ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက် ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်တွင် ရိုဟင်ဂျာ ၉ ဦးဖမ်း ဆီးခံခဲ့ရကြောင်း မြို့ခံများထံက သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊အမှတ် ၃ လမ်းမကြီး၊ ပုလဲလမ်းဆုံမှတ်တိုင်အနီးရှိ အမှိုက်ကန်အနီး တွင် ရခိုင်ပြည်နယ်ဘက်မှလာသည့် ရိုဟင်ဂျာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း သိရှိရသည်။


မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အမှတ် (၃) လမ်းမတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ကိုးဦးအား တွေ့ရစဉ်။