17 February 2023
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ရိုဟင်ဂျာဒုက္ခသည်များအရေး တုံ့ပြန်မှု ရန်ပုံငွေသို့ ရက် ရက် ရောရော လှူဒါန်းကြပါရန် လူ့အခွင့်အရေးကောင်စီက ခန့်အပ်သော ပညာရှင်များက ကမ္ဘာတစ်လွှားရှိ အလှူရှင်များကို တိုက်တွန်းထားသည်။
“စီစဉ်ထားတဲ့ ရိက္ခာခွဲတမ်း လျှော့ချမှုဟာ ရိုဟင်ဂျာတွေအတွက် အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းပေးနေတဲ့ လုပ်ငန်းစဉ်တွေမှာ ရန်ပုံငွေ ထောက်ပံ့ဖို့ နိုင်ငံတကာအသိုင်းအဝန်းက ပျက်ကွက်နေမှုရဲ့ ဆိုးဝါးတဲ့ အကျိုးဆက်ပါပဲ”ဟု အထူးကိုယ်စားလှယ်နှစ်ဦးက ထုတ်ပြန်ချက်တွင် ဆိုသည်။ “ရာမဇန်ဥပုသ်ရက် မတိုင်မီ သီတင်းပတ်အနည်းငယ်အတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ခွဲတမ်းကို လျှော့ချတော့မှာ ဖြစ်တယ်၊ ဒါဟာ လက်သင့် ခံလို့ကို မရဘူး”ဟု ယင်း ထုတ်ပြန်ချက်က ဖော်ပြသည်။