" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မွတ်စလင်ဒုက္ခသည်. Show all posts
Showing posts with label မွတ်စလင်ဒုက္ခသည်. Show all posts

Wednesday, February 28, 2024

ကျောက်ဖြူ မွတ်စလင်ဒုက္ခသည် တစ်ရာကျော် စစ်သင်တန်းတက်ဖို့ ဖိအားပေးခံနေရ

RFA
RFA Burmese

2024.02.27

ကျောက်ဖြူမြို့ ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည်စခန်း အဝင်လမ်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည် တစ်ရာကျော် စစ်သင်တန်းတက်ရောက်ဖို့ ထပ်မံဖိအားပေးခံနေရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

Friday, May 5, 2023

စစ်ကောင်စီ၏ ပြန်လက်ခံရေးအစီစဉ် ရိုဟင်ဂျာကိုယ်စား လှယ် အဖွဲ့ လာရောက်လေ့လာ

ဧရာဝတီ
5 May 2023 

မောင်တောမြို့နယ်အတွင်းသို့ လာရောက်လေ့လာကြသည့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့ 


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း စစ်ကောင်စီ စီစဉ်ထားသည့် ဒုက္ခသည် ပြန်လည်လက်ခံရေး ပြင်ဆင် ထားမှုအပေါ် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့ ယနေ့ လာရောက် လေ့လာကြည့် ရှု့ သည်။

အဆိုပါ အဖွဲ့တွင် ဒုက္ခသည်ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေးကော်မရှင်နာရုံး (Refugee, Relief and Repatriation Commissioner- RRRC) မှ တာဝန်ရှိသူများ ဦးဆောင်ကာ မွတ်စလင်ဒုက္ခသည်ကိုယ်စား လှယ် အဖွဲ့ဝင်၂၀ ဦး အပြင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ အရာရှိအပါအဝင် တာဝန်ရှိသူ ၇ဦ လိုက်ပါ လာခဲ့ ကြောင်းလည်း မောင်တောခရိုင် ရှိဌာနဆိုင်ရာ ဝန်ထမ်းတဦးက ဆိုသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */