" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အကြံပြုချက်. Show all posts
Showing posts with label အကြံပြုချက်. Show all posts

Tuesday, November 19, 2019

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အ ထည်ဖော်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန
နေပြည်တော် နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၂၀) ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ် ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည် ဖော်ဆောင် ရွက်ရေး ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဌ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးဦးခင်မောင်တင်၊ ကော်မတီအတွင်းရေးမှူး နယ်စပ်ရေး ရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ် ချုပ် သန်းထွဋ်နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

Thursday, May 9, 2019

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အ ကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း သည့် သတင်းစာရှင်းလင်းပွဲကျင်းပ

မြန်မာ့အလင်း သတင်းစာ
ရန်ကုန် မေ ၇
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက် မှုများနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်မြို့ Park Royal Hotel၌ ကျင်းပသည်။ အဆို ပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ဝင်များ၊ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင်များနှင့် အကြံပေးဘုတ် အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးနှင့် အာဆီယံလူသားချင်းစာနာမှု ညှိနှိုင်းရေး မှူးရုံး (AHA Centre) တို့မှ ကိုယ်စာလှယ်များ ၊ ဖိတ်ကြားထားသော နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များကိုယ်စားလှယ်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */