ဧရာဝတီ
20 May 2023 မုန်တိုင်းကြောင့် ပျက်ဆီးသွားသော စစ်တွေအနီးရှိ မွတ်စလင် ဒုက္ခသည်စခန်း / AFP
အင်အားအလွန့်အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ရာချီ သေဆုံး ခဲ့သလို သန်းနှင့်ချီသော ပြည်သူများ မုန်တိုင်းဒဏ်သင့်ခဲ့ကြသည်။ ထိုထဲတွင် ထိခိုက်သေဆုံးမှု အများဆုံးမှာ စစ် တွေမြို့နယ်တွင် ရှိသည့် ရိုဟင်ဂျာ ဒုက္ခသည်များ ဖြစ်သည်။
ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် သေဆုံး၊ ပျက်စီးမှု များပြားခဲ့ခြင်းအပေါ် ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်း အဖွဲ့ ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင်က ဧရာဝတီကို ဖွင့်ဟပြောဆိုချက် ဖြစ်သည်။