" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လွတ်မြောက်. Show all posts
Showing posts with label လွတ်မြောက်. Show all posts

Wednesday, May 8, 2019

ကျောက်တန်းမှ နောက်ထပ် ၃၅ ဦးထပ်မံ လွတ် မြောက် ၊ ၆ ဦးကို စစ်တွေပို့

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၈/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ကျန်ရှိနေသေးသည့် ၈၃ ဦးထဲမှ ၃၅ ဦးကို ယနေ့ ညနေ ၃ နာရီက ပြန်လည် လွတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

၆ ဦးကိုမူ ရေတပ်သင်္ဘောဖြင့် ယမန်နေ့ ညဥ့်အချိန်က စစ်တွေသို့ ယူဆောင်သွားကြောင်း ဒေသခံများက ပြောကြားသည်။

Reuters သတင်းထောက် ၂ ယောက် ပြန်လည် လွတ်မြောက်

Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (မေ၊ ၀၇၊ ၂၀၁၉)

သမ္မတ ဦးဝင်းမြင့်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ဒီကနေ့ ပြန်လွတ်လာသူတွေထဲမှာ ရိုက်တာသ တင်းထောက်တွေ ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပါဝင်ပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုနဲ့ စတင်ဖမ်းဆီးခံရတဲ့ အချိန်ကနေ ရက်ပေါင်း ၅၀၀ ကျော်အကြာမှာ သတင်းထောက် ၂ ဦး ပြန်လွတ်လာတာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */