Showing posts with label ဦးသိန်းစိန်. Show all posts
Showing posts with label ဦးသိန်းစိန်. Show all posts

Monday, January 6, 2020

ရိုဟင်ဂျာမရှိကြောင်းကို ဦးသိန်းစိန်ဂါရဝပြုပွဲ၌ ကမ်ပိန်းပြု လုပ်

မြန်မာတိုင်းမ်နေ့စဉ် 
တီအမ်ဇက်
06 JAN 2020
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား ပြည်သူများက ဂါရဝပြု တွေ့ဆုံပွဲကျင်းပနေစဉ်။ဓာတ်ပုံ - USDP
   
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား ပြည်သူများက ဂါရဝပြု တွေ့ဆုံပွဲကို ဇန်နဝါရီ ၅ ရက် ညနေပိုင်း က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင်ပြုလုပ်ခဲ့ရာ တက်ရောက် လာသူ များက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ' NO ရိုဟင်ဂျာ' ကမ်ပိန်းကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

Friday, November 15, 2019

အာဂျင်တီးနားတွင် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရ

ဧရာဝတီ 
15 November 2019
ဒေါ်အောင်ဆန်းစုကြည်သာမက ယခင်သမ္မတ ဟောင်းဦးသိန်းစိန်ကိုလည်း အမှုတွင် အမည်ဖော်ပြထားသည်

နိုင်ငံတော်အတိုင်ပင်ခံဘဝ မရောက်မီ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဗိုလ်ချုပ်ကြီးများကို ဆန့်ကျင်သောကြောင့် နေအိမ်အကျယ်ချုပ် ၁၅ နှစ်နေခဲ့ရပြီး နိုင်ငံတကာရှိ လူ့အခွင့်အရေးအဖွဲ့များက သူရဲကောင်း အဖြစ် ချီးမြှောက်ခဲ့ကြသည်။

Friday, September 14, 2018

ဦးသိန်းစိန် အစိုးရ နှင့်ဝန်ကြီးအဖွဲ့၊ တိုင်းနှင့် ပြည် နယ် အပါအဝင်

( ဦးသိန်းစိန် ) နိုင်ငံတော် သမ္မတနှင့် အစိုးရ အဖွဲ့ ကျမ်းသစ္စာကျိန်ဆို၊ ပြည်ထောင်စု ဝန်ကြီး များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး များ၏ ဝန်ကြီးများ အမည်စာရင်း ထုတ်ပြန်

နေပြည်တော်၊ မတ် ၃၀ ။ ။ ရွေးကောက်တင်မြှောက်ခံ သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယသမ္မတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာ စိုင်းမောက်ခမ်း တို့သည် ပြည်ထောင်စုလွှတ်တော် အမတ်များ ရှေ့မှောက် တွင် ယနေ့ နံနက်ပိုင်းက နေပြည်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုကြကြောင်းသိရသည်။ ယင်း ကျမ်းသစ္စာ ကျိန် ဆိုပွဲကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ ဖျက်သိမ်းပွဲ နှင့်အတူ ကျင်းပပြုလုပ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာများကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လွှဲပြောင်း ပေးလိုက်ကြောင်း သတင်းများက ဆိုသည်။

Saturday, July 15, 2017

လက်တွေ့ကျကျ စဉ်းစားချင်တဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ရဲ့ ရခိုင်အရေး အမြင် အပိုင်း – ၂


ဧရာဝတီ
အောင်ဇော်
အင်တာဗျူး
15 July 2017

အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် / စိုးထွန်းသိန်း / ဧရာဝတီ

မြန်မာပြည်ရဲ့ အနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်နေခဲ့တဲ့ ဘင်္ဂါလီ အခြေချနေထိုင်သူများအရေးဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများရဲ့ နိုင်ငံရေးဖိအားပေးမှုတွေ ပိုမိုတိုးလာနေပါတယ်။ တဖက်မှာလည်း ပြည်တွင်း အတိုက်အခံတွေရဲ့ ဖိအားကိုလည်း ရှောင်လွှဲမရပဲ ဖြစ်ပြီး ဘေးကျပ်နံကျပ် အနေအထား ရောက်နေရပါတယ်။ ဒီနာတာရှည် ပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်ပြီး ချည်းကပ် အဖြေရှာဖို့ လိုတယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်ခဲ့ပြီး စင်ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူမှာ လေ့လာဆည်းပူး သုတေသနခဲ့တဲ့ ဦးရဲထွဋ်က ဧရာဝတီ သတင်း ဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောခဲ့ပါတယ်။ ဒုတိယပိုင်း အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်နေခဲ့တဲ့ ဘင်္ဂါလီ အခြေချနေထိုင်သူများအရေးဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများရဲ့ နိုင်ငံရေးဖိအားပေးမှုတွေ ပိုမိုတိုးလာနေပါတယ်။ တဖက်မှာလည်း ပြည်တွင်း အတိုက်အခံတွေရဲ့ ဖိအားကိုလည်း ရှောင်လွှဲမရပဲ ဖြစ်ပြီး ဘေးကျပ်နံကျပ် အနေအထား ရောက်နေရပါတယ်။ ဒီနာတာရှည် ပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်ပြီး ချည်းကပ် အဖြေရှာဖို့ လိုတယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်ခဲ့ပြီး စင်ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူမှာ လေ့လာဆည်းပူး သုတေသနခဲ့တဲ့ ဦးရဲထွဋ်က ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောခဲ့ပါတယ်။ ဒုတိယပိုင်း အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Thursday, July 13, 2017

လက်တွေ့ကျကျ စဉ်းစားချင်တဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ရဲ့ ရခိုင်အရေး အမြင် အပိုင်း – ၁

ဧရာဝတီ
အင်တာဗျူး
13 July 2017

အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် (ဓာတ်ပုံ - စိုးထွန်းသိန်း/ဧရာဝတီ)
 

မြန်မာပြည်ရဲ့ အနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဘင်္ဂါလီ အခြေချနေထိုင်သူများအရေးဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများရဲ့ နိုင်ငံရေးဖိအားပေးမှုတွေ ပိုမိုတိုးလာနေပါတယ်။ တဖက်မှာလည်း ပြည်တွင်း အတိုက်အခံတွေရဲ့ ဖိအားကိုလည်း ရှောင်လွှဲမရပဲ ဖြစ်ပြီး ဘေးကျပ်နံကျပ် အနေအထား ရောက်နေရပါတယ်။ ဒီနာတာရှည် ပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်ပြီး ချည်းကပ် အဖြေရှာဖို့ လိုတယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်ခဲ့ပြီး စင်ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူမှာ လေ့လာဆည်းပူး သုတေသနလုပ်ခဲ့တဲ့ ဦးရဲထွဋ်က ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောခဲ့ပါတယ်။ အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */