" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဆောက်ပေးမည်. Show all posts
Showing posts with label ဆောက်ပေးမည်. Show all posts

Thursday, December 24, 2020

၂ဝ၁၇ ခုနှစ်အရေးအခင်းအတွင်း မီးထဲပါသွားသည့် မောင်တောမြို့နယ်မှ နေအိမ်အလုံး၅ဝဝကို UEHRD က ဆောက်ပေးမည်

နိရဉ္စရာ၊
ဆောင်းဇာခြည်
ဒီဇင်ဘာ ၂၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ၂ဝ၁၇ ခုနှစ် အရေးအခင်းအတွင်း မီးလောင်ပျက်စီးသွားသည့် ကျေး  ရွာနှင့် ရပ်ကွက်များမှ မူဆလင် ကျေးရွာသားများအတွက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူ အညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) က နေအိမ်များ ဆောက် လုပ် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကျေးရွာနှင့် ရပ်ကွက်များမှာ မောင်တောမြို့ရှိ မြို့မအရှေ့ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ငါးခူရ၊ ကျောက် လှေ ကား၊ သီဟိုကျွန်းကျေးရွာ၊ ပဒင်း၊ အလယ်သံကျော်၊ ကျားခေါင်းတောင်ကျေးရွာ တို့ဖြစ်ကြောင်း၊ တစ် ဖက်နိုင်ငံသို့ ထွက်မပြေးဘဲ ကျန်နေခဲ့သူများ၏ နေအိမ်များဖြစ်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုး အောင်က ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */