" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတ်ဖြတ်ခံရ. Show all posts
Showing posts with label သတ်ဖြတ်ခံရ. Show all posts

Wednesday, August 16, 2023

အာဆာခေါင်းဆောင်ဟောင်းတစ်ဦး ဒုက္ခသည်စခန်းအ တွင်း သတ်ဖြတ်ခံရ

BBC
၁၅ သြဂုတ် ၂၀၂၃,

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခု
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇား ဒုက္ခသည်စခန်း အမှတ် ၁၁ မှာ သြဂုတ် ၁၀ ရက် မနက်ပိုင်းမှာ အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (ARSA) တပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦး ကို သတ်ဖြတ်ခဲ့တယ်လို့ စခန်းမှာနေထိုင်သူအချို့က ပြောပါတယ်။

Saturday, July 8, 2023

ICC ရှေ့နေလာရောက်ပြီးနောက် ရိုဟင်ဂျာဒုက္ခသည် ငါးဦး သတ်ဖြတ်ခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဇူလိုင်၊ ၂၀၂၃

A part of Balukhali refugee camp in Cox’s Bazar, Bangladesh. After fleeing Myanmar, Rohingya refugees live in flimsy and congested bamboo and tarpaulin shanty colonies in Bangladesh. 
 


ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ICC အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးက ရှေ့နေတဦးလာ ရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ စခန်းတွင်းပစ်ခတ်မှုတွေဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည် ၆ ဦးသေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးသူ ငါးဦးဟာ ARSA အဖွဲ့ဝင်တွေဖြစ်ကြပြီး သေဆုံးသူတွေထဲ ARSA တပ်မှုးတဦးပါဝင်တယ်လို့ စခန်းလုံခြုံရေးယူထားတဲ့ ရဲတပ်ရင်း ပြောခွင့်ရသူ Faruq Ahmed က ပြောပါတယ်။ အဲဒီနောက်စခန်းတွင်းမှာ လုံခြုံရေးကို တင်းကြပ်ထားတယ်လို့ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ စခန်းအတွင်း ပြိုင်ဖက်ရိုဟင်ဂျာအဖွဲ့နှစ်ခုဖြစ်ကြတဲ့ ARSA ရိုဟင်ဂျာလွတ်မြောက်ရေးတပ်နဲ့ RSO ရိုဟင်ဂျာသွေးစည်းညီညွတ် ရေးအဖွဲ့နှစ်ခုအကြား အပြန်အလှန်တိုက်ခိုက်မှုတွေရဲ့ နောက်ဆုံးအခြေအနေတရပ်ဖြစ်ပါတယ်။ သောကြာနေ့ မနက် လင်းအားကြီးပိုင်းမှာ ပစ်ခတ်မှုဖြစ်ပြီး ငါးဦးသေဆုံးခဲ့ရတာပါ။

Tuesday, January 17, 2023

ဘင်္ဂလားဒေ့ရှ်ဘက် စခန်းတွေက ရိုဟင်ဂျာတွေ ခြိမ်းခြောက် သတ်ဖြတ်ခံရမှုတွေရှိနေ

B B C

ဘီဘီစီမြန်မာပိုင်း
၁၇ ဒီဇင်ဘာလ ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်အတွင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာအရေး၊ လူ့အခွင့် အရေးဆောင် ရွက်သူ Rohingya Society for Peace and Human Right(ARSPH) အဖွဲ့ဝင်တွေအပေါ် ခြိမ်းခြောက်တာ၊ ပစ်မှတ်ထားသတ်ဖြတ်တာတွေ ရှိလာတယ်လို့ ကိုယ်တိုင် သတိပေးခံရသူတွေက ပြောလာ ပါ တယ်။

သူတို့အပြောအရ အာဆာလို့လူသိများတဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် အဖွဲ့ဝင်တွေ ဘက်က ပြန်လုပ် လာ တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက်နေ့က လည်း စခန်းအမှတ် ၈ နဲ့ စခန်းအမှတ် ၁၅ တို့က ရိုဟင်ဂျာခေါင်းဆောင်သူတွေ လည်းဖြစ်တဲ့ ARSPH အဖွဲ့ဝင် ၂ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။

Saturday, October 8, 2022

ဘူးသီးတောင်မှာ ရိုဟင်ဂျာကျောင်းဆရာတစ်ဦး သတ်ဖြတ် ခံရ

RFA
Radio Free Asia
2022.10.08

ပစ်သတ်ခံလိုက်ရသည့် ဂူတာပြင်ရွာခံ ဦးရှေကုလ်။ Photo: Wai Wai Nu Facebook
 

ဦးရှေကုလ်အစ္စလာမ်ဟာ ဂူတာပြင်ကျေးရွာမှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ကြောင့် စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းက ဂူတာပြင်ကျေးရွာ နေအိမ် က အိမ်မွေးတိရိစ္ဆာန်တွေကို အစာသွားကျွေးပြီးအပြန် ပစ်ခတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်သတ်ခံရသူ အသက် ၄၅ နှစ်အရွယ် ဦးရှေကုလ်အစ္စလာမ်ဟာ အဲဒီရွာက ကလေးတွေကို စေတနာ့ဝန်ထမ်း စာသင်ပေးနေတဲ့ ပညာတတ်ကျောင်းဆရာတစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */