" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မှူးဇော်. Show all posts
Showing posts with label မှူးဇော်. Show all posts

Monday, March 11, 2019

ရခိုင်ပြည်နယ်အရေးသည် ပြည်ထောင်စုအတွက်ပါ စိုးရိမ်စရာဖြစ်လာကြောင်း ဦးဇော်ဌေးပြော

မြန်မာတိုင်းမ်
မတ်လ ၁၁ ရက်၊ ၂၀၁၉၊ တနင်္လာနေ့

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများကိုပြောကြားနေစဉ်။ထူးသန့်/မြန်မာတိုင်းမ်
ရခိုင်ပြည်နယ်အတွင်း အေအေ၏တိုက်ခိုက်မှုကြောင့် ရဲကင်းစခန်းအချို့ကို ပြန်လည်ရုပ်သိမ်း ရသည့်အခြေ အနေမျိုး အထိဖြစ်ပေါ်လျက်ရှိရာ အဆိုပါအခြေအနေသည် ပြည်နယ်အတွက်သာမက ပြည်ထောင်စု အ တွက် ပါ စိုးရိမ်စရာအနေအထား ဖြစ်လာကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးကပြောသည်။

Saturday, January 19, 2019

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ကိစ္စ ထင်မြင်ချက် မပေးလိုကြောင်း ဦးဇော်ဌေးပြော

သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ၂၀၁၉၊ ဇန်နဝါရီ ၇ ရက်နေ့က သတင်းစာရှင်းလင်းစဉ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ကို ပြတ် ပြတ်သားသား ချေမှုန်းဖို့ပြောဆိုခဲ့ကြောင်း တပ်မတော်က မနေ့က ပြောကြားလိုက်တဲ့အပေါ် အစိုးရ အနေနဲ့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြော လိုက်ပါတယ်။

Thursday, January 17, 2019

ရခိုင်အရေး ဦးဇော်ဌေး ပြောကြားချက် တိုင်းရင်း သားတွေ စိတ်ဝမ်းကွဲစေတာကြောင့် ကန့်ကွက်

ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေးကို စစ်တွေမြို့ ANP ပါတီရုံးချုပ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ကကျင်းပစဉ်

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ ပြောကြားချက်တွေဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်စေတဲ့အပြင် တိုင်းရင်းသား အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှု ဖြစ်ခဲ့တာကြောင့် ကန့်ကွက်ရှုတ်ချ ကြောင်း ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ ဖြစ်မြောက်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက် ပါတယ်။ စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ ANP ပါတီ ရုံးချုပ်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်တစ်မျိုးသားလုံး ညီ ညွတ်ရေးကော် မတီ ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေးကနေ ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ သမ္မ တရုံး ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ကန့် ကွက် လိုက်တာဖြစ်ပါတယ်။

Tuesday, January 8, 2019

ဦးဇော်ဌေး ပြောကြားချက်တွေကို AA ကန့်ကွက်

                                                       ရက္ခိုင့်တပ်မတော် AA ရဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်လို့ ပြောဆိုခဲ့တာတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲပြော ဆို ချက်တွေဖြစ်ကြောင်းနဲ့ ဒါတွေကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို AA က ထုတ်ပြန် လိုက်ပါတယ်။
မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက AA အဖွဲ့ဟာ ၂ဝ၁၈ ဇူလိုင်လအတွင်း ARSA အဖွဲ့နဲ့ ဘင်္ဂ လား ဒေ့ရှ် မှာတွေ့ဆုံခဲ့သလို ARSA နဲ့ AA အကြား လှုပ်ရှားမယ့်နယ်မြေ ခွဲခြားသတ်မှတ်တာတွေ ရှိခဲ့ တယ်လို့ ပြောခဲ့ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */