်။ 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */