" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြောက်ပိုင်း၊. Show all posts
Showing posts with label မြောက်ပိုင်း၊. Show all posts

Wednesday, May 22, 2024

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အခြေ အနေနှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အခြေအနေနှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက် 

၂၀၂၄ခုနှစ်၊ မေလ ၂၁ ရက်


ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဘူးသီးတောင်ဒေသခံ ရခိုင်နှင့် ဟိန္ဒူပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှု၊ ဘူးသီးတောင်ဒေသခံ ပြည်သူများ၏ နေအိမ်များလောင်ကျွမ်းစေရန် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် ရိုဟင်ဂျာ ပြည်သူများ အပါအဝင် ဒေသခံပြည်သူအများအပြား နေရပ်မှဖိအားပေး ပြောင်းရွှေ့ခံရမှု၊ အများပြည်သူပိုင် အဆောက်အဦးများ ဖျက်ဆီးခံရမှု၊ ကျေးရွာများ မီးရှို့ခံရမှုများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် များစွာ စိုးရိမ်မိပါသည်။ ထို့အပြင် အရေအတွက် အတိအကျ အတည်မပြုနိုင်သော ပြည်သူများ သတ်ဖြတ်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိသည်ဟု စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်မှာ စိတ်ပူစရာ အခြေအနေဖြစ်ပါသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */