RFA
RFA Burmese
2024.05.24
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မေလ ၂၄ ရက်နေ့က အိမ်ခြေ ၂ဝဝ ကျော် မီးလောင်ပြာကျသွားပြီး လူ ၅ဝဝ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
RFA
RFA Burmese
2024.05.24
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မေလ ၂၄ ရက်နေ့က အိမ်ခြေ ၂ဝဝ ကျော် မီးလောင်ပြာကျသွားပြီး လူ ၅ဝဝ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
Arakan Bay News
tun linn
April 8, 2024
ဒီနေ့ ညနေ ၆နာရီကျော်အချိန်မှာ မြို့သူကြီး နခခ ၅ က အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီး တွေ ပစ်ခတ်ခဲ့တယ်။ အခုတော့ ကြိမ်ချောင်းရွာ မီးလောင်နေတာကို ကျနော်တို့ မြင်ရတယ် ဟု ဒေသခံတစ်ဦးကဆိုသည်။
VOA
ဆုမွန်
၁၅ ဇန်နဝါရီ၊ ၂၀၂၄
ပြီးခဲ့တဲ့သီတင်းပတ် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း(၅) မီးအကြီးအကျယ်လောင်ကျွမ်းမှုမှာ အိမ်ခြေ တ ထောင်ကျော်နဲ့ စာသင်ကျောင်း ၂၀ကျော် မီးထဲပါသွားလို့ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ကြရပါတယ်။ မီးလောင်မှုနောက်ဆုံးရအခြေအနေတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။
Myanmar Now
AFP
January 8, 2024
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၇ မနက်အစောပိုင်းက မီးလောင်မှု ကြောင့် အိမ်ခြေ ၈၀၀ကျော် ပျက်စီးသွားပါတယ်။ ကူတူပါလောင်စခန်း အမှတ် ၅ က အဲ့ဒီမီးလောင်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။ ၂၀၁၇ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကြောင့် ရခိုင် ပြည်နယ်က ရိုဟင်ဂျာတွေ လူသန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရကာ နိုင်ငံမဲ့ဘဝနဲ့ ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ နေထိုင်ရင်း အခုလို ဘေးအန္တရာယ်တွေနဲ့လည်း မကြာခဏ ကြုံတွေ့ နေ ရပါတယ်။
VOA
ဗွီအိုအေ (မြန်မာဌာန)
၀၉ ဇန်နဝါရီ၊ ၂၀၂၄
ဇန်နဝါရီလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းတခု မီးလောင်ရာမှာ စာသင်ကျောင်း ၂၀ မီးထဲပါသွားတဲ့အတွက် အနည်းဆုံး ကျောင်းသား ၁,၅၀၀ ပညာမသင်နိုင် ဖြစ်သွားကြရပါ တယ်။ ရိုဟင်ဂျာ ကလေး ၃,၅၀၀ လည်း နေစရာမဲ့သွားခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ပညာရေး ရံပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ပြောလိုက်ပါတယ်။
BBC
၂၀၂၄ ဇန္နဝါရီလ(ရ)ရက်။
VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၇ ဇန်နဝါရီ၊ ၂၀၂၄
RFA
RFA Burmese
2024.01.07
၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းနေသည့် မြင်ကွင်း။ Photo: UNHC
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီလ ၇ ရက် ဒီကနေ့ မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေ ၈၅ဝ လောက် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူတွေအိပ်မောကျနေချိန် မနက်အစောပိုင်း တစ်နာရီလောက်မှာ အမှတ် (၅) ဒုက္ခသည်စခန်းကနေ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက်လေးနာရီကျော်မှာမှ မီးထိန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အိမ်ခြေ ၈၅ဝ ကျော် လုံးဝမီးလောင်ပျက်စီးသွားတာကြောင့် ဒုက္ခသည်ပေါင်း ၇ဝဝဝ ကျော်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကထုတ်ပြန်ပါတယ်။
ခေတ်သစ်မီဒီယာ
Yangon Khit Thit News Agency
November 26, 2023
Myanmar Now
ရောင်နီ
November 25, 2023
သီတင်းတစ်ပတ်ကြာ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ယနေ့ (နိုဝင် ဘာ ၂၅)၊ မွန်းလွဲ ၁၂ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ မြို့တွင်းရပ်ကွက်များ မီးလောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
Western News|
နိုဝင်ဘာ ၂၄-၂၀၂၃
စစ်ကောင်စီ နေဗီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းမြို့မဈေး တစ်ခုလုံးမီးလောင်ပြာကျ သွား (ရုပ်သံ)
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့မဈေးဟာ စစ်ကောင်စီ နေဗီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဈေးတစ်ခု လုံး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA
RFA Burmese
2023.05.08
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာရှိတဲ့ ကြိမ်နီပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မေလ ၇ ရက် ညနေကနေ ည ၉ နာရီခန့်အထိ မီးလောင်ကျွမ်းခဲ့တာကြောင့် နေအိမ်ပေါင်း ၁၈၅ လုံးဟာ မီးလောင်ပျက်စီးသွားတယ်လို့ ရိုဟင်ဂျာ တွေက RFA ကို ပြောပါတယ်။
ထမင်းချက်ရာကနေ မတော်တဆမီးလောင်ခဲ့တာလို့ အဲဒီစခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးလှမောင်က RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည် သိန်းချီခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဘာလုခါလီဒုက္ခသည်စခန်းမှာ ဒီကနေ့နေ့လယ်ပိုင်းက စလို့ မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်နေပါတယ်။ အရှိန်ပြင်းပြင်းနဲ့ မီးလောင်ကျွမ်းမှု ပြင်းထန်လွန်းတဲ့အတွက် မီးဘေးလွတ်ရာကို ပြေးခဲ့ရတဲ့ မူဆလင်ဒုက္ခသည်မိသားစုတွေ အခုအချိန်အထိ လူစုကွဲနေကြသလို စခန်းတွင်းက ဒုက္ခ သည်တွေ ခိုလှုံရာ အိုးအိမ် စာသင်ကျောင်းနဲ့ ဆေးဝါးရိက္ခာထားတဲ့ အဆောက်အဦးတွေအပါအဝင် ပစ္စည်းပျက်စီးဆုံးရှုံးမှုကလည်း အတော်လေးကို ဆိုးဆိုးရွားရွားအခြေအနေမှာ ရှိနေတယ်လို့ ကိုယ်တိုင်မီးဘေးသင့်ခဲ့ရသူ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ဗွီအိုအေကိုပြောပြပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။