ဧရာဝတီ
3 September 2023
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မှောင်ခိုလုပ်ငန်းများ ကြီးထွားလာနိုင်
ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် Sonali ဘဏ်က မြန်မာဘဏ်နှစ်ခု၏ အကောင့်များကို ပိတ်လိုက်သဖြင့် နှစ် နိုင်ငံကုန် သည်များ အကြား ငွေပေးချေမှု ခက်ခဲသွားရာ တရားဝင်နယ်စပ် ကုန်သွယ်ရေး ရပ်တန့်၍ မှောင်ခိုလုပ်ငန်းများ ကြီးထွားလာမည့် အခြေအနေ ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ် ( MICB ) တို့၏ ဘဏ်အကောင့်များကို အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း သြဂုတ်လ ဒုတိယအပတ်မှ စတင်ကာ အရေးယူထားကြောင်းထုတ်ပြန်လိုက်ခြင်းဖြစ် သည်။