" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ယူကရိန်း၊. Show all posts
Showing posts with label ယူကရိန်း၊. Show all posts

Saturday, February 26, 2022

■ ယူကရိန်း ခွဲထွက်ရေးပဋိပက္ခ ဖြစ်လာရတဲ့ နောက်ခံ အကြောင်းတရားတွေ


■ ယူကရိန်း ခွဲထွက်ရေးပဋိပက္ခ ဖြစ်လာရတဲ့ နောက်ခံအကြောင်းတရားတွေ


 

ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ဖေဖော်ဝါရီလ ၂၁ ရက် တနင်္လာနေ့မှာပဲ ယူကရိန်းအရှေ့ပိုင်းက မော်စကို ကျောထောက်နောက်ခံပေးထားတဲ့ သူပုန်နယ်မြေတွေရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ကြေညာ   လိုက်ပါတယ်။ ယူကရိန်းအပေါ် ရုရှားဘက်က ကျူးကျော်လာမှာကို စိုးရိမ်နေကြတဲ့ အနောက်အုပ်စုနဲ့ ရုရှား အကြားက တင်းမာမှုဟာ ပူတင်ရဲ့ကြေညာချက်ကြောင့် မီးလောင်ရာလေပင့် ဖြစ်ခဲ့ရပါပြီ။


ယူကရိန်းရဲ့ ဗဟိုချက်မ စက်မှုဇုန်နေရာဖြစ်တဲ့ နိုင်ငံအရှေ့ပိုင်းမှာ ယူကရိန်းတပ်ဖွဲ့တွေနဲ့ ရုရှားကျောထောက် နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေ ထိပ်တိုက်ရင်ဆိုင်နေရတာ ၈ နှစ်နီးပါး ရှိနေပါပြီ။ ဒီကာလအတွင်း ပဋိပက္ခတွေကြောင့် သေဆုံးရသူပေါင်း ၁၄၀၀၀ ကျော် ရှိခဲ့ပါတယ်။ နှစ်ဘက်အကြား တင်းမာမှုတွေ မြင့်တက် လာ တာ ရက်ပေါင်းများစွာ ကြာခဲ့ပြီးနောက် အခုလိုမျိုး သမ္မတပူတင်ရဲ့ခြေလှမ်း ပေါ်ထွက်လာတာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */