" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အစ္စ​ရေး — ဟားမတ်ဇ် စစ်ပွဲ. Show all posts
Showing posts with label အစ္စ​ရေး — ဟားမတ်ဇ် စစ်ပွဲ. Show all posts

Wednesday, October 11, 2023

အစ္စ​ရေး — ဟားမတ်ဇ် စစ်ပွဲ

 အောက်တိုဘာ ၂၀၂၃...
စစ်ဖြစ်​နေပြီဟု အစ္စ​ရေးဝန်ကြီးချုပ်က ​ပြောကြား — 

အောက်တိုဘာ ၇ ရက်၊ စ​နေ​နေ့တွင် ဂါဇာကမ်း​မြှောင် ​ဒေသ အ​ခြေစိုက် ပါလက်စတိုင်း ဟားမတ်ဇ် အကြမ်း ဖက် အဖွဲ့ က အစ္စ​ရေးနိုင်ငံအား လျှပ်တပြက် အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ဟားမတ်ဇ်အဖွဲ့ ၏​ပြော ကြားချက်အရ ဒုံးကျည်​ပေါင်း ၅၀၀၀ ​ကျော် (အစ္စ​ရေးစစ်ဖက်က ၂၅၀၀ ​ကျော်ဟု ဆို​နေပြီး အ​နောက်တိုင်းမီဒီယာ များက ဒုံးကျည် ၃၃၀၀ မှ ၃၅၀၀ အကြား ပစ်ခတ်ခဲ့ဟု ဖော်ပြ​နေကြ ) ကို အစ္စ​ရေး​တောင်ပိုင်းရှိ မြို့များ၊ လူ​နေရပ် ကွက်များ၊ စစ်စခန်းများထံ ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ​ထို့အပြင် ​သေနတ်သမား အ​မြောက်အများ သည်လည်း ဂါဇာကမ်း​မြှောင်ဒေသမှ ​နေ၍ အစ္စ​ရေးနယ်​မြေထဲသို့ ထိုး​ဖောက်စိမ့်ဝင်ကာ စစ်​ရေးနှင့် အရပ်ဖက်ပစ် မှတ်များကို တိုက်ခိုက်ခဲ့ကြသည်ဟု ဟားမတ်ဇ် အဖွဲ့ က ထုတ်ပြန်ထားသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */