" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အထောက်အပံ့. Show all posts
Showing posts with label အထောက်အပံ့. Show all posts

Friday, July 21, 2023

အထောက်အပံ့ လျှော့ချမှုကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ စားနပ်ရိက္ခာအခက်ကြုံ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၀ ဇူလိုင်၊ ၂၀၂၃

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း


ဘင်္ဂလားဒေရှ့်နိုင်ငံ Cox’s Bazar မြို့က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို ထပ်မံ လျှော့ချလိုက်တဲ့အတွက် ဒုက္ခသည်တွေ အငတ်ဘေးကြုံနေကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ UNHCR ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီမှာ ငွေကြေးမလုံလောက်တဲ့အတွက် ရိက္ခာထောက်ပံ့မှုတွေကို ၃ လအတွင်း ဒု တိယအကြိမ် လျှော့ချခဲ့ရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stéphane Dujarric က ဗုဒ္ဓဟူးနေ့ က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။
                                                                       

Monday, May 22, 2023

ရန်ပုံငွေ မလုံလောက်မှုကြောင့် ရိုဟင်ဂျာတွေ အထောက်အ ပံ့ ထပ်မံလျှော့ချဖို့ ကုလစီစဉ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၂ မေ၊ ၂၀၂၃
ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းလောက်အတွက် ၃ လအတွင်း ဒုတိယအကြိမ်အဖြစ် စားနပ်ရိက္ခာ အကူညီတွေ ဖြတ်တောက်မယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီ အ စဉ် WFP က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

Wednesday, March 22, 2023

မြန်မာနဲ့ဘင်္ဂလားဒေ့ရ်ှ နောက်ထပ်အကူအညီပေးမယ်လို့ ကန်ကြေညာ

VOA
March 21, 2023
VOA Policy

Blinken Human Rights


ဘင်္ဂလားဒေ့ရှ်နဲ့ဒေသတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားရေးအကူအညီအတွက် ဒေါ်လာ ၂၆ သန်းနီးနီး ထပ်မံကူညီမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မကြာခင်က ကြေညာခဲ့ပါ တယ်။ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွါးနေပြီး ဒါရဲ့သက်ရောက်မှုကိုခံကြရတဲ့ မြန်မာပြည်ကလူတွေနဲ့ မြန်မာ ပြည်ကဒုက္ခသည်တွေကို လက်ခံထားကြတဲ့ ရပ်ရွာအသိုက်အဝန်းအတွက် ဒီရံပုံငွေက အကူအညီပေးမှာပါ။

ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာအကျပ်အတည်းကို အမေရိကန်က ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက စုစုပေါင်း ထောက်ကူနေခဲ့တာက ဒီ ရံပုံငွေအသစ်နဲ့ပါဆိုရင် ဒေါ်လာ၂.၁ ဘီလီယံနီးနီးရောက်သွားခဲ့ပါပြီ။ အဲဒီတုန်းက ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Cox’s Bazar ကို သူတို့လုံခြုံရေးအတွက် ထွက်ပြေး ခဲ့ကြရတာပါ။

Sunday, March 19, 2023

ရိုဟင်ဂျာဒုက္ခသည်တွေကို အထောက်အပံ့ပြန်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

RFA
ခင်ခင်အိ၊ ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.19
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇား ကုတုပါလောင်ဒုက္ခသည်စခန်းတွင် ဘုရားရှိခိုးချိန် တွေ့မြင်ရသည့် မြင်ကွင်းတစ်ခု။AFP

ဗြိတိန်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီအထောက်အပံ့ကို အခုဘတ်ဂျက်နှစ်မှာ ၈၂ ရာ ခိုင်နှုန်း အထိ ဖြတ်တောက်လိုက်တာပါ။

၂၀၁၉-၂၀၂၀ ခုနှစ်မှာ ပေါင် ၁၁၂.၃၆ သန်း ထောက်ပံခဲ့ပေမယ့် ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ၂ဝ.၃၆ သန်းသာ ထောက်ပံတော့မှာ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အထောက်အပံ့ကိစ္စ လွှတ်တော်အမတ်တစ်ဦးက မေးမြန်းခဲ့တာနဲ့ပတ်သက်ပြီး ဗြိတိန်ပါလီမန်မှာ ဖြေကြားခဲ့တာလို့ ဆိုပါတယ်။

Saturday, June 6, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါကုဖို့ ဆေးနဲ့ အထောက်အပံ့တွေ လိုအပ်နေ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
06 ဇွန်၊ 2020
ကုတုပလောင် ဒုက္ခသည်စခန်းတွင်း ဈေးဝယ်နေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (မေ ၁၅၊ ၂၀၂၀)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ လာမယ့်သီတင်းပတ်တွေနဲ့ လတွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြီး ဖြစ်ပွားခဲ့မယ်ဆိုရင် ရောဂါကုသဖို့အတွက် ဝန်ထမ်းတွေနဲ့ ဆေးပစ္စည်း အထောက် အပံ့တွေ လိုအပ်လာနိုင်တယ်လို့ ဒုက္ခသည်စခန်းမှာ အကူအညီပေးနေတဲ့ လူသားချင်းစာနာမှု အ ကူအညီပေးရေး အဖွဲ့တွေက ပြောလိုက်ပါတယ်။ အဲဒီ လိုအပ်တဲ့ အထောက်အပံ့တွေ မရဘူးဆိုရင်တော့ သူ တို့အနေနဲ့လည်း ရောဂါကူးစက်မှု ပြင်းထန်ပြီး အသက်ရှင်ဖို့အတွက် ကုသမှုလုပ်ဖို့ လိုတဲ့လူကို ရွေးချယ်ပြီး ခွဲတမ်းနဲ့ ကုသဖို့ ဆုံးဖြတ်သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */