ဒု-ရဲမှူးကြီး ဦးကျော်ဇောအောင်
|စုစည်းတင်ပြ- လူထုဝဏ္ဏ|
၀၈/ ၀၃/ ၂၀၂၀|
ဆရာမ အာရ်စီ ဂျဘီနာကို ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်တွင် ချီခ်ဒါရ်ဖာရာ (ယခု မြို့မကညင် တန်းရပ်ကွက်)၊ မောင်တောမြို့၊ ရခိုင်ပြည်နယ်၌ ဖခင် ဦးဟာမီဒူရ် ရာဟ်မာန် နှင့် မိခင် ဒေါ်ဟာဇေရာခါတု တို့မှ ဖွားမြင်ခဲ့သည်။ ဖခင်မှာ မူလတန်းပြ ဆရာတစ်ဦးဖြစ်သည်။ မွေးချင်း (၁၁) ယောက်အနက် အကြီးဆုံး သမီးဖြစ် သည်။ သူသည် ပညာတတ်မိသားစုမှ ကြီးပြင်လာခဲ့သဖြင့် ငယ်ရွယ်ကပင် အကျင့်စာရိတ္တကောင်းမွန်သူ၊ စည်း ကမ်းရှိသူ ဖြစ်ခဲ့သည်။
![]() |
| Daw Amina (1899-1987) |
ရိုဟင်ဂျာတော်လှန်ရေးသမိုင်း (၁၉၄၇ မှ ၂၀၁၄ အထိ) သမိုင်းစာအုပ် ရေးသားခဲ့သူ စာရေးဆရာကြီး ရူဟုလ် အာမိန်သည် ရှေးဟောင်း ရခိုင်ပြည်၏ နေပြည်တော်ဖြစ်ခဲ့သော မြောက်ဦးမြို့၏ တောင်ဘက် ၁၅ မိုင်ခန့်ကွာဝေးသော ဂျဇ်ချားရွာတွင် ၁၉၄၆ ခု ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖွားမြင်ခဲ့သည်။ ဖခင်မှာ အဗ္ဗဒူလ်အာဇီးဇ် (ဘ) အာမီရ်အာလီသည် မဇ္ဈိပြည် ဂျာမိယာ ဟူစိုင်နီးယာ၊ ဂျိလ္လာဆောရတ်မြို့မှ ပညာဆည်းပူးခဲ့သူဖြစ်သည်။