လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး
2020-04-25
ဧပြီလ ၂၅ ရက် ဒီနေ့ကစပြီး အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ရာမဒွါန်ဥပုသ်လကို ရောက် ရှိမှာဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ တစ်ကမ္ဘာလုံးမှာ ကပ်ရောဂါအဖြစ် ကမ္ဘာကျန်းမားရေးအဖွဲ့က ကြေညာထားသလို မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်မှု များလာတာကြောင့် လူစုလူဝေး မလုပ်ဖို့ ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေနဲ့ အစ္စလာမ်သာသနာပညာရှင်တွေ ပူးပေါင်းပြီး ဥပုသ်လမှာ မိမိနေအိမ်မှာဘဲ ဝတ်ပြုဆုတောင်းကြဖို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရောင်နတ်ဗလီ ရှေ့ဆောင်ဆရာ မွဖ် သီအလီက ပြောပါတယ်။
Showing posts with label ဗလီများ. Show all posts
Showing posts with label ဗလီများ. Show all posts
Saturday, April 25, 2020
Monday, January 27, 2020
မြန်မာမွတ်စလင်တွေရဲ့ ဗလီအခက်အခဲ
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-01-24
၁၉၆၂ ခုနှစ်နောက်ပိုင်းက စပြီး မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေအတွက် ဝတ်ပြုဆုတောင်းရာဗလီ ဝတ်ကျောင်းတော်တွေကို တရားဝင်ချပေးတာတွေ မရှိတော့လို့ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဆု တောင်း ဖို့ အခက်အခဲတွေ ရှိလာခဲ့ပါတယ်။
ဒီအခြေအနေက လက်ရှိ NLD အစိုးရ လက်ထက်မှာ အဆိုးဆုံးအခြေအနေကို ရောက်လာနေလို့ ဗလီဝတ် ကျောင်းတွေ ဆောက်ခွင့်ပေးဖို့၊ ပိတ်ထားတဲ့ ဗလီတွေပြန်ဖွင့်ခွင့်ရဖို့ အစ္စလာမ်ဘာသာဝင်တွေက တောင်း ဆိုနေကြပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
လင့်၊https://www.rfa.org/burmese/multimedia/mosques-in-myanmar-01242020165317.html

Thursday, November 14, 2019
ရခိုင်မှာ ပိတ်သိမ်း၊ ဖျက်ဆီးခံဗလီနဲ့ ဘာသာရေးစာသင် ကျောင်း ၉၀၀ ဝန်းကျင်ရှိ
လွတ်လပ်တဲ့အာရှအသံ ( RFA )
ကျော်လွင်ဦး
2019-11-14
၂၀၁၂ အဓိကရုဏ်းနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာရေးစာသင်ကျောင်းတွေနဲ့ ဗလီတွေ ဖျက်ဆီးခံရတာတွေ၊ ပိတ်သိမ်းခံရတဲ့ အရေအတွက် ၉၀၀ ဝန်းကျင် ရရှိတယ်ထားတယ်လို့ အပိတ်ခံ ဗလီ တွေ ပြန်ဖွင့်ရေးကြိုးပမ်းနေတဲ့အဖွဲ့က ပြောပါတယ်။
တစ်နိုင်ငံလုံးမှာ အပိတ်ခံထားရတဲ့ အစ္စလာမ်ဘာသာရေးဝတ်ပြု ဗလီတွေ၊ ဘာသာရေး စာသင်ကျောင်း တွေကို ပိတ်သိမ်းဖျက်ဆီးခံ ဗလီတွေပြန်ဖွင့်လှစ်ခွင့်ရရှိရေးကော်မတီက စာရင်းပြုစုနေပြီးတော့၊ အချက် အလက်တိကျတဲ့ ဗလီအလုံး ၆၀ ကျော်ကို ပြန်ဖွင့်ခွင့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တပ်မတော် ကာ ကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို ပေးပို့ထားတယ်လို့ သိရပါတယ်။
ကျော်လွင်ဦး
2019-11-14
စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာ ၂၀၁၂ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ပျက်စီးသွားတဲ့ ဗလီတစ်လုံးကိုတွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA
၂၀၁၂ အဓိကရုဏ်းနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာရေးစာသင်ကျောင်းတွေနဲ့ ဗလီတွေ ဖျက်ဆီးခံရတာတွေ၊ ပိတ်သိမ်းခံရတဲ့ အရေအတွက် ၉၀၀ ဝန်းကျင် ရရှိတယ်ထားတယ်လို့ အပိတ်ခံ ဗလီ တွေ ပြန်ဖွင့်ရေးကြိုးပမ်းနေတဲ့အဖွဲ့က ပြောပါတယ်။
တစ်နိုင်ငံလုံးမှာ အပိတ်ခံထားရတဲ့ အစ္စလာမ်ဘာသာရေးဝတ်ပြု ဗလီတွေ၊ ဘာသာရေး စာသင်ကျောင်း တွေကို ပိတ်သိမ်းဖျက်ဆီးခံ ဗလီတွေပြန်ဖွင့်လှစ်ခွင့်ရရှိရေးကော်မတီက စာရင်းပြုစုနေပြီးတော့၊ အချက် အလက်တိကျတဲ့ ဗလီအလုံး ၆၀ ကျော်ကို ပြန်ဖွင့်ခွင့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တပ်မတော် ကာ ကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို ပေးပို့ထားတယ်လို့ သိရပါတယ်။
Sunday, November 3, 2019
ပိတ်သိမ်းဖျက်ဆီးခံဗလီ ၁၄၀ စာရင်း အစိုးရထံ အမြန်ဆုံး တင်ပြမည်ဟုဆို
BAMAKHIT
By D Nae Khit
November 3, 2019
By D Nae Khit
November 3, 2019
Photo: ROMEO GACAD / AFP
(ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ ဂျမားဗလီကို တွေ့ရစဉ်)
တိုင်းနဲ့ပြည်နယ် ၁၁ ခုက ပိတ်သိမ်းဖျက်ဆီးခံထားရတဲ့ ဗလီအရေအတွက် ၁၄၀ စာရင်း ရရှိထားပြီဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေထံ အမြန်ဆုံးတင်ပြနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပိတ်သိမ်းဖျက်ဆီးခံ ဗလီများ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်မြင့်က ပြောပါတယ်။
Tuesday, April 2, 2019
ပျက်စီးဗလီများပြင်ဆင်ရေး လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် ဥပဒေအတိုင်းဖြစ်ရန် တာဝန်ယူမည်ဟုဒေါ်အောင် ဆန်းစုကြည် ဂတိပေး
Myanmar Muslim Media
ပျက်စီးဗလီများပြင်ဆင်ရေး လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် ဥပဒေအတိုင်းဖြစ်ရန် တာဝန်ယူမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဂတိပေး ဟိန်းအောင် Myanmar Muslim Media ဧပြီ ၂၊ ၂၀၁၉ ပျက်စီးနေသည့် ဗလီဝတ်ကျောင်းများ...
Subscribe to:
Posts (Atom)