Showing posts with label အနာဂတ်. Show all posts
Showing posts with label အနာဂတ်. Show all posts

Wednesday, January 10, 2024

၂၀၂၄ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်ရှေ့မျှော် လင့်ချက်

VOA
ဆုမွန်
၁၀ ဇန်နဝါရီ၊ ၂၀၂၄ 

၂၀၂၃ခုနှစ် တနှစ်လုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အခြေခံစားနပ်ရိက္ခာ တွေဖြတ် တောက်ခံရတာ-စခန်းတွင်းမှာပဲ လုံခြုံရေးအထူးစိုးရိမ်စရာ အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ရင်ဆိုင်ရတာ နေရပ် ပြန်ရေး အစီအစဉ်တွေကလည်း ဖြစ်မြောက်မလာတာ စခန်းတွေကနေစွန့်ခွာပြီး ပင်လယ်ပြင်ကိုဖြတ်ကျော် ဘဝ သစ်ထူထောင်ဖို့ကြိုးပမ်းမှုတွေကလည်း မအောင်မြင်တာလို ကုန်ဆုံးသွားခဲ့တဲ့ ၂၀၂၃က အခက်အခဲစိန်ခေါ်မှုတွေ ကနေ ဒီနှစ်၂၀၂၄ ခုနှစ်အတွက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်မျှော်လင့်ချက်အလားအလာတွေဘယ် လိုရှိ နိုင်ပါသလဲဆိုတာ ရိုဟင်ဂျာတွေရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။

Thursday, March 23, 2023

ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အနာဂတ်

RFA
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2023.03.21

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဆွေးနွေးပွဲတစ်ခု ကျင်းပစဉ်။ALP/Facebook
 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပါတီဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်လို့ ALP ပါတီအတွင်း အပြန်အလှန်စာတွေ ထုတ်ပြန်နေပါတယ်။

ထုတ်ပြန်စာတွေဟာ ALP ပါတီရဲ့ letterhead ခေါင်းစီးတွေ အသုံးပြုထားတာဖြစ်ပါတယ်။

ဒေါ်စောမြရာဇာလင်းဟာ သူ့သဘောနဲ့သူ ပါတီကို ပြန်လည်ဖွဲ့စည်းတာလို့ ပါတီအတွင်းရေးမှူး ခိုင်ကျော်ခိုင်က ဆိုပါတယ်။

Tuesday, September 17, 2019

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်

RFA
လွတ်လပ်တဲ့ အာရှအသံ
17 September 2019

■ ရိုဟင်ဂျာဒုက္ခသည်အများစုက တတိယနိုင်ငံကိုသွားကြဖို့ထက် ကိုယ့်နေရပ်မြန်မာနိုင်ငံဘက်ကိုပဲ ပြန် ချင်နေကြတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးထွန်းခင်ကပြောပါတယ်။

ဒီလကုန်ပိုင်းကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရိုဟင်ဂျာအရေးနဲ့ပက်သတ်ပြီး မြန်မာအစိုးရနဲ့ စစ် တပ်ကိုပိုပြီး ဖိအားပေးရေးဦးထွန်းခင်က တိုက်တွန်းနေတာပါ။ အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ ဗြိတိန်အခြေစိုက်မြန်မာ-ရိုဟင်ဂျာအသင်းရဲ့ ဥက္ကဌ ဦးထွန်းခင်ကို ဝါရှင်တန်ဒီစီ RFA ရုံးချုပ်မှာ စောဖိုးခွား က တွေ့ဆုံမေးမြန်းထားပါတယ်။

လင့္၊ 

Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */