10 ဇွန်၊ 2019 မေခ
Monday, June 10, 2019
ကျောက်တန်းရွာသားများ သေဆုံးမှုဖြစ်စဉ် လူ့အခွင့် အရေးကော်မရှင် စုံစမ်းပြီး အစီရင်ခံစာပို့
10 ဇွန်၊ 2019 မေခ
Saturday, June 1, 2019
ကျောက်တန်းစစ်ဆေးတွေ့ရှိချက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် လိုအပ်ပါကသမ္မတထံတင်ပြမည်
နိရဉ္စရာ၊ မေလ ၃၁/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ စစ်ဆေး တွေ့ရှိချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပို့ပေးသွားမည် ဖြစ် ပြီး လိုအပ်ပါက သမ္မတထံလည်း တင်ပြမည်ဟု ၎င်းအဖွဲ့ ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးယုလွင်အောင်က ပြောသည်။
Friday, May 17, 2019
ကျည်ဆံထိမှန်၍ ရန်ကုန်တွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့သူ ကျောက်တန်းရွာသားကို ဇာတိမြို့ သို့ ပြန်သယ်ယူပြီး သဂြိုၤလ်
နိရဉ္စရာ၊ မေလ ၁၇/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ကျည်ဆံထိမှန်သူ ၈ ဦးထဲမှ ဒဏ်ရာပြင်း ထန်သဖြင့် ရန်ကုန်ထိ ယူဆောင်ပြီး ဆေးကုသခဲ့ရသူ တစ်ဦးဖြစ်သည့် ဦးအောင်လင်းကျော် (၃၈) နှစ်၏ အလောင်းကို ရန်ကုန်မှ သူ့၏ ဇာတိမြို့ ရသေ့တောင်သို့ ကားဖြင့် ယူဆောင်ပြီး မေလ ၁၆ ရက်နေ့က ဂူသွင်း သဂြိုၤလ်ခဲ့သည်။
Tuesday, May 14, 2019
Monday, May 13, 2019
ရခိုင် ကျောက်တော်နယ်စပ် တိုက်ပွဲပြင်းထန်
ဗွီအိုအေ (မြန်မာဌာန)
၊ကိုနိုင်ကွန်းအိန်
13 မေ၊ 2019
ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးထား တဲ့ထဲက ကျန်ရှိသူအားလုံးကို လွှတ်ပေး
လွတ်လပ်တဲ့ အာရှအသံ
2019-05-13
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
AA အဖွဲ့နဲ့ ပါဝင်ပတ်သက်မှုမရှိဘူးဆိုရင် ပြန်လွှတ်ပေးမယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်အတိုင်း ပြန် လွှတ်ပေးလိုက်တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါ တယ်။ ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးပြီးဖြစ်တာကြောင့် ကျောက်တန်းကျေးရွာမှာ ထိန်းသိမ်း ထားတဲ့သူတွေ မရှိတော့ဘူးလို့လည်း ပြောပါတယ်။
Saturday, May 11, 2019
ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးစစ် ဆေးနေသူတွေ ထဲက ၂၁ ဦးကို ထပ်လွှတ်ပေး
လွတ်လပ်တဲ့ အာရှအသံ
2019-05-11
Friday, May 10, 2019
ဖမ်းဆီးခံ အရပ်သားတွေ သေဆုံးမှု စုံစမ်းဖော်ထုတ်ဖို့ ရခိုင်အမတ်တွေတိုက်တွန်း
Wednesday, May 8, 2019
ရခိုင်မှာ တပ်မတော်ထိန်းသိမ်းထားစဉ် လူ ၆ ဦး သေ ဆုံးမှု စုံစမ်းစစ်ဆေးဖို့ HRW တိုက်တွန်း
Monday, May 6, 2019
ဆရာတော်ကြီး ၇ ပါး ကျောက်တန်းကျေးရွာသို့ သွားရောက်တွေ့ဆုံခွင့်ရ
နိရဉ္စရာ၊ မေလ ၆/၂၀၁၉
(သတင်း/အင်တာဗျူး)
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ စေတီယင်္ဃန ဆရာတော်ကြီး အပါအဝင် စည်းကမ်းထိန်းသိမ်းရေး ရဟန်း တော်အဖွဲ့ (စစ်တွေ) မှ ဆရာတော်ကြီး ၇ ပါးသည် ဝင်ထွက်သွားလာခွင့်ကို တင်းကျပ်စွာ ပိတ်ပင်ထားသော ကျောက်တန်းကျေးရွာသို့ မေလ ၅ ရက်နေ့က သွားရောက်ခွင့်ရခဲ့သည်။
ကျောက်တန်း ဖမ်းဆီးခံထားရသူများအထဲမှ ၄၈ ယောက် ထပ်မံလွတ်မြောက်လာ
နိရဉ္စရာ
နိရဉ္စရာ၊ မေ ၆/ ၂၀၁၉ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ဖမ်းဆီးခံထားရသူ ၁၃၁ ဦးမှ ၄၈ ဦးကို ယနေ့ ညနေ ၃ နာရီခွဲက ထပ်မံ လွတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။
“ အခုနက ဘဲ လွတ်လာပါတယ်။ စုစုပေါင်း ၄၈ ဦးပါ။ ၈၃ ဦးတော့ ကျန်ရှိနေပါသေးတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောကြားသည်။
Thursday, May 2, 2019
တပ်မတော်မှ ပစ်ခတ်၍ ကျောက်တန်းရွာသား ၆ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
နိရဉ္စရာ၊ မေ ၂ / ၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် မြန်မာတပ်မတော်မှ ပစ်ခတ်မှုကြောင့် ကျောက်တန်းရွာသား ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြော သည်။
ကျောက်တန်ဒေသခံအမျိုးသမီးတစ်ဦးက “ မနေ့ကညဉ့် ၂ နာရီ ခန့်မှာ အမြောက်ပစ်ခတ်သံတွေ၊ လက် နက်ငယ် ပစ် ခတ် သံ တွေ ကြားရပါတယ်။ မနက်မိုးလင်းတော့ ရွာသား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာပါတယ်။ သေဆုံးသူ ၆ ဦးရဲ့ အလောင်းတွေကို အိမ်သာ အနီးမှာ တာလပတ်ချာအုပ်ပြီး ပုံထားတယ်လို့ သိရပါတယ်။ တစ်ဦးတစ်ယောက်မှ သွားကြည့်ခွင့်မရပါဘူး” ဟု ပြောကြားသည်။
Wednesday, May 1, 2019
ရခိုင်မြောက်ပိုင်း ကျောက်တန်းကျေးရွာသား သုံးရာ ကျော် စစ်ဆေးမေးမြန်းခံရ
ရသေ့တောင် ရွာသား ၃၀၀ ခန့်ကို တပ်မတော်စစ် ဆေးနေ
လွတ်လပ်တဲ့ အာရှအသံ
2019-05-01
Tuesday, April 30, 2019
ရသေ့တောင် ကျောက်တန်းရွာသားများ နေ့လယ် ၁ နာရီကနေ ညဉ့်အချိန်ထိ ခေါ်ယူစစ်ဆေးခံနေရ
နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၃၀/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ရွာသားများကို စစ်တပ်က စာသင်ကျောင်း တွင် ခေါ်ယူစစ်ဆေးမှုရှိနေကြောင်း ကျေးရွာသားများက ယနေ့ ည ၉ နာရီကျော်က သတင်းပေးပို့သည်။
ကျောက်တန်းကျေးရွာမှ အမျိုးသမီး တစ်ဦးက “ အိမ်တိုင်းကို စစ်ဆေးတာရှိတယ်။ ၅ ယောက်စုပြီး စစ်ဆေး တာလည်းရှိတယ်။ စာသင်ကျောင်းမှာ ခေါ်ယူပြီး စစ်ဆေးတာလည်း ရှိတယ်။ ဒီကနေ့ နေ့လယ် ၁ နာရီက နေ အခု ည ၉ နာရီကျော်ထိ ခေါ်ယူစစ်ဆေးနေပါတယ်။ ထမင်းလည်း မစားကြသေးဘူး။ ထမင်းသွားပို့ရင် လည်း စစ်တပ်က မပို့ရဘူး” ဟု ပြောသည်။
Monday, April 8, 2019
ရိုဟင်ဂျာ ၃၇ ဦး မလေးရှားကမ်းခြေမှာ ဖမ်းဆီးရမိ
Sunday, February 3, 2019
ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲ ဆက်လက်ဖြစ် ပွား
VOA
February 03, 2019 စစ်ရေးပဋိပက္ခတွေပြင်းထန်နေဆဲ ရခိုင်ပြည်နယ်အတွင်း ဒီကနေ့မနက် ရသေ့တောင်မြို့နယ်ဘက်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ တပ်မတော်စစ်ကြောင်းတခုကို ရခိုင်လက်နက်ကိုင် (AA) အဖွဲ့ကနေ ကျောက်တန်း ကျေးရွာ အနီးမှာခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲမှာ မိုင်းခွဲတိုက်ခိုက်မှုတွေ ရှိနေ
Sunday, February 3, 2019
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့ ထီးစွဲကျေးရွာကြား တံတား အနီး ဖေဖော်ဝါရီ ၃ ရက်နေ့မနက် ၁၀ နာရီကျော်လောက်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်ဆိုတာဟုတ်မဟုတ်ကို အတည်ပြု ဆဲဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက DVB ကိုပြော ကြားပါတယ်။ အမည်မဖော်လိုတဲ့ ဒေသခံတဦးကတော့ ကျောက်တန်း ကျေးရွာ နဲ့ ထီးစွဲအကြား တံတား ဘက် ကနေ ပေါက်ကွဲသံတခု တော့ကြားလိုက်ရတယ်လို့ ပြောလိုက်ပါတယ်။
Link : Here
















