BBC
၂၈ နိုဝင်ဘာ ၂၀၂၄
၇၉ ကြိမ်မြောက် ကုလ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးမှာ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကိစ္စတိုးမြှင့်လုပ်ဆောင်ရေးအတွက် ဂမ်ဘီယာတရားရေးဝန်ကြီး၊ အမေရိကန် Global Criminal Justice ကမ္ဘာလုံးဆိုင်ရာသံအမတ်ကြီးနဲ့ IIMM အကြီးအကဲတို့နဲ့ အတူ စက်တင်ဘာ ၂၆ ရက်မှာ ဆွေးနွေးပွဲ ပြုလုပ်နေတဲ့ ဦးအောင်ကျော်မိုး
မြန်မာစစ်တပ်ကို ရိုဟင်ဂျာအရေးကနေ ပိတ်ဆို့ဒဏ်ခတ် အရေးယူနိုင်မယ်ဆိုရင် ဒါက တစ်နိုင်ငံလုံးရဲ့ အောင်ပွဲဖြစ်လာလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဘီဘီစီကို ပြောပါတယ်။