Showing posts with label ARSA. Show all posts
Showing posts with label ARSA. Show all posts

Monday, October 13, 2025

ARSA ပစ်ခတ်မှုကြောင့် မောင်တောဒေသခံတဦးသေဆုံး

နိရဥ္စရာ
အောက်တိုဘာ ၁၁/၂၀၂၅ 

ရခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်းမှာ အောက်တိုဘာ ၁၁ ရက် ဒီနေ့ညနေပိုင်းက အကြမ်းဖက် ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ဒေသခံ ရခိုင်ကယ်ရီသမား တစ်ဦး သေဆုံး ခဲ့သည်ဟု ဒေသခံများက နိရဉ္စရာ သတင်း ဌာနကို ပြော သည်။

မောင်တောတွင် ARSA နှင့် RSO တို့ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

DVB
October 13, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ လိပ်ရခွဆုံအနားမှာ ရိုဟင်ဂျာလက်နက်ကိုင် ARSA နဲ့ RSO အဖွဲ့ဝင် ၁၀ ယောက်က ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အကျင့်ပျက် BGB အရာရှိများက ARSA နှင့် RSO အဖွဲ့များကို စစ်ရေးဆိုင်ရာ အကူအညီပေးနေ၍ အရေးယူပေးရန် AA ထပ်မံ တောင်းဆို

Western News
အောက်တိုဘာ ၁၃

■ အကျင့်ပျက် BGB အရာရှိများက ARSA နှင့် RSO အဖွဲ့များကို စစ်ရေးဆိုင်ရာ အကူအညီပေးနေ၍ အရေးယူပေးရန် AA ထပ်မံ တောင်းဆို

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB ထဲမှ အကျင့်ပျက်အရာရှိအချို့မှာ စစ်ရေးဆိုင်ရာ အချက်အလက်များ ပံ့ပိုးကူညီပေးနေ၍ လက်ရှိ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအနေဖြင့် ထိရောက်စွာ အရေးယူပေးရန် ထပ်မံတောင်းဆိုကြောင် AA က ထုတ်ပြန်သည်။

Friday, October 10, 2025

ARSA နှင့် AA တိုက်ပွဲကြောင့် နယ်စပ်တလျှောက်တွင် BGB တပ်ဖြန့်ထား

DMG
By Admin
10 Oct 2025

 ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖြစ်နေသည့် မွတ်ဆလင်လက်နက်ကိုင်တပ် (ARSA) နှင့် အာရက္ခတပ်တော် (AA) တို့၏ တိုက်ပွဲကြောင့် နယ်စပ်တစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က တပ်ဖြန့်ထားကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများက ဖော်ပြသည်။

၂၀၂၄ ခုနှစ်အတွင်း တွေ့ရသည့် BGB တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - BGB

ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖြစ်နေသည့် မွတ်ဆလင်လက်နက်ကိုင်တပ် (ARSA) နှင့် အာရက္ခတပ်တော် (AA) တို့၏ တိုက်ပွဲကြောင့် နယ်စပ်တစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က တပ်ဖြန့်ထားကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများက ဖော်ပြသည်။

Thursday, October 9, 2025

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ AA နှင့် ARSA တိုက်ပွဲဖြစ်

DVB
October 9, 2025
 

ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေမှာ ရိုဟင်ဂျာ လက်နက်ကိုင် (ARSA) တပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) တို့ အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောခရိုင်အတွင်းရှိ ဒေသခံပြည်သူတွေကို ချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ လုယက်ငွေညှစ်တာ၊ ပြန်ပေးဆွဲတာနဲ့ မိုင်းခွဲတိုက်ခိုက်တာတွေကိုပါ ဆက်တိုက်ကျူးလွန်လာနေတယ်လို့ ဆိုပါတယ်။

Thursday, October 2, 2025

အကူအညီ ဖြတ်တောက်မှုကြား တရားမျှတမှုကို ရိုဟင်ဂျာများ ကုလသမဂ္ဂတွင် တောင်းဆို

ဧရာဝတီ
2 October 2025

၂၀၁၉ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတခုအတွင်း ၂၀၁၇ သတ်ဖြတ်မှုများ ၂ နှစ်ပြည့် အခမ်းအနားကျင်းပစဉ်/AFP

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် မြန်မာမှ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းဝင်များသည် ဖိနှိပ်ခံ မွတ်ဆလင်လူနည်းစု၏ ဒုက္ခများကို အာ ရုံစိုက်မှုရရန်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြသည်။

မောင်တောနယ်စပ်မှာ အရိုးကျနေတဲ့အလောင်း ၆ လောင်းတွေ့တယ်လို့ အေအေပြော

BBC
၂ အောက်တိုဘာ ၂၀၂၅

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ရခိုင်ပြည်နယ်(မြောက်ပိုင်း)က မောင်တောမြို့နယ်၊ အထက်အင်းချောင်းရွာအနီးမှာ ဘယ်သူဘယ်ဝါနာမည်မဖော်နိုင်သေးတဲ့အလောင်း ၆ လောင်းကို တွေ့ထားတယ်လို့ အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(အေအေ)က အောက်တိုဘာလ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Tuesday, September 30, 2025

ARSA နဲ့ RSO ကို ထောက်ပံ့တာမရှိဘူးလို့ BGB ပြော (ရုပ်/သံ)

ဧရာဝတီ
30 September 2025

 

အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့ (RSO) အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က လက်ခံပြီး ထောက်ခံအားပေးနေတယ်ဆိုတဲ့ အာရက္ခတပ်တော် AA ရဲ့ စွပ်စွဲချက်ကို BGB ကငြင်းဆန်လိုက်ပါတယ်။

Sunday, September 28, 2025

နယ်စပ်အရေး ပြေလည်စေမယ့်နည်းလမ်းတွေ အမြန်ဆုံးရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်ကို အေအေ တောင်းဆို

BBC
၂၈ စက်တင်ဘာ ၂၀၂၅,
 

မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကိုသိမ်းပိုက်အပြီးတွေ့ရစဉ် (ပုံဟောင်း)

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ အာရကန် ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်(ARSA)နဲ့ ရိုဟင်ဂျာ သွေးစည်းညွတ်ရေးအဖွဲ့(RSO)လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကို ထောက်ပြပြီး ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ နှစ်ဖက်ပြေလည်စေမယ့်နည်းလမ်းတွေ အမြန်ဆုံးရှာဖွေပြီး အာရက္ခတပ်တော်(AA)က တောင်းဆိုလိုက်ပါတယ်။

Thursday, September 25, 2025

AA နှင့် ရိုဟင်ဂျာ မွတ်စလင်အရေး လေ့လာကြည့်ခြင်း

ဧရာဝတီ
ဗညားအောင်
သူ့အတွေး သူ့အမြင်
24 September 2025

ဩဂုတ်လ ၃၀ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် မွတ်စလင်အသိုင်းအဝိုင်း ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်/Arakan Princess Media

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) / ရက္ခိုင့်တပ်တော် (AA) သည် စစ်အာဏာရှင်များကို စစ်ရေးအရ တိုက်ခိုက်ချေမှုန်းရန် သူ၏ အင်အားများကို စည်းရုံး၊ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်ပြီး ရခိုင်ပြည်နယ်သို့ စွန့်လွှတ်စွန့်စား ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခြင်းကို တဆင့်ချင်း အပင်ပန်းအဆင်းရဲခံ လုပ်ဆောင်ခဲ့ရသည်။

ARSA က စခန်းသိမ်းတယ်ဆိုတာ မဟုတ်ဘူးလို့ AA ပြော (ရုပ်/သံ)

ဧရာဝတီ
24 September 2025   

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ အာရက္ခတပ်တော် (AA) ရဲ့အဓိကအခြေစိုက် စခန်းတခုကို အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးAA ကငြင်းဆိုလိုက်ပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်းက AA အခြေစိုက်စခန်းစခန်းတခုကို တပတ်ကျော်ကြာတိုက်ခိုက်ခဲ့ပြီး စခန်းကို ရရှိလိုက်တာလို့ စက်တင်ဘာလ၂၂ ရက် နေ့က ထုတ်ပြန်တဲ့ ARSA ရဲ့ထုတ်ပြန်ချက်အပေါ်အခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းတခုလုံးကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AA ဟာ စစ်ကော်မရှင်တပ်တွေ မရှိတော့တဲ့ နောက် ARSA နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တွေရဲ့တိုက်ခိုက်မှုတွေ ခံနေရတယ်လို့ဆိုပါတယ်။

Link : Here 

Monday, September 22, 2025

မောင်တောမြို့နယ်မှာ AA နှင့် ARSA တိုက်ပွဲပြင်းထန်နေ၊ AA တပ်စခန်းတစ်ခုကို သိမ်းပိုက်ထားဟု ARSA ထုတ်ပြန်

Western News
စက်တင်ဘာ ၂၃ 

ရခိုင်ပြည်၊ မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ အာရက္ခတပ်တော် AA နှင့် ARSA လက်နက်ကိုင်တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း နှစ်ဖက်စလုံးထုတ်ပြန်ချက်အရ သိရ သည်။ 

Sunday, September 21, 2025

ARSA နဲ့ RSO တပ်ဖွဲ့တွေ AA ကိုဝင်တိုက် (ရုပ်/သံ)

ဧရာဝတီ
20 September 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ အာရက္ခတပ်တော် (AA) ရဲ့ တပ်စခန်းကို မွတ်ဆလင်လက် နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ပြောပါတယ်။

မွတ်စလင် လက်နက်ကိုင်တပ်တွေဖြစ်တဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့ (RSO) တွေက စက်တင်ဘာလ ၁၈ ရက်နေ့ညမှ စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဧရာဝတီနဲ့ သီးသန့်အင်တာဗျူးမှာ ထည့်သွင်း ပြောဆို သွားတာပါ။

အာဏာသိမ်း စစ်တပ်ကို တိုက်နေရတဲ့ AA ဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးကိစ္စတွေ ဆောင်ရွက်နေရချိန်မှာ ဘင်္ဂလားဒေ့ရှ် အရာရှိတချို့ရဲ့ နောက်ကွယ်က တွန်းအားနဲ့ စိမ့်ဝင်လာတဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ ဝင်တိုက်မှုကို ကြုံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

#မြန်မာ #ဧရာဝတီ #AA #ARSA #RSO #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Link : Here

 

Wednesday, July 30, 2025

ဘင်္ဂလာဒေ့ရှ်နယ်စပ်တွင် AAနှင့် လက်နက်ကိုင်တပ်အချို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြ

နိရဉ္စရာ၊ 
ဇူလိုင် ၂၉/၂၀၂၅

ဘင်္ဂလာဒေ့ရှ်- ရခိုင်နယ်စပ် မိုင်တိုင်အမှတ် ၄၃ နှင့် ၄၉ အကြားတွင် အာရက္ခတပ်တော် (AA) နှင့် လက်နက်ကိုင်တပ်ဖွဲ့အချို့ လွန်ခဲ့သော သောကြာနေ့ကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသတွင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများဖြစ်ကြသည့် ဘင်ဒရိုဘင်နယူးစ်နှင့် ကော့စ်ဘဇားနယူးစ်တို့တွင် ဖော်ပြကြသည်။

Friday, May 16, 2025

Ata Ullah: Rohingya freedom fighter or war criminal?

Dhaka Tribune
John Quinley III
Publish : 16 May 2025,



Everyone should be held accountable for the atrocities they commit. Respect for international law is not optional, and true justice cannot be selective .
                                                                   

“The brutal military government has treated the Rohingya like animals -- that’s what we are fighting against,” Ata Ullah Abu Ammar Jununi, commander-in-chief of the Arakan Rohingya Salvation Army (ARSA), recalled the military’s genocidal attacks in 2016 and 2017.

Tuesday, March 25, 2025

What militant’s arrest means for Rohingyas’ future

ARAB NEWS
Dr. Azeem Ibrahim
March 23, 2025 

Rohingya refugee carries a food ration sack on his back from a distribution center in Cox's Bazar. (AP)

The arrest by Bangladeshi police of Ataullah Abu Ammar Jununi, the leader of the Arakan Rohingya Salvation Army, on the outskirts of Dhaka last week marks a significant turning point in the ongoing conflict in Myanmar. Ataullah’s capture raises critical questions about the future of Rohingya militancy, the shifting dynamics in Rakhine State and the prospects for stability in the region.

Monday, March 24, 2025

ARSA ခေါင်းဆောင် အဖမ်းခံရအပြီး မွတ်စလင် လက်နက် ကိုင်တွေ ပြိုကွဲသွားနိုင်လား

ဧရာဝတီ
သူ့အတွေး သူ့အမြင်
စွယ်တော်
22 March 2025 

ARSA ခေါင်းဆောင် အတာအူလာ(ဝဲမှ တတိယ) ကို ဘင်္ဂလားဒေ့ရှ် ရဲက ဖမ်းပြီး စုံစမ်းစစ်ဆေးရန် တရားရုံးတွင် ရမန်ယူစဉ်/bdnews24.com


အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ၏ ထိပ်သီးခေါင်းဆောင် အာတာအူလာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ခြောက်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မတ်လ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများကို ကိုးကား၍ မြန်မာမီဒီယာများက ဖော်ပြချက်အရ သိရသည်။

Sunday, March 23, 2025

ARSAနှင့် RSO ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ဟု Fortify Rights ထုတ်ပြန်

လူထုနွေဦး
အီယိုရီ/People’s Spring 

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိင်ငံရှိ ရိိုဟင်ဂျာဒုက္ခသည်စခန်းများတွင်စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အစီရင်ခံစာထုတ်ပြန်ခဲ့

အာတာအူလာ နှင့် အာဆာ ​အဖွဲ့ဝင်များကို ရုံးထုတ်လာစဥ်။ဓါတ်ပုံ-risingbd

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိိုင်ငံရှိ ရိိုဟင်ဂျာဒုက္ခသည်စခန်းများတွင်စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ကမ္ဘာကျော် ပြဿနာ အရှုပ်ထုပ်ဖန်တီးရှင် (သို့မဟုတ်) အာတာအူလာ ကျရှုံးခန်း

Western News
2025-03-23


လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ကြီးလေးသည့် ဘေးထွက်ဆိုးကျိုးနှင့် ကြောက်မက်ဖွယ်အကြမ်းဖက်မှု စစ်ပွဲ ကြီးတစ်ခုကို ရခိုင်ပြည်တွင် ဖန်တီးပုံဖော်ခဲ့သူမှာ အာတာအူလာဟု ဆိုလျှင် သံသယဝင်မည်လော။

Friday, March 21, 2025

ARSA ခေါင်းဆောင် အာတာအူလာနေရာတွင် နောက်တစ်ယောက် အစားထိုးခန့်အပ်သည်ဟု သတင်းထွက်

DMG
21 Mar 2025

ပြီးခဲ့သော ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံလိုက်ရသော ARSA တပ်ဖွဲ့ခေါင်းဆောင် အာတာအူလာနေရာတွင် မော်လာနာဘော်ဟန်း ဆိုသူကို အစားထိုးခန့်အပ်ထားသည်ဟု သိထားရ ကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

ပုံစာ - ARSA အဖွဲ့ခေါင်းဆောင် အာတာအူလာ ပုံဟောင်း။ ဓာတ်ပုံ - X

ပြီးခဲ့သော ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးခံလိုက်ရသော ARSA တပ်ဖွဲ့ခေါင်းဆောင် အာတာအူလာနေရာတွင် မော်လာနာဘော်ဟန်း ဆိုသူကို အစားထိုးခန့်အပ်ထားသည်ဟု သိထားရကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */